တစ်ကျော့ပြန် ရှမ်းမြောက်တိုက်ပွဲများနှင့် ကျောက်မဲမြို့မှ မြေစာပင်များ

တစ်ကျော့ပြန် ရှမ်းမြောက်တိုက်ပွဲများနှင့် ကျောက်မဲမြို့မှ မြေစာပင်များ
Published 30 June 2024

တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်မဲမြို့တွင် ထပ်မံတွေ့ရှိရသည့် အလောင်းများကို သင်္ဂြိုဟ်ရန် သယ်ယူလာသည်ကို ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-CJ)

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ဖြစ်သည့် MNDAA, TNLA, AA သုံးဖွဲ့နှင့် တပ်မတော်တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် အပစ်ရပ် လက်မှတ်ရေးထိုးခဲ့သည့်နောက်တွင် တိုက်ပွဲများ ငြိမ်သက်နေခဲ့ရာမှ ဇွန် ၂၅ ရက် တွင် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့များ၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးဟု ကြေညာကာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် တပ်မတော်စစ်ကြောင်းများ၊ တပ်စခန်းများ နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့များကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ဟိုင်ဂင် သဘောတူညီချက်ဟု အများက ခေါ်ဆိုကြသည့် အပစ်ရပ်စဲရေးလက်မှတ် ရေးထိုးခြင်း မတိုင်မီအထိ ရှမ်းမြောက်ဒေသရှိ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ ဟိုပန် ဒေသ အစရှိသည့် မြို့များကို သိမ်းယူခဲ့သည်။

တရုတ်နိုင်ငံ ကူမင်းမြို့ရှိ ဟိုင်ဂင်ဧည့်ဂေဟာတွင် တပ်မတော်ခေါင်းဆောင်များနှင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့မှ တာဝန်ရှိသူများ သုံးရက်တိုင် တွေ့ဆုံပြီးနောက်တွင် ဟိုင်ဂင် သဘောတူညီချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ် သည်။

ဟိုင်ဂင်သဘောတူညီချက်တွင် ရောက်ရှိသည့်နေရာမှစတင်ပြီး နှစ်ဖက်တပ်များအ ပစ်ရပ်စဲရန်၊ နှစ်ဖက်တပ်များ ပစ်ခတ်တိုက် ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရန်၊ အငြင်းပွားစရာများဖြစ်ပေါ်လာပါက တွေ့ဆုံဆွေးနွေးမှု လမ်းစဉ်ဖြင့်အဖြေရှာရန် အစရှိသည်တို့ပါ ဝင်သည်။

ယင်းသို့ သဘောတူညီချက်များရရှိပြီး နောက်တွင် နောက်ဆက်တွဲတွေ့ဆုံဆွေးနွေး မှုများလည်းရှိခဲ့ပြီး ပစ်ခတ်မှုများ မဖြစ်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးကိစ္စများလည်း ပါဝင် ခဲ့သည်ဟု မီဒီယာအချို့တွင် ဖော်ပြထား သည်။

သို့သော် ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်တွင် မူ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တွင်ပါဝင်သည့် TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့များရှိ တပ် မတော်စခန်းများကို စတင်တိုက်ခိုက်ခဲ့သည်။

ယင်းသို့တိုက်ခိုက်ခြင်းမပြုမီတွင် တပ် မတော်က ဟိုင်ဂင်သဘောတူညီချက်များကို ချိုးဖောက်သည်ဟု TNLA အထွေထွေအတွင်းရေးမှူး တားဘုန်းကျော်က မီဒီယာအချို့ တွင် ပြောကြားခဲ့သည်ကို တွေ့ရသည်။

ယင်းသို့ ပြောဆိုမှုအပြီး တစ်ရက်အကြာ တွင် တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့ခြင်းဖြစ် ရာ TNLA ဘက်က ရိုးသားမှု မရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီ သို့ ပြောကြားထားသည်ကို တွေ့ရသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဆက်ဟု TNLA  က ပြောဆိုထားသည့် ဇွန် ၂၅ ရက်က စတင်ခဲ့သည့် တိုက်ပွဲများတွင် ရှမ်းပြည်နယ် ၏ အဓိကမြို့ကြီးတစ်ခုဖြစ်သည့် လားရှိုးမြို့ ကိုကျော်လွန်ကာ မန္တလေးဘက်ကလာမည် ဆိုပါက ဦးစွာတွေ့ရသည့် နောင်ချို၊ ကျောက် မဲ၊ မိုးကုတ်မြို့များရှိ တပ်မတော်စခန်းများကို တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။

