ပရီးမီးယားလိဂ်ပွဲစဉ် (၃၄) (ပွဲကျန်ပွဲစဉ်) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၃၄) (ပွဲကျန်ပွဲစဉ်) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 15 May 2024

ဘရိုက်တန် - ချယ်လ်ဆီး (ကြာသပတေးနံနက် ၁း၁၅ နာရီ)

ဘရိုက်တန်ကို လျှော့မတွက်သင့်ဘူး။ ဒီအသင်းက တ ကယ်ကစားရင် ကစားသလို ကြောက်စရာကောင်းတယ်။ အ မှတ်မလိုချိန်မှာ အလှ ကစားပြနေပေမဲ့ အလှကစားပြနေရင်း သူတို့ရဲ့ ကစားပုံ မိသွားရင် မန်စီးတီးလိုအသင်းကိုတောင် ပထ မအကျော့တုန်းက ခွေးရူးမောင်းကစားခဲ့တာ။ ချယ်လ်ဆီးက တော့ အခုအချိန်မှာ ခြေတက်၊ ေ<ကတက်နေတဲ့ အနေအထား ပါ။ စပါး၊ ဝက်စ်ဟမ်း၊ ဖောရက်စ်တို့ကို ဆက်တိုက်နိုင်ခဲ့တယ်။ ဒီပွဲတော့ သရေကျဖို့ များတယ်။ 

မန်ယူ - နယူးကာဆယ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

မန်ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က အဆင့် ၆ နေရာတိုက်ပွဲအတွက် တိုက်ရိုက်အားပြိုင်နေတဲ့အသင်းတွေဖြစ်ပါ တယ်။ လက်ရှိအခြေအနေအရတော့ မန်ယူနိုက်တက်ထက် နယူးကာဆယ်ရဲ့ခြေစွမ်းက ပိုကောင်းမွန်ပြီး မာကျောပါတယ်။ မန်ယူနိုက်တက်အသင်းရဲ့ အဓိကကစားသမားအချို့ ပြန်ကစားလာသည့်တိုင်အောင် နယူးကာဆယ်က ပိုကောင်းတဲ့အသင်း လို့ပဲ ပြောရမယ်။ အက်ဒီဟောင်းနဲ့ အဲရစ်တန်ဟက်ဂ်အသင်းကို ရောက်ချိန်တွေ မကွာကြပေမယ့်၊ ဒဏ်ရာ ပြဿနာတွေ ကြုံ တာချင်းတူပေမဲ့ အက်ဒီဟောင်းရဲ့လုပ်ရည်ကိုင်ရည်ကို ပိုသဘောကျတယ်။ ပိုနည်းတဲ့ဘတ်ဂျက်နဲ့ ပိုမာကျောတဲ့အသင်း၊ ပင်ကိုကစားဟန်ရှိတဲ့အသင်းကို တည်ဆောက်ထားနိုင်တယ်။ နယူးကာဆယ်ကို ကြိုက်တယ်။ 

Most Read

Most Recent