မေဂျာလိဂ်ကလပ်အသင်းတစ်သင်းသင်းသို့ ရာမို့စ် ရောက်ဖွယ်ရှိနေ

မေဂျာလိဂ်ကလပ်အသင်းတစ်သင်းသင်းသို့ ရာမို့စ် ရောက်ဖွယ်ရှိနေ
Photo: Sevilla FC
Photo: Sevilla FC
Published 19 June 2024

 

ဆီဗီလာအသင်းနှင့် လမ်းခွဲထားသည့် စပိန်ဝါရင့်နောက်ခံလူ ဆာဂျီယိုရာမို့စ်သည် မေဂျာလိဂ်တစ်သင်းသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သိရသည်။

ရာမို့စ်(၃၈ နှစ်)သည် ဆီဗီလာအသင်း နှင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီဖြစ်ကြောင်း အသင်းမှ တနင်္လာနေ့တွင် အတည်ပြုကြေညာခဲ့သည်။ 

ရာမို့စ်သည် ဆီဗီလာအသင်းနှင့် ချုပ်ဆိုထားသည့် တစ်နှစ်စာချုပ်မှာ ယခုလကုန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး ၎င်းက အသင်းမှထွက်ခွာတော့မည်ဟု သတင်းပို့ခဲ့ကြောင်း ဆီဗီလာအသင်း၏ကြေညာချက်တွင် ဖော်ပြခဲ့သည်။ 

ရာမို့စ်သည် ဆီဗီ လာလူငယ်အကယ်ဒမီမှ ထွက်ပေါ်လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းတွင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သူ ဖြစ်သည်။ 

ရာမို့စ်အနေဖြင့် ၂၀၂၅ မေဂျာလိဂ် ပြိုင်ပွဲတွင် စတင်ယှဉ်ပြိုင်မည့် ဆန်ဒီယေဂို FC အသင်းသို့ ပြောင်းရွှေ့ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

Most Read

Most Recent