ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ဂိုးသမား အဲလက်စ်ရိုမီရိုမှလွဲ၍ ကျန်ကစားသမား(၂၅)ဦးစလုံးကို စပိန်နည်းပြ ဒယ်လာဖွန်တေ အသုံးပြုထား

ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ဂိုးသမား အဲလက်စ်ရိုမီရိုမှလွဲ၍ ကျန်ကစားသမား(၂၅)ဦးစလုံးကို စပိန်နည်းပြ ဒယ်လာဖွန်တေ အသုံးပြုထား
Photo: X
Photo: X
Published 1 July 2024

စပိန်လက်ရွေးစင်အသင်းနည်းပြ ဒယ်လာဖွန်တေသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ဂိုးသမား အဲလက်စရိုမီရိုမှလွဲ၍ ကျန်ကစားသမား (၂၅)ဦးစလုံးကို အသုံးပြုထားကြောင်း သိရသည်။

ဒယ်လာဖွန်တေသည် ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ကစားသမား(၂၆)ဦး ရွေးချယ်ခေါ်ယူလာခဲ့ပြီး စုစုပေါင်း(၄)ပွဲ ယှဉ်ပြိုင်ပြီးချိန်၌ ကစားသမား(၂၅)ဦး အသုံးပြုခဲ့ခြင်းဖြစ်သည်။

ဒယ်လာဖွန်တေသည် ပွဲအများစု၌ အဓိကကစားသမားများကို ပွဲထုတ်အသုံးပြုခဲ့သော်လည်း နောက်တစ်ဆင့်အတွက် အရေးမပါတော့သည့် အုပ်စုနောက်ဆုံးပွဲ၌ ဒုတိယဂိုးသမား  ဒေးဗစ်ရာယာအပါအဝင် အရန်ကစားသမားအများအပြားကို အသုံးပြုခဲ့သည်။

ထို့ကြောင့် (၁၆)သင်းအဆင့် ယှဉ်ပြိုင်ပြီးချိန်တွင် ကစားသမား(၂၅)ဦးအထိ ကစားခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများထဲ၌ အများဆုံးအရေအတွက်အဖြစ် ရပ်တည်နိုင်ခဲ့ကြောင်းလည်း သိရသည်။

ပွဲကစားခွင့် မရသေးသည့် တတိယဂိုးသမား အဲလက်စ်ရိုမီရိုမှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကမှ စပိန်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး တစ်ပွဲသာ ကစားခွင့်ရရှိဖူးသူဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent