မလေးရှားရောက် မြန်မာလုပ်သားများ နှင့် အော်ပရာစီ

မလေးရှားရောက် မြန်မာလုပ်သားများ နှင့် အော်ပရာစီ
အော်ပရာစီ စီမံချက်ဖြင့် မလေးရှား အာဏာပိုင်များက မြန်မာအပါအ၀င် ပြည်ပလုပ်သားများကို စစ်ဆေးနေစဉ် (ဓာတ်ပုံ-မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန)
အော်ပရာစီ စီမံချက်ဖြင့် မလေးရှား အာဏာပိုင်များက မြန်မာအပါအ၀င် ပြည်ပလုပ်သားများကို စစ်ဆေးနေစဉ် (ဓာတ်ပုံ-မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန)
Published 16 June 2024

ယခုနှစ် မေလပိုင်းတွင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက မလေးရှားရောက်မြန်မာ လုပ်သားများနှင့် ပတ်သက်ပြီးသတိပေးချက် တခုထုတ်ပြန်ခဲ့သည်။

ယင်းမှာ အလုပ်သမားများ၏အထောက်အထားများကို ကိုယ်နှင့်မကွာ ဆောင်ထားရန်ဖြစ်သည်။

မလေးရှားအစိုးရက အော်ပရာစီ စစ်ဆေးမှုများ နိုင်ငံတစ်ဝန်း အရှိန်မြှင့်လုပ်ဆောင်နေသဖြင့် အထောက်အထားများ ကိုယ်နှင့်မကွာဆောင်ထားရန် မြန်မာလုပ်သားများကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးက သတိပေးထားခြင်းဖြစ်သည်။

 မလေးရှားအစိုးရကနိုင်ငံအတွင်း တရား မဝင်ရောက်ရှိနေသည့် နိုင်ငံခြားသား များ ပပျောက်စေရေး ရည်ရွယ်လျက် စီမံချက် များ ချမှတ်ပြီး OPERASI စစ်ဆေးမှုများကို နိုင်ငံတစ် ဝန်း အရှိန်မြှင့်လုပ်ဆောင်နေသဖြင့် မလေးရှားနိုင်ငံအတွင်း ရောက်ရှိအလုပ်လုပ် ကိုင်နေကြသော မြန်မာနိုင်ငံသားများအနေ ဖြင့် ယခုကာလအတွင်း အသွားအလာများ ဂရုပြုကြရန်နှင့် မဖြစ်မနေခရီးသွားလာ ရ ပါက နိုင်ငံကူး လက်မှတ်နှင့် လိုအပ်သည့် စာရွက်စာတမ်းများကိုလည်း ဥစနမေျင စစ် ဆေးမှုများရှိသည့် အခါတွင် တင်ပြနိုင်ရန်အ တွက် ကိုယ်နှင့်မကွာ ဆောင်ထားကြပါရန် အသိပေးနှိုးဆော်အပ်သည်ဟု မြန်မာသံရုံးက ထုတ်ပြန်ခဲ့သည်။

မလေးရှားအစိုးရ၏ အော်ပရာစီစီမံ ချက်မှာ ယခုနှစ်ကတည်းက စတင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

နှစ်စပိုင်းမှစတင်ကာ မ လေးရှားအစိုး ရက မလေးရှားနိုင်ငံအတွင်း လာရောက်လုပ် ကိုင်လျက်ရှိသည့် မြန်မာလုပ် သားအပါအဝင် နိုင်ငံခြားသားလုပ်သားများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများလာ ခြင်းဖြစ်သည်။

“ အခုက မြန်မာအချင်းချင်း တစုတဝေး တည်းမနေရဲဘူး။ ဘေးပတ်ဝန်းကျင်က လုပ် သားတွေလို့ သိလိုက်တာနဲ့ လဝကကို ဖုန်းနဲ့ လှမ်းအကြောင်းကြားတာနဲ့ တစ်ခါတည်း အော်ပရာစီ ဝင်ကြတာ။ အကုန်လုံးအစစ်ခံရ တယ်” ဟု မလေးရှားနိုင်ငံ ဆလန်ဂေါပြည် နယ် ပူချွန်းဧရိယာတွင် နေထိုင်သည့် မြန်မာ လုပ်သားတစ်ဦးက ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလလယ်ပိုင်းကလည်း မြန်မာနိုင်ငံမှ အဆိုတော် အေမီစျာန်နှင့် မော် ဒယ်တစ်ဦးဖြစ်သည့် ဖူးပွင့်ခိုင်တို့မှာ မလေး ရှားနိုင်ငံ ပီနန်းပြည်နယ် ဘာတာဝပ်ရှိ ကလပ် တစ်ခုတွင် ဖျော်ဖြေပွဲပြုလုပ်စဉ် မလေးရှား အာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာလုပ်သား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရ သည်။

