■ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်

■ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 2 July 2024

◘ ဘရာဇီးလ် - ကိုလံဘီယာ (မြန်မာစံတော်ချိန် ဇူလိုင် ၃ ရက် နံနက် ရး၃၀ နာရီ)

နောက်ဆုံးတွေ့ဆုံထားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း ဘရာဇီးလ်အသင်း ကိုလံဘီယာကို အရေးနိမ့်ထားခဲ့တယ်။ ကိုလံဘီယာအသင်းက ခေတ်သစ်တစ်ခုဆီသွားနေပြီး ပြိုင်ပွဲစုံ (၂၅)ပွဲဆက် ရှုံးပွဲမရှိကာ ပွဲ(၂၀)အထိ အနိုင်ကစားထားတာ တွေ့ရတယ်။ အသင်းခေါင်းဆောင် ဟာမီးစ်ရိုဒရီဂွက်ဇ်ကလည်း အကောင်းဆုံးပုံစံ ပြန်ရနေပြီး အသင်းကို ဦးဆောင်မှုပေးနိုင်တယ်။ တိုက်စစ်ပိုင်းမှာ ဘရာဇီးလ်အသင်း ပိုသာတာမှန်ပေမဲ့ နေရာလိုက်မှာတော့ ကိုလံဘီယာအသင်းကတောင် ပိုပြီးတည်ငြိမ်မှု ရှိနေတယ်။ လမ်းကြောင်းအရ မဟာပြိုင်ဘက် အာဂျင်တီးနားနဲ့ ဗိုလ်လုပွဲရောက်မှ တွေ့ဆုံရမှာဖြစ်ပေမဲ့ ဘရာဇီးလ်အသင်း ဂုဏ်သိက္ခာအရ အုပ်စုပထမနေရာ ယူပြမယ်ထင်တယ်။ ဘရာဇီးလ်ပဲ ကြိုက်တယ်။

◘ ကော်စတာရီကာ - ပါရာဂွေး (မြန်မာစံတော်ချိန် ဇူလိုင် ၃ ရက် နံနက် ရး၃၀ နာရီ)

ကော်စတာရီကာအသင်းကတော့ သချင်္ာနည်းအရ ကွာတားဖိုင်နယ်တက်ဖို့ မျှော်လင့်ချက် ရှိနေသေးတယ်။ ဒါပေမဲ့ မိမိအသင်းက ပါရာဂွေးကို ဂိုးပြတ်သွင်းဖို့လိုပြီး ဘရာဇီးလ်အသင်းကလည်း ကိုလံဘီယာကို ဂိုးပြတ်ရှုံးဖို့လိုလို့ ဖြစ်နိုင်ခြေကတော့ မရှိသလောက်ပါပဲ။ ပါရာဂွေးအသင်းကတော့ အုပ်စုကထွက်ရဖို့ လက်မှတ်ရပြီးသားအသင်းပါ။ အခုပွဲက နှစ်သင်းစလုံး ဂုဏ်သိက္ခာအတွက်ပဲ ဦးတည်ကစားရမယ့် အနေအထားဖြစ်ပြီး ပါရာဂွေးက ခြေစွမ်းပိုသာပေမဲ့ ကော်စတာရီကာ သရေတော့ရမှာပါ။

Most Read

Most Recent