ကျောင်းဖွင့်ရာသီ ရောက်ပြီ

ကျောင်းဖွင့်ရာသီ ရောက်ပြီ
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့စဉ်
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့စဉ်
Published 2 June 2024

ရန်ကုန်မြို့၏ လမ်းမပေါ်တွင် လူများက ဥဒဟို သွားလာလှုပ်ရှားနေကြသည်။ ထိုသို့ သွားလာလှုပ်ရှားနေ သည့် လူများထဲတွင် အဖြူ အစိမ်း ဆင်တူ ဝတ်ဆင်ထားသည့် ကျောင်းသူကျောင်းသားများကိုလည်း တွေ့ရသည်။ ထိုမြင်ကွင်းသည် ရန်ကုန်မြို့ အတွင်းရှိ ကျောင်းတစ်ကျောင်းရှေ့ မှ မြင်ကွင်းလည်းဖြစ်သည်။

ကျောင်းတက်ချိန်ဖြစ်သောကြောင့် ကျောင်းရှေ့တွင် ကျောင်း သားကျောင်းသူများ၊ မိဘများနှင့် ကားများက ရှုပ်ထွေးနေ၏။

ထိုနေ့သည် ဇွန် ၃ ရက်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက်  အခြေခံပညာ ဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်း အဆင့်နှင့် မူလတန်းအဆင့်ကျောင်း များ စဖွင့်သည့် နေ့လည်း ဖြစ်သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထက်တန်းအဆင့်၊ အလယ်တန်း အဆင့်နှင့် မူလတန်းအဆင့်ကျောင်း များကို ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ် ခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွက် ကျောင်းအပ်နှံရေးသီတင်း ပတ်ကို ပညာရေးဝန်ကြီးဌာနက မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ် မှတ်၍ ကျောင်းအပ်လက်ခံခဲ့သည်။

ကျောင်းအပ်ရာတွင်လည်း ကျောင်းအုပ်၊ ဆရာ ဆရာမအားလုံး နှင့် အရာထမ်း အမှုထမ်းများအနေ ဖြင့် အခကြေးငွေ ကောက်ခံခြင်း/လက်ခံခြင်း၊ ငွေကြေး/လက်ဆောင် ပစ္စည်းတစ်စုံတစ်ရာ လက်ခံခြင်း၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်း ချခြင်း မပြုလုပ်ရန် ပညာရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

“အခြေခံပညာ ကျောင်းအားလုံးဟာ ပညာရေးဥပဒေအရ မသင်မနေရ အခမဲ့ပညာရေးစနစ်ဖြစ်ပါတယ်။ အခြေခံပညာကျောင်းများမှာ အခမဲ့ပညာရေးစနစ်ကို ဖော်ဆောင်နေတာဖြစ်တဲ့အတွက် အခမဲ့ ကျောင်းသုံးပစ္စည်းတွေ ရရှိတဲ့အပြင် ကျောင်းထောက်ပံ့ကြေးနဲ့ ပညာသင် ထောက်ပံ့ကြေးလည်း သတ်မှတ်စံနှုန်း နဲ့အညီ ပေးနေပါတယ်။ ကျောင်းအပ်နှံ ရာမှာ အခမဲ့ဖြစ်တဲ့အတွက် အခကြေး ငွေ ပေးဖို့မလိုပါဘူး။ တကယ်လို့ မလိုလားအပ်တဲ့ ကိစ္စရပ်များ ကြုံ တွေ့ခဲ့ရရင် တိုင်ကြားဆက်သွယ်နိုင် တဲ့ ဖုန်းနံပါတ်များနဲ့ မြို့နယ်၊ခရိုင်၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးများ ကို ဆက်သွယ်တိုင်ကြားနိုင်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင်းရှိ အထက် ကျောင်းမှ တာဝန်ရှိသူတစ်ဦးက      “နိုင်ငံတော်က အခမဲ့ပညာရေး စနစ် အနေနဲ့ အထက်တန်းကျောင်းသား တွေအတွက်ဆိုရင် ကျောင်းသုံးပြ ဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ် တစ်ဒါ ဇင်၊ ဘောပင်လေးချောင်း၊ အလယ် တန်းကျောင်းသားတွေအတွက်ဆို ရင်လည်း ကျောင်းသုံးပြဋ္ဌာန်းစာ အုပ်၊ ဗလာစာအုပ် တစ်ဒါဇင်၊ ဘော ပင်နှစ်ချောင်း၊ ခဲတံနှစ်ချောင်း၊ မူလ တန်းကျောင်းသားကျောင်းသူတွေ အတွက်ဆိုရင် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ခဲတံအပြင် ကျောင်းဝတ်စုံပါ ပါရှိပါတယ်။ နိုင်ငံ တော်က အခမဲ့ပေးတဲ့ ကျောင်းသုံး ပစ္စည်းတွေကို ကျောင်းအပ်တဲ့ကာ လမှာ အချိန်မီရရှိအောင် ဖြန့်ဝေပေး ပါတယ်” ဟု ပြောကြားသည်။