ဇန်နဝါရီ ၁၃ ရက်ညပိုင်းတွင် အဆိုပါ ကလပ်တွင် အဆိုတော် အေမီစျာန်၊ မော်ဒယ် ဖူးပွင့်ခိုင်၊ ဒီဂျေတစ်ဦးဖြစ်သည့် DJ Zoo 3 Y တို့က ဖျော်ဖြေနေစဉ် မလေးရှားအာဏာပိုင် များက ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းကလပ်တွင် မြန်မာနိုင်ငံသား ၂၀၀ ကျော် စစ်ဆေးခံခဲ့ရပြီး ယင်းတို့အနက်မှ အ ဆိုတော် အေမီစျာန်၊ မော်ဒယ် ဖူးပွင့်ခိုင်နှင့် DJ Zoo 3 Y  တို့အပါအဝင် လူ ၃၀ ကျော်အား ဘာတာဝပ်ရဲစခန်းသို့ အချုပ်ကားဖြင့် တင် ဆောင်ကာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်။

အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးခံရသူများ မှာ ဇန်နဝါရီ ၂၀ ရက်အထိ ပြန်လည်လွတ် မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

“အခုက အစစ်အဆေး အရမ်းကြမ်း တယ် မလေးရှားမှာ။ ဆက်တိုက်ကို အော်ပ ရာစီဝင်တယ်။ အလုပ်သမားအများဆုံးရှိတဲ့ နေရာတွေပေါ့။ ဥပမာ အဆောင်လိုနေရာမျိုး တွေ” ဟု မလေးရှားနိုင်ငံတွင် ရောက်ရှိကာ အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောကြား သည်။

မလေးရှားအစိုးရက သူ၏ နိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လုပ်ကိုင်နေသည့် နိုင်ငံ ခြားသားအလုပ်သမားများ မရှိစေရန်အတွက်  အော်ပရာစီစီမံချက်ဖြင့် ဝင်ရောက်စစ်ဆေး ဖမ်းဆီးခြင်းမှာ နှစ်စဉ်လုပ်ကိုင်နေသည့် ကိစ္စ ဖြစ်သည်ဟု မလေးရှားနိုင်ငံတွင် ၁၀ နှစ် ကျော်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာ လုပ်သားတစ်ဦးက ပြောကြားသည်။

“ အော်ပရာစီက နှစ်တိုင်းရှိတယ်။ နည်း တာနဲ့ များတာပဲကွာတာပေါ့။ မလေးအစိုးရ ရဲ့ လုပ်ကိုင်မှုပေါ်မှာပဲ မူတည်တယ်။ တရား မဝင် ဝင်လာတာများတယ်လို့ သူတို့မသင်္ကာ ရင် အော်ပရာစီဝင်ပြီ” ဟု ၎င်းင်းက ပြောကြား သည်။

ထို့ပြင် ပြည်ပလုပ်သားအများစုနေထိုင် သည့် နေရာများတွင် အလုပ်သမားများက စည်းကမ်းမဲ့နေထိုင်ခြင်းများ ရှိလာပါကလည်း ပတ်ဝန်းကျင်တွင်နေထိုင်သည့် မလေးရှားနိုင် ငံသားများက တိုင်ကြားပါက အဖမ်းခံရနိုင် သည်ဟု အဆိုပါမြန်မာလုပ်သားက ပြော ကြားသည်။