ယင်းသို့တိုက်ပွဲများ စတင်ဖြစ်ပွားခြင်း မပြုမီတွင် တရုတ်နိုင်ငံဘက်မှ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စား လှယ် မစ္စတာတိန့်ရှီးကျွင်းအား ဇွန် ၁၈ ရက် တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ က နေပြည်တော်တွင်လက်ခံတွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံမှုတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ရှိရင်းစွဲဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးတက်ခိုင်မာစေရေး၊ မြန်မာ-တရုတ် နယ် စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပိုမိုမြှင့်တင်နိုင်ရန် ဆက်လက်ပူး ပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံဆက် ဆံရေးနှင့် နှစ်ဖက်အပြန်အလှန်အကျိုးဖြစ် ထွန်းစေမည့်ပူးပေါင်းဆောင်ရွက်မှုများ အ ရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စတို့ အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တိုက်ပွဲများပြန်လည်ဖြစ်ပွားသဖြင့် အ ဓိက ထိခိုက်ခံစားနေရသည်မှာ မြေပြင်မှ ဒေ သခံများဖြစ်သည်။

ရှမ်းမြောက်တိုက်ပွဲများ ပြန်လည်ဖြစ် ပွားသည့် ဇွန် ၂၅ ရက်မှ စတင်ကာသုံးရက်အ ကြာတွင် ကျောက်မဲမြို့ပေါ်ရှိ  နေရာအနှံ့တွင် အရပ်သားများ သေဆုံးခဲ့သဖြင့် မြို့ခံလူမှုကူ ညီရေးအသင်းများက ကောက်ယူကာသင်္ဂြိုဟ် ပေးခဲ့သည်။

“ဒီနေ့လည်း ထပ်တွေ့ပါတယ်။ ကျွန် တော်တို့စာရင်းတော့ သေချာမလုပ်နိုင်သေး ဘူး။ အခု မြို့ပေါ်မှာရှိတဲ့ အလောင်းတွေကို လိုက်လံရှင်းလင်းနေရတယ်” ဟု ကျောက်မဲ မြို့ခံ နမ့်ခုံးရှမ်းများ ပရဟိတအသင်းမှ တာ ဝန်ရှိသူတစ်ဦးက ဇွန် ၂၈ ရက် မွန်းလွဲ ၂ နာရီ ခန့်က ပြောကြားသည်။

အစောပိုင်းရက်များက တိုက်ပွဲများဖြစ် ပွားနေသဖြင့် ကျောက်မဲမြို့ခံများမှာနေအိမ် များမှ ထွက်နိုင်ခြင်းမရှိသကဲ့သို့ လူမှုကူညီရေး အသင်းများမှာလည်း လိုက်လံကူညီခြင်းများ မပြုလုပ်နိုင်ခဲ့ပေ။

ဇွန် ၂၆ ရက်တွင်မူ ကျောက်မဲမြို့ပေါ်၌ အရပ်သားဝတ်စုံများ ဝတ်ဆင်ထားသည့် အ လောင်း ၂၁ လောင်းတွေ့ရှိခဲ့ရပြီး ဒေသခံ ပရဟိတအသင်းများက ကောက်ယူသင်္ဂြိုဟ် ပေးခဲ့ရသည်။

“အရပ်သားအကျႌ ဝတ်ထားတဲ့သူများ တယ်။ မနေ့ကနဲ့ တစ်နေ့က ဖြစ်တဲ့ဖြစ်စဉ်တွေ မှာ သေဆုံးသူတွေလို့ ယူဆရတယ်။ အလောင်း စုစုပေါင်း ၂၁ လောင်းပေါ့။ မြို့ထဲ နေရာအနှံ့ ကပဲ။ နှစ်ရက်တာအတွင်းမှာ တွေ့ရတာပေါ့။ မနက်ကမှ သင်္ဂြိုဟ်လိုက်ရတယ်။ အေးချမ်း သာ သုသာန်မှာပေါ့” ဟု နမ့်ခုံးရှမ်းများ ပရ ဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

ထို့ပြင်ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် နာရေးကူညီမှုအသင်း ကျောက်မဲနှင့် နမ့်ခုံး ရှမ်းများ ပရဟိတအသင်းတို့ ပူးပေါင်း၍ မြို့ပေါ်၌ တွေ့ရှိခဲ့ရသည့် အလောင်းများကို သယ်ယူကာ သင်္ဂြိုဟ်ပေးခဲ့ရသည်။

“မနက်ပိုင်းဆို သေနတ်သံတွေ၊ လက် နက်ကြီးသံတွေကြားရတယ်။ မနက်ပိုင်းဝယ် စရာရှိတာ ခဏဝယ်ပြီးတာနဲ့ အိမ်ကိုပဲတန်း ပြေးရတယ်” ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောကြားသည်။

ဇွန် ၂၈ ရက်တွင်မူ ကျောက်မဲမြို့ပေါ်ရှိ ဒေသခံများ တိမ်းရှောင်ခဲ့ကြရပြီး အနည်းငယ် သာကျန်ရှိတော့သည်ဟု ဒေသခံများထံမှ သိရသည်။

“အိမ်စောင့်လောက်ပဲ ကျန်တော့တယ်။ တော်တော်များများက မြို့ပြင်ဘက်ကို ရှောင် နေကြရတယ်” ဟု ကျောက်မဲဒေသခံတစ်ဦးက ဇွန် ၂၉ ရက်တွင် ပြောကြားသည်။

လက်ရှိတွင် ကျောက်မဲမြို့ပေါ်ရပ် ကွက် များ၌ ရှောင်နေသူအချို့သာရှိကြောင်း၊ ရဲစခန်းနှင့် လက်နက်ကြီးကျည် ကျရောက် နိုင်သည့် လမ်းကြောင်းပေါ်တွင်ရှိသည့်နေရာ အနီးတွင် နေထိုင်သူများမှာ တိမ်းရှောင် ရခြင်းများရှိသည်ဟု ကျောက်မဲမြို့ခံတစ်ဦး က ပြောကြားသည်။

“မြို့ပေါ်က အကုန်လုံးတော့ ရှောင်တာ တော့ မဟုတ်ဘူးပေါ့။ ၉ ရပ်ကွက်မှာဆိုရင် လည်း ရဲစခန်းနဲ့နီးတဲ့နေရာကအိမ်တွေက ရှောင်ကြတာပေါ့။ မြို့ထဲကနေတော့ ရှောင် ပြေးကြတာ မရှိဘူး” ဟု ကျောက်မဲဒေသခံ တစ်ဦးက ပြောကြားသည်။

လက်ရှိတွင်လည်း လက်နက်ကြီးကျည် ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကိုလည်း နီးစပ်ရာဆေးခန်းများနှင့် အငြိမ်းစားဆရာ ဝန်ကြီးများက ကြည့်ရှုစောင့်ရှောက်ပေးနေရ သည်ဟု ကျောက်မဲမြို့ခံ နမ့်ခုံးရှမ်းများ ပရဟိ တအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

“စဖြစ်တဲ့နေ့တုန်းကဆိုရင် ဖုန်းတွေက လည်း တောက်လျှောက်လာတာ။ ကျွန်တော် တို့လည်း အပြင်ထွက်မကူညီနိုင်ဘူးဖြစ်နေ တယ်။ အဲဒီနေ့တုန်းကဆိုရင် ဘယ်သူ့ကိုမှ မကယ်နိုင်ဘူးဖြစ်တယ်။ နောက်ရက်ကျတော့ အပြင်နည်းနည်းထွက်လို့ရတာနဲ့ လိုက်ကူညီ ရတယ်။ ဒဏ်ရာရတဲ့သူတွေကို သွေးတိတ် အောင်လုပ်ပေးရတယ်။ အခုမြို့ပေါ်မှာက ဆေးရုံမှာရော၊ ဆေးခန်းမှာရော ဆရာဝန်မရှိ ဖြစ်နေတယ်။ မြို့ပေါ်က အငြိမ်းစားဆရာဝန် တွေရဲ့အကူအညီနဲ့ လူနာတွေကို ကုသမှုပေး နေရတယ်” ဟု ကျောက်မဲမြို့ခံ နမ့်ခုံးရှမ်းများ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။