“ကျောင်းသွားအပ်တာ ဗလာစာအုပ်တစ်ဒါဇင်ရယ်၊ ပုံနှိပ်စာအုပ်တွေရယ်၊ ခဲတံလေးချောင်း၊ ကျောင်း ဝတ်စုံတစ်စုံ၊ ကျောင်းတံဆိပ်တွေရယ် ရတယ်။ တစ်ပြားမှ မကုန်ဘူး” ဟု မူလတန်းကလေးမိဘတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ကျေးလက်ဒေသများ၌ အခြေခံပညာ အလယ်တန်းကျောင်း ၁၃၈၇၉ ကျောင်း၊ မူလတန်းကျောင်း ၂၁၅၅၀ ကျောင်းရှိပြီး မြို့ပြဒေသတွင် အခြေ ခံပညာအလယ်တန်းကျောင်း ၁၆၂၆ ကျောင်း၊ မူလတန်းကျောင်း ၃၃၁၈ ကျောင်းရှိသည်။

အလယ်တန်းကျောင်းများ တည်ရှိမှု၏ ကျေးလက်နှင့်မြို့ပြအ ချိုးမှာ ၈ အချိုး ၁ ရှိပြီး မူလတန်း ကျောင်းများတည်ရှိမှု ကျေးလက်နှင့် မြို့ပြအချိုးမှာ ၆ ဒသမ ၅ အချိုး ၁ ရှိသည်။

ကျောင်းအပ်နှံရာတွင် ငါးနှစ် အရွယ် ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရန်နှင့် ခြောက်နှစ်အ ရွယ် ကလေးများကို ပထမတန်း (Grade-1 ) သို့ အပ်နှံရန် ပညာရေးဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွက် ကျောင်းအပ်နှံရေးသီတင်း ပတ်တွင် တိုင်းနှင့် ပြည်နယ်အသီး သီးရှိ အခြေခံပညာကျောင်း၊ ကိုယ် ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ မေ ၂၃ ရက်မှ ၃၀ ရက်အထိ ကျောင်းအပ် နှံသူ ၅ ဒသမ ၉ သန်းကျော်ရှိ ကြောင်း အခြေခံပညာဦးစီးဌာနက ထုတ်ပြန်သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်

ကိုဗစ်ကပ်ရောဂါ ကူးစက်မှု ကြောင့် မြန်မာနိုင်ငံရှိ အခြေခံပညာ ကျောင်းများကို ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်မှ စ၍ ပညာသင်ကြား မှုကို ရပ်နားခဲ့သည်။

ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းများပိတ်လိုက်သည့်အ တွက် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်း သားကျောင်းသူ အားလုံး ပညာသင် နှစ်တစ်နှစ် အောက်ခဲ့ရသည်။

ထို့ပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီလတွင်လည်း နိုင်ငံရေးအပြောင်း အလဲဖြစ်ပွားခဲ့သည့်အတွက် လုံခြုံ ရေးအခြေအနေအရ ပညာသင် ကြားခွင့် ဆုံးရှုံးခဲ့ရသည့် ကျောင်း သားကျောင်းသူများလည်း ရှိခဲ့ သည်။