“ စည်းကမ်းနဲ့ မနေရင် ပတ်ဝန်းကျင်က တိုင်တာနဲ့ မလေး လဝကနဲ့ ရဲက ဝင်စစ်ရ တယ်။ တိုင်တာကို မစစ်ရင် အဲဒီအပိုင်က ရဲ နဲ့ လဝက အပြုတ်ပဲ။ အဲဒါကြောင့် ရဲကိုတိုင် ပြီဆိုတာနဲ့ မဖြစ်မနေ ဝင်စစ်ရတယ်။ အဲဒီမှာ အကုန်မိတာပဲ။ တရားဝင်အထောက်အထား ရှိရင်တော့ ဘာမှမဖြစ်ဘူး။ မရှိဘူးဆိုရင်တော့ မလေး လဝကအက်နဲ့ အဖမ်းခံရတယ်။တရား စွဲ ထောင်ချခံရမယ်” ဟု ၎င်းင်းက ဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက မလေးရှားနိုင် ငံတွင် အော်ပရာစီ စီမံချက်ဖြင့် တရားမဝင် အလုပ်သမားများမရှိစေရန် အလုပ်သမား များ၏ တန်းလျားများ၊ အဆောင်များကို မလေးရှားအာဏာပိုင်များက ဝင်ရောက်စစ် ဆေးခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လခန့်က မလေးရှားနိုင် ငံ sunway  မြို့တွင် မလေးရှားအာဏာပိုင် များက အော်ပရာစီစီမံချက်ဖြင့် ဝင်ရောက် စစ်ဆေးစဉ် ထွက်ပြေးခဲ့သည့် မြန်မာအလုပ် သမ တစ်ဦး လှေကားပေါ်မှ ပြုတ်ကျကာ သေဆုံးမှုဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ ရန်ကုန်မြို့တွင်နေထိုင် ပြီး မလေးရှားနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်လျက်ရှိသည့် ၂၂ နှစ်အရွယ် မရွှေဇင် ထက်ဖြစ်ပြီး သူမအလုပ်လုပ်ကိုင်နေသည့် စားသောက်ဆိုင်၏ နောက်ဖေးလှေကားမှ တစ်ဆင့် ထွက်ပြေးစဉ် လက်လွတ်ပြီး လှေ ကားပေါ်မှ လိမ့်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။

မရွှေစင်ထက် အလုပ်လုပ်ကိုင်နေသည့် စားသောက်ဆိုင်မှ ရှစ်ဦးခန့်မှာ တရားမဝင် လုပ်သားများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသ ဖြင့် ဖမ်းဆီးခံခဲ့ရသည်။

“အော်ပရာစီ တကယ်ဝင်ရင် မလေးရှား အာဏာပိုင်တွေက သူတို့ဝင်မယ့်နေရာကို ပိတ်လိုက်တာ။ တံခါးပိတ်ထားလို့ ဖွင့်မရဘူး ဆိုရင် တံခါးကို တူနဲ့ထုပြီး ဝင်တယ်။ နံရံကြီး ရှိနေရင်လည်း ဖျက်ပြီးဝင်စစ်တာ” ဟု အော် ပရာစီ စီမံချက်ကို တွေ့ကြုံခဲ့သည့် မြန်မာလုပ် သားတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကလည်း မလေး ရှားတွင် အော်ပရာစီစီမံချက်ဖြင့် ဝင်ရောက် စစ်ဆေးခြင်းများကို မလေးရှားအာဏာပိုင် များက သတင်းထုတ်ပြန်ခဲ့ရာတွင် ဖမ်းဆီးခံရ သူများတွင် ကလေးငယ်များ၊ အမျိုးသမီးငယ် များလည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။

ယခုနှစ်တွင်လည်း မလေးရှားအစိုးရက အော်ပရာစီ စီမံချက်ဖြင့် ဝင်ရောက်စစ်ဆေး ခြင်းများကို စတင်လုပ်ဆောင်လျက်ရှိပြီး လတ်တလောတွင် ဖမ်းဆီးခံရသည့် မြန်မာ လုပ်သားများလည်းရှိနေသည်ဟု မလေးရှား ရောက် မြန်မာနိုင်ငံသားများထံမှ သိရသည်။

ယခုနှစ် ဇွန်လပိုင်းတွင် အစစ်အဆေး နှင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းများ မှာပြီးခဲ့သည့်ကာလများကထက် ပိုမိုများပြား လာသည်ဟု ဆိုနိုင်ကြောင်း မလေးရှားရောက် မြန်မာလုပ်သားများက တညီတညွတ်တည်း ပြောကြားသည်။