လူဦးရေ လေးသောင်းနီးပါးရှိသည့် ကျောက်မဲမြို့ပေါ်တွင် လတ်တလောတွင် လူနာများအတွက် ဆေးဝါးများနှင့် အစားအ သောက်များ ခက်ခဲလာနိုင်သည်ဟု ဒေသခံ များက သုံးသပ်သည်။

“အခုကတော့ မန္တလေးကိုလည်း ဆင်း လို့မရဘူး။ လမ်းမှာကလည်း တိုက်ပွဲဖြစ်တာ တွေရှိနေတော့ ရက်ရှည်လာရင်တော့ စားနပ် ရိက္ခာတွေ ခက်ခဲလာနိုင်တယ်။ ပြီးတော့ လူ နာတွေအတွက် ဆေးဝါးကုသမှုတွေလိုအပ် လာလိမ့်မယ်။ အခုက မန္တလေးဘက်ကိုလည်း ပို့လို့မရတော့ အကြီးစားဒဏ်ရာရတဲ့သူတွေ ကို သေချာမကုသနိုင်ဘူးဖြစ်နေတယ်” ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောကြားသည်။

အလားတူမိုးကုတ်မြို့၊ နောင်ချိုမြို့များ တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည့်အ တွက် အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုများရှိ နေသည်ဟု အဆိုပါမြို့ခံများထံမှ သိရသည်။

“အရေအတွက်ဘယ်လောက်ဆိုတာ အတိအကျမသိဘူး။ အိမ်ထဲကနေလည်း ထွက်လို့မရဘူး။ နေ့တိုင်းနီးပါးလောက်ဖြစ်နေ တာဆိုတော့ ဘယ်လောက်ထိခိုက်သလဲဆို တာ မသိရဘူး” ဟု မိုးကုတ်မြို့ခံတစ်ဦးက ပြောကြားသည်။

TNLA နှင့် PDF ပူးပေါင်းအဖွဲ့များက ဇွန် ၂၅ ရက်မှ စတင်ကာ မိုးကုတ်မြို့သို့ ဝင် ရောက်တိုက်ခိုက်ရာတွင် မိုးကုတ်မြို့အ နောက်ခြမ်းသို့ ဝင်ရောက်နေရာယူထားပြီး ကျပ်ပြင်ရဲစခန်းကို ရရှိရေး အပြင်းအထန် တိုက်ခိုက်ခဲ့သည်ဟု ဇွန် ၂၇ ရက်တွင် သိရ သည်။

အဆိုပါတိုက်ပွဲများကြောင့် ကျပ်ပြင် ရဲစခန်းအနီးတွင် နေအိမ်အချို့ မီးလောင်နေ သည်ဟုလည်း ဒေသခံအချို့က ဆိုသည်။

ထို့ပြင် ဇွန် ၂၇ ရက်တွင် မိုးကုတ်မြို့ အပြင် သီပေါမြို့နယ်ရှိ လုံခြုံရေးစခန်းအ ချို့ကိုလည်း ြွှူဗ ကဝင်ရောက် တိုက်ခိုက် မှုများ ရှိကြောင်း သိရသည်။

လက်ရှိတွင် ရှမ်းမြောက်တစ်ကျော့ပြန် တိုက်ပွဲဧရိယာများမှာ ယခင်ဖြစ်ပွားခဲ့သည့် နေရာများတွင် မဟုတ်ဘဲ မန္တလေးမြို့နှင့်အနီး ကပ်ဆုံးနေရာများသို့ ရောက်ရှိလာခဲ့ခြင်း လည်းဖြစ်သည်။

ယင်းတိုက်ပွဲများကြောင့် ထွက်ပြေးတိမ်း ရှောင်ရသည့်ဒေသခံများလည်း ရှိနေပြီး အ ကူအညီများလည်း လိုအပ်နေပြီဖြစ်သည်။

ဇော်မင်းနိုင်