နစကလက်ထက်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အခြေခံ ပညာအဆင့်ကျောင်းများကို ပြန် လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်နှံ ရေးသီတင်းပတ်ကို ၂၀၂၁ ခုနှစ် မေ ၂၄ ရက်မှ ၃၁ ရက်အထိ သတ်မှတ် ခဲ့သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တွင် ကျောင်းအပ်နှံသူ ၅ ဒသမ ၃ သန်းကျော် လာရောက်အပ်နှံခဲ့ ကြောင်း အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျောင်းအပ်နှံသူ ဦးရေ ၃၅၅၇၇၁ ဦး လာရောက်အပ် နှံခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်

၂၀၂၂ ခုနှစ် ဇွန် ၂ ရက်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်ခဲ့သည်။

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အတွက် အခြေခံကျောင်းများတွင် မေ၂၆ ရက်မှ ကျောင်းအပ်လက်ခံ ခဲ့ပြီး ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံ သူ ၅ ဒသမ ၆ သန်းကျော်ရှိကြောင်း အခြေခံပညာဦးစီးဌာနက ထုတ် ပြန်သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် ကျောင်းအပ်စတင်လက်ခံ သည့် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီး သီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော် ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၅,၆၀၉,၆၇၆ ဦးရှိကြောင်း အခြေခံပညာဦးစီးဌာနက ဆိုသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် နိုင်ငံတစ်ဝန်း ကျောင်းအပ် နှံမှုတွင် ဧရာဝတီတိုင်းဒေသကြီးက ကျောင်းသား ကျောင်းသူဦးရေ ကိုး သိန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး ချင်းပြည်နယ်ကမူ စာရင်းရှိထက် ကျောင်းသား ကျောင်းသူဦးရေ နှစ် သောင်းကျော်သာ ကျောင်းအပ်နှံသ ဖြင့် ကျောင်းအပ်နှံမှုရာခိုင်နှုန်း အ နည်းဆုံးဖြစ်ကြောင်း နစကပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နေပြည်တော်တွင် ၂၀၂၂ ခုနှစ် ဇွန် ၁ ရက်က ပြုလုပ်သည့် နိုင်ငံ တော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ သတင်းစာရှင်းလင်းပွဲ၌ ကျောင်း အပ်နှံမှု အခြေအနေများနှင့်ပတ် သက်၍ ၎င်းင်းက ပြောကြားခဲ့ခြင်းဖြစ် သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် နိုင်ငံတစ်ဝန်းရှိ အခြေခံ ပညာကျောင်းများတွင် မေ ၂၆ ရက် မှစတင်၍ ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံသူ ဦးရေ ၅ ဒသမ ၆ သန်းကျော်ရှိရာတွင် ဧရာဝတီတိုင်းဒေသကြီးက ကျောင်း သား ကျောင်းသူ  ၉၁၇,၇၂၇ ဦး ကျောင်းအပ်နှံခဲ့ခြင်းဖြစ်သည်။

“ဧရာဝတီတိုင်းဒေသကြီးမှာ တော့ ယခင်နှစ်က ၈၃၃,၀၀၀ ကျော် ဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ၉၁၇, ၀၀၀ ကျော်ဖြစ်ပြီး ၁၁၀ ဒသမ ၁၂ ရာခိုင်နှုန်းဖြစ်ပါတယ်။ လက်ရှိအ နေအထားအရ ကျောင်းအပ်နှံမှု အ များဆုံးကတော့ ဧရာဝတီတိုင်းဒေ သကြီးမှာ ၉၁၇,၇၂၇ ဦးနဲ့ ဖြစ်ပါ တယ်။ ချင်းပြည်နယ်မှာတော့ အ နည်းဆုံးဖြစ်ပြီးတော့ ၂၂၀၀၀ ကျော် သာ ကျောင်းအပ်နှံထားကြောင်း တွေ့ရပါတယ်}}ဟု ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောကြားသည်။

တိုင်းဒေသကြီး/ပြည်နယ်အ လိုက် ကျောင်းအပ်နှံမှုစာရင်းအရ ကချင်ပြည်နယ်တွင် ၁၈၇,၀၀၀၊ ကယားပြည်နယ်တွင် ၁၂,၂၂၄ ဦး၊ ကရင်ပြည်နယ်တွင် ၂၁၁,၀၀၀ ကျော်၊ ချင်းပြည်နယ်တွင် ၂၂,၀၄၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၃၈,၀၀၀ ကျော်၊ မကွေးတိုင်းဒေသ ကြီးတွင် ၃၅၅,ဝဝဝကျော်၊ ရန်ကုန် တိုင်းဒေသကြီးတွင် ၆၉,၆၀၀၀ ကျော်နှင့် ဧရာဝတီတိုင်းဒေသကြီး မှာ ၉၁၇,၇၂၇ ဦးကျော်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား သည်။

ရန်ကုန်တိုင်းဒေသကြီးမှာမူ ကျောင်းအပ်နှံသူ ၆၉၆,၀၀၀ ကျော် ဖြင့် ဒုတိယအများဆုံးဖြစ်ခဲ့သည်။

နေပြည်တော်ကောင်စီနယ် မြေတွင်လည်း အခြေခံပညာ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းအ သီးသီး၌ မူလတန်းအဆင့်တွင် ၄၇, ၂၂၀ ဦး၊ အလယ်တန်းအဆင့်တွင် ၁၆, ၉၈၄ ဦးနှင့် အထက်တန်းအဆင့် တွင် ၆,၁၇၆ ဦး စုစုပေါင်း ၇၀, ၃၈၀ ကျောင်းအပ်နှံခဲ့သည်။

အခြေခံပညာကျောင်းများ အန္တရာယ်ကင်းကင်းဖြင့် ဖွင့်လှစ် နိုင်ရေး တပ်မတော်၊ ရဲတပ်ဖွဲ့၊ စစ်မှု ထမ်းဟောင်းများ အပါအဝင် ပြည် သူလူထု ပါဝင်သောစနစ်ဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အ ခြေခံပညာကျောင်းများ အန္တရာယ် ကင်းကင်းဖြင့် ဖွင့်လှစ်နိုင်ရေး တပ် မတော်၊ ရဲတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်း များ အပါအဝင် ပြည်သူလူထု ပါဝင် သောစနစ်ဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ပြောကြားသော်လည်း ကျောင်းသားမိဘများအတွက်မူ ရတက်မအေးနိုင်သည့် အခြေအနေ များက ရှိနေသည်။

အကြောင်းက အခြားမဟုတ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းရှိ စာ သင်ကျောင်း၊ တက္ကသိုလ်/ ကော လိပ်များ ဗုံးခွဲခံရမှု ၅၂၈ ကြိမ်၊ မီးရှို့ ဖျက်ဆီးမှု ၁၂၃ ကြိမ်နှင့် စာသင် ကျောင်းများမဖွင့်ရန် ခြိမ်းခြောက်မှု ၁၁၅ ကြိမ်ရှိခဲ့ခြင်းကြောင်း ဖြစ် သည်။

နှစ်နှစ်အတွင်း လုပ်ကြံသတ် ဖြတ်မှုကြောင့် ဆရာ ဆရာမနှင့် ပညာရေး ဝန်ထမ်း ၆၆ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုသို့သော အခြေအနေများ ရှိသော်လည်း နစက လက်ထက်တွင် ကျောင်းအပ်နှံမှုနှုန်းမှာ တစ်နှစ် ထက် တစ်နှစ် မြင့်တက်လာသည်ကို တွေ့ရသည်။

အခြေခံပညာဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ဦးရေ ၅ ဒသမ ၃ သန်းကျော် ရှိရာက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူဦးရေ ၅ ဒသမ ၆ သန်းကျော် ရှိသည့်အတွက် ကျောင်း အပ်နှံသူဦးရေ သုံးသိန်းကျော် မြင့် တက်လာသည်ကို တွေ့ရသည်။

ထို့အတူ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်တွင် ကျောင်းအပ်နှံသူဦးရေ ၅ ဒသမ ၆ သန်းကျော် ရှိရာမှ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် ကျောင်း အပ်နှံသူဦးရေ ၆ ဒသမ ၄ သန်း ကျော်ရှိသည့်အတွက် ကျောင်းအပ် နှံသူဦးရေ တစ်သန်းနီးပါး မြင့်တက် လာသည်ကို တွေ့ရသည်။

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက် ကျောင်းအပ်နှံရေးသီတင်း ပတ် ကို ပညာရေးဝန်ကြီးဌာနက မေ ၂၃ ရက်မှ ၃၁ ရက်အထိ သတ် မှတ်၍ ကျောင်းအပ်လက်ခံခဲ့ခြင်း ဖြစ်သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက် ကျောင်းအပ်နှံရေးသီတင်း ပတ်တွင် တိုင်းနှင့် ပြည်နယ်အသီး သီးရှိ အခြေခံပညာကျောင်း၊ ကိုယ် ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်း အပ်နှံသူ ၆ ဒသမ ၄ သန်းကျော်ရှိ ကြောင်း အခြေခံပညာ ဦးစီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ကိုဗစ်ကပ်ရောဂါ နှင့် နိုင်ငံရေးအပြောင်းအလဲဖြစ် စဉ်ကြောင့် ကျောင်းအပ်ရာသီတွင် မိဘများအနေဖြင့် မိမိတို့၏ ကလေး များကို ကျောင်းထားရန် သင့် မသင့် ဝေခွဲရခက်ခဲ့သည်။

ထို့ပြင် ကျောင်းအပ်ရာသီ ရောက်ချိန်တွင် အုပ်ချုပ်သူနှင့် တော်လှန်သူ လူတန်းစားနှစ်ရပ်အ ကြား ကျောင်းတက်ခြင်း၊ မတက်ခြင်း ကိစ္စနှင့် ပတ်သက်၍ အပြန်အလှန် လှုံ့ဆော်ပြောကြားမှုများ ရှိသည့်အ ပြင် အွန်လိုင်းပေါ်တွင် ခြိမ်းခြောက် ရေးသားမှုများလည်း ရှိခဲ့သည်။

ကျောင်းသား မိဘများ၏ စိတ် ထဲ၌ ကိုဗစ်ကပ်ရောဂါအရသော် လ ည်းကောင်း၊ နိုင်ငံရေးအခြေအနေ အရသော်လည်းကောင်း ကျောင်း ထားခြင်း မထားခြင်းကိစ္စမှာ ၀ိရောဓိ ဖြစ်ခဲ့ရသည်။

ကမ္ဘာ့ကပ်ဆိုးရောဂါဖြစ်သည့် ကိုဗစ်ကြောင့် ကျောင်းထားရန် မဝံ့ မရဲဖြစ်ကြသလို နိုင်ငံရေးအပြောင်း အလဲဖြစ်ပွားပြီးနောက် ကျောင်း တက်ခြင်း မတက်ခြင်း အငြင်းပွားမှု များကြောင့်လည်း ကလေးများကို ကျောင်းထားရန် မိဘများတွင် စိုးရိမ် စိတ်ကြီးခဲ့သည်။

တစ်ဖက်တွင် နစက,က ကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများကို ကျောင်းအပ်ကြရန် ဆော်သြမှုများရှိ ခဲ့ပြီး တစ်ဖက်တွင်လည်း စစ်ကျွန် ပညာရေးဖြစ်သည့်အတွက် ကျောင်း မတက်ကြရန် လှုံ့ဆော်မှုများ ရှိခဲ့ သည်။ ထိုသို့သောအခြေအနေတွင် ကိုယ့်ကလေးကို ကျောင်းထားခြင်း မထားခြင်းကိစ္စမှာ မိဘများအတွက် ခေါင်းခဲစရာကာလများပင် ဖြစ် သည်။

လက်ရှိအချိန်တွင် နိုင်ငံအ တွင်း မတည်ငြိမ်မှုများရှိနေသည့် အတွက် မိဘများအနေဖြင့် သားသ မီးများကို ကျောင်းထားနေရသော် လည်း ကျီးလန့်စာစားနေရသည်နှင့် တူသည်။

ကျောင်းထားမည်ဆိုလျှင် လုံ ခြုံရေး အခြေအနေအရ စိုးရိမ်မှုများ ရှိပြီး ကျောင်းမထားဖြစ်ပါက ပညာ ရေး၌ မိမိကလေး နောက်ကျကျန်ရစ် ရမည့် အရေးက မိဘများအကြား  ‘ဗျာ’ များနေကြသည်။