“ နေ့တိုင်းနီးပါးလောက်ဖြစ်နေတယ်။ အဓိကဝင်စစ်တာက ပြည်ပလုပ်သားတွေ များတဲ့နေရာတွေမှာပါ။ ဖမ်းဆီးခံရတာတွေ လည်းရှိတယ်။ O (Over Stay)  တွေဆိုဘယ် မှသွားလို့မရဘူး။ ကိုယ့်နေရာမှာတောင် ဘယ်အချိန် အော်ပရာစီဝင်မလဲဆိုတာ စောင့်ကြည့်နေရတယ်” ဟု မလေးရှားနိုင်ငံ ပီနန်မြို့တွင် သွားရောက်အလုပ်လုပ်ကိုင် လျက်ရှိသည့် မြန်မာလုပ်သားတစ်ဦးက ပြော ကြားသည်။

မလေးရှားနိုင်ငံတွင် အလုပ်သွား ရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ် သားအများစုမှာ စက်ရုံ၊ အလုပ်ရုံများနှင့် စားသောက်ဆိုင်၊ စတိုးဆိုင်များတွင် လုပ် ကိုင်လျက်ရှိကြောင်း မလေးရှားရောက်မြန် မာလုပ်သားများထံမှ သိရသည်။

“ အများစုကတော့ စက်ရုံမှာလုပ်ကြ တာ များတယ်။ စားသောက်ဆိုင်တို့ဘာတို့မှာ လုပ် တဲ့သူတွေလည်းရှိတယ်။ အခုကတော့ အော်ပရာစီအသံကြားရင် ညတောင်မအိပ် နိုင်ဘူး ဖြစ်နေရတယ်။ ဖမ်းလည်းဖမ်းတယ်။ တော်တော်လေးကို သတိထားနေရတယ်။ အော်ပရာစီဝင်ရင် တံခါးပိတ်ထားရင် တံခါး တွေကိုပါ ဖျက်ပြီးဝင်စစ်တာ” ဟု မလေးရှား နိုင်ငံ ဆီလန်ဂေါပြည်နယ်ရှိ အလုပ်ရုံတစ်ခု တွင် သွားရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။

ဇွန် ၁ ရက်မှစပြီး မြန်မာအပါအဝင် ရွှေ့ ပြောင်းလုပ်သားများကို ပြည်ဝင်ခွင့်ပိတ်ပင် ကြောင်း မလေးရှားအစိုးရက ထုတ်ပြန်ထား သည်။

မလေးရှားနိုင်ငံသည် ဘင်္ဂလားဒေ့ရှ် နှင့် အခြား ၁၅ နိုင်ငံမှ ရွှေ့ပြောင်းလုပ်သား များကို မေ ၃၁ ရက်နောက်ပိုင်း ပြည်ဝင်ခွင့် ပိတ်ပင်ကြောင်း ကြေညာခဲ့သဖြင့် ဇွန် ၁ ရက်မှစပြီး ရွှေ့ပြောင်းလုပ်သားများသည် မလေးရှားနိုင်ငံအတွင်း ဝင်ခွင့်ရတော့မည်မ ဟုတ်ကြောင်း The Business Standard  သတင်းတွင် ဖော်ပြထားသည်။

ထိုဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင် ဖွယ်မရှိကြောင်း မလေးရှား၏ ဒါကာမြို့တော် ဆိုင်ရာ မဟာမင်းကြီး ဟက်ဇ်နာမက် ဟာ ရှင်မ်က ပြောကြားခဲ့သည်။

မလေးရှားပြည်ထဲရေးဝန်ကြီး ဆာအီ ဖူဒင်နက်ဆူရှင် အစ္စမေးလ်ကမူ ဇွန် ၁ ရက်မှ စပြီး မလေးရှားအစိုးရသည် လက်ရှိ လုပ်သား အင်အား ကန့်သတ်ပမာဏအောက်တွင် ပြည်ပလုပ်သားများကို ဝင်ခွင့်ပြုတော့မည်မ ဟုတ်ကြောင်း ကြေညာခဲ့သည်ဟု New Straits Times  သတင်းတွင် ဖော်ပြခဲ့သည်။

ထို့ကြောင့်ရွှေ့ပြောင်းလုပ်သား ၃၀၀၀၀ ကျော်သည် နောက်ဆုံးရက် သတ်မှတ်ချိန်ကို လွဲချော်ဖွယ်ရှိပြီး မလေးရှားနိုင်ငံ၏ ကွာလာ လမ်ပူလေဆိပ်တွင် ရွှေ့ပြောင်းလုပ်သားများ ဖြင့် ပြည့်နှက်နေခဲ့ကြောင်း CAN သတင်းဌာ နက ဖော်ပြခဲ့သည်။

