လူကာကူအား ခေါ်ယူရန် နာပိုလီအသင်း စိတ်ဝင်စား

လူကာကူအား ခေါ်ယူရန် နာပိုလီအသင်း စိတ်ဝင်စား
Photo: Fabrizio
Photo: Fabrizio
Published 23 May 2024

နာပိုလီအသင်းသည် ရိုးမားအသင်းတွင် တစ်ရာသီအငှားဖြင့် လာရောက်ကစားနေသည့် ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။

အသက် (၃၁) နှစ်အရွယ်ရှိ လူကာကူသည် ချယ်လ်ဆီးအသင်းထံ ပြန်လိုခြင်းမရှိသလို၊ ချယ်လ်ဆီးအသင်းကလည်း ၎င်းကိုပြန်လည်ခေါ်ယူလိုခြင်းမရှိဘဲ နွေရာသီအပြောင်းအရွှေ့ကာလတွင် ပေါင် (၃၈) သန်းဖြင့် ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။

လက်ရှိတွင် လူကာကူအား ခေါ်ယူရန် ဆော်ဒီကလပ်အသင်းများက စိတ်ဝင်စားနေပြီး ယခုအခါ နာပိုလီအသင်းကလည်း စောင့်ကြည့်နေကြောင်း သိရှိရသည်။

နာပိုလီအသင်းသည် နွေရာသီတွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည့် တိုက်စစ်မှူး အိုဆင်မန်၏နေရာတွင် အစားထိုးရန်အတွက် လူကာကူကို ခေါ်ယူရန်ဆန္ဒရှိနေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် လူကာကူ၏ ပြောင်းရွှေ့ကြေးကို လျှော့ပေးဖွယ်ရှိကြောင်းလည်း သိရသည်။ 

Most Read

Most Recent