FA ဖလားနှင့်ပတ်သက်သည့် ပို့စ်ကြောင့် အာဆင်နယ်အသင်း ဝေဖန်ပြစ်တင်ခံရ

FA ဖလားနှင့်ပတ်သက်သည့် ပို့စ်ကြောင့် အာဆင်နယ်အသင်း ဝေဖန်ပြစ်တင်ခံရ
Photo: Daily Mail
Photo: Daily Mail
Published 27 May 2024

အာဆင်နယ်အသင်းသည် FA ဖလားဗိုလ်လုပွဲအပြီးတွင် လူမှုကွန်ရက် X တွင် တင်ခဲ့သည့် ပို့စ်ကြောင့် ပရိသတ်များ၏ ဝေဖန်ပြစ်တင်မှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

FA ဖလားဗိုလ်လုပွဲတွင် မန်ယူအသင်း အနိုင်ရဗိုလ်စွဲခဲ့ပြီးနောက် မိနစ်ပိုင်းအတွင်းတွင် အာဆင်နယ်အသင်းက မိမိတို့၏ FA ဖလားချန်ပီယံဆု(၁၄)ကြိမ်ကို မည်သည့်အသင်းမျှ လိုက်မမီကြောင်းနှင့် ပဟေဠိမေးခွန်းတစ်ခု ဖန်တီးကာ ပို့စ်တင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပရိသတ်များက ရှက်ဖွယ်ကောင်းသည့် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်ပြီး ပရိသတ်တစ်ဦးက အာဆင်နယ်အသင်းအနေဖြင့် မည်သည့်ဖလားကိုမျှ ကိုင်မြှောက်နိုင်ခြင်းမရှိသည်မှာ (၄)နှစ်ရှိနေပြီဟုလည်း လှောင်ပြောင်ခဲ့သည်။

Most Read

Most Recent