မလေးရှားအစိုးရသည် ၂၀၂၅ ခုနှစ် အထိ မလေးရှား၏ လုပ်သားအင်အားစုစု ပေါင်းတွင် ပြည်ပလုပ်သားအင်အားပမာဏ ကို ၁၅ ရာခိုင်နှုန်းသာ ကန့်သတ်ခဲ့သည်။

ယခုနှစ် မတ် ၁၅ ရက်အထိ မလေးရှား နိုင်ငံတွင် ပြည်ပလုပ်သားပေါင်း ၂ ဒသမ ၁၇ သန်းအထိ ရှိကြောင်း မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာန၏ မှတ်တမ်းများအရ သိရသည်။

ယခင်နှစ်က ချထားပေးသည့်အလုပ် ခေါ်စာများမှာ များပြားခဲ့ခြင်းကြောင့် ပြန် လည်စိစစ်ရန်ယခုကဲ့သို့ ပိတ်ထားခြင်းဖြစ် သည်ဟု ပြည်ပအလုပ်အကိုင်ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်သည်။

“ အရင်အစိုးရတုန်းကချထားတာများ တဲ့အတွက် ပြန်စစ်နေတဲ့သဘောပေါ့။ ပြီးရင် တော့အလုပ်သမားတွေ ပြန်ခေါ်မယ်လို့ထင် တယ်။ အဲ့ဒါနဲ့ တဆက်တည်း တရားမဝင်လုပ် သားတွေကို ပိုက်စိပ်တိုက်စစ်ဆေးဖမ်းဆီးတာ တွေ ဖြစ်လာတာပေါ့” ဟု ပြည်ပအလုပ်အ ကိုင်ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောကြား သည်။

၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် မြန်မာ နိုင်ငံမှ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ စင်ကာပူအစရှိသည့် နိုင်ငံများသို့ သွားရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာ လုပ်သား များပြားလာခဲ့သည်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အေဂျင်စီအစီအစဉ်ဖြင့်လည်း ကောင်း၊ မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ ခွင့်ပြန်/ PR  ဖြင့်လည်းကောင်း ထိုင်းနိုင်ငံသို့ ၁၁၃၂၀၃၁ ဦး၊ စင်ကာပူနိုင်ငံသို့၅၅၂၅၅ ဦး၊ ကိုရီးယားနိုင်ငံသို့ ၆၆၃၈၇ ဦး၊ ဂျပန်နိုင်ငံသို့ ၆၄၇၂၀ ဦး၊ မလေးရှားနိုင်ငံသို့ ၃၉၀၇၇၇ ဦး အပါအဝင် ပြည်ပနိုင်ငံ ၉၄ နိုင်ငံသို့ သွား ရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၁၇ သိန်းကျော်ကို OWIC ကတ် ပြုလုပ်ခွင့်ပြု ၍စေလွှတ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း အလုပ် သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား သည်။

မလေးရှားနိုင်ငံမှာ စရိတ်စက သက်သာ ခြင်း၊ လုပ်ခလစာ ပိုမိုရရှိခြင်းအချက်များ ကြောင့် သွားရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားများလည်း လက်ရှိအချိန်အ ထိ များပြားလျက်ရှိသည်။

“ မလေးရှားမှာ အလုပ်လာလုပ်ရင် အ နေအထိုင်ကအစ သတိထားရတယ်။ ကိုယ်က သက်တမ်းကုန်သွားလို့ သက်တမ်းမတိုးဘဲ နေရင် နေတဲ့နေရာမှာ ဆူဆူညံညံ လုပ်လို့မရ ဘူး။ ကိုယ်ကမလုပ်ရင်တောင် အတူနေတဲ့ သူတွေက အနေအထိုင်မတတ်ရင် ဘေးက တိုင်လို့ ဝင်စစ်ရင် အဖမ်းခံရမှာပဲ။ အဲဒါ ကြောင့် တရားမဝင်ဖြစ်နေပြီဆိုရင် အနေ အထိုင်ကအစ သတိထားရတယ်” ဟု မလေး ရှားတွင် အလုပ်လုပ်ကိုင်လျက်ရှိသူတစ်ဦးက ပြောကြားသည်။         

ဇော်မင်းနိုင်

Most Read

Most Recent