“ကျောင်းထားပြန်တော့လည်း လုံခြုံရေးကြောင့် စိုးရိမ်ရတယ်။ ကျောင်းမထားပြန်တော့လည်း ကိုယ့် ကလေး နစ်နာမှာကို စိုးရိမ်ရတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ဆို သည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကိုဗစ်ရောဂါနှင့် ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲကြောင့် ကျောင်းများ ပိတ်ထားရသည့်အတွက် ကျောင်းမ တက်နိုင်သည့် ကလေးအရေအတွက် နှစ်ဆ တိုးသွားပြီး အချို့ဒေသများ တွင် ကျောင်းအပ်နှံမှု ရာခိုင်နှုန်း ၈၀ အထိ လျော့ကျခဲ့ကြောင်း ှလေန အ့န ဃ့ငိူမနည အဖွဲ့က ၂၀၂၂ ခုနှစ် ဇွန် ၁ ရက်တွင် ထုတ်ပြန်သည်။

ကလေးသူငယ် ၇ ဒသမ ၈ သန်း ခန့် ကျောင်းပြင်ပသို့ ရောက်နေ ကြောင်းကိုလည်း save the children  အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း စာသင် ကျောင်းများ၊ ဆရာ ဆရာမများ တိုက်ခိုက်ခံရသည့် ဖြစ်ရပ်များကြောင့် ကျောင်းသားအများစုမှာ ကျောင်းမ တက်ရဲခြင်းဖြစ်ပြီး အချို့ဒေသများ တွင် ကျောင်းအဆောက်အအုံများ မရှိခြင်းကြောင့်လည်း ဖြစ်ကြောင်း save the children  အဖွဲ့က ဆို သည်။

စာသင်ကျောင်း ပြင်ပရောက် နေသည့်  ကလေးငယ်များ ကျောင်း ပြန်တက်နိုင်ရန် မလုပ်ပေးနိုင်ပါက အဓမ္မလုပ်အားပေးခိုင်းစေမှု အပါ အဝင် ငယ်ရွယ်သည့်အချိန်တွင် အိမ် ထောင်ကျသွားသည်အထိ ဖြစ်နိုင် ကြောင်း သတိပေးထားပြီး လက်နက် ကိုင်အဖွဲ့များအနေဖြင့် စာသင်ကျောင်း များအပေါ် တိုက်ခိုက်မှုများ လုံးဝ ရပ်တန့်ရန် save the children  အဖွဲ့က တောင်းဆိုထားသည်။  

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ စတင်ဖြစ်ပွားချိန်က တစ်နိုင်ငံလုံး၌ ကျောင်းများ ပိတ်ခဲ့ရသလို နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ကျောင်းပြန်ဖွင့်သော်လည်း ကျောင်း မတက်လိုက်ရသည့် ကလေးငယ် များလည်း ရှိနေသည်။ ထို့ကြောင့် ကိုဗစ်ကာလနှင့် နိုင်ငံရေးအပြောင်း အလဲကာလကို ဖြတ်ခဲ့ရသည့် ကလေး ငယ်များမှာ အသက်ကြီး၍ အတန်း ငယ်နေကြရသည်။

“ကိုဗစ်ကြောင့် ကျောင်းတွေ ပိတ်တော့ တစ်နှစ်အောက်သွား တယ်။ နောက်နိုင်ငံရေးဖြစ်တော့ ကျောင်းမအပ်တဲ့အတွက် တစ်နှစ် ထပ်အောက် တယ်။ ကိုယ့်ကလေးက အသက်ကြီးပြီး အတန်းက ငယ်နေ တာကြောင့် မနှစ်ကစလို့ ပုံမှန်ကျောင်း ပြန်အပ်ပြီး ထားလိုက်တာ”ဟု ကျောင်း သားမိဘတစ်ဦးက ပြောကြားသည်။

သို့သော် မည်သို့သော အခြေ အနေများရှိစေကာမူ လက်ရှိတွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် ဇွန် ၃ ရက်မှစ၍ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအ ဆင့်ကျောင်းများ ပြန်ဖွင့်နေပြီ ဖြစ် သည်။

Most Read

Most Recent