ဘဏ္ဍာရေးပြဿနာကြောင့် ဟန်ဆီဖလစ်ခ်ကို နည်းပြသစ်အဖြစ် ဘာစီလိုနာအသင်း မှတ်ပုံမတင်နိုင်သေး

ဘဏ္ဍာရေးပြဿနာကြောင့် ဟန်ဆီဖလစ်ခ်ကို နည်းပြသစ်အဖြစ် ဘာစီလိုနာအသင်း မှတ်ပုံမတင်နိုင်သေး
Photo: Getty Images
Photo: Getty Images
Published 1 June 2024

 

ဘာစီလိုနာအသင်းအနေဖြင့် ဘဏ္ဍာရေးပြဿနာကြောင့် နည်းပြသစ်ဖြစ်သူ ဟန်ဆီဖလစ်ခ်ကို မှတ်ပုံတင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ၂၀၂၃-၂၀၂၄ ရာသီကုန်တွင် နည်းပြဟောင်းဖြစ်သူ ဇာဗီနှင့် လမ်းခွဲပြီးနောက် ရက်ပိုင်းအကြာ မေ ၂၉ ရက်မှာပင် ဘိုင်ယန်မြူးနစ်နှင့် ဂျာမနီလက်ရွေးစင်အသင်းနည်းပြဟောင်း ဟန်ဆီဖလစ်ခ် ကို နည်းပြသစ်အဖြစ် နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့သည်။ 

သို့သော် Marca သတင်းဌာန၏ ဖော်ပြမှုအရ ဘာစီလိုနာအသင်းအနေဖြင့် ဘဏ္ဍာရေးပြဿနာကြောင့် လာလီဂါပြိုင်ပွဲထံ တရားဝင်မှတ်ပုံတင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် ယခင်ကလည်း ကစားသမားနှင့် ဝန်ထမ်းများ မှတ်ပုံတင်ရန် အခက်အခဲများ ရင်ဆိုင်ခဲ့ရဖူးသည်။ 

၎င်းတို့အနေဖြင့် လွန်ခဲ့သည့်နှစ်နှစ်က အသင်းပိုင် Barca Studios ၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းရောင်းချမှုအတွက် Libero ကုမ္ပဏီထံမှ ယူရိုသန်း ၁၀၀ ရရှိမည်ဖြစ်သလို အကျႌစပွန်ဆာဖြစ်သည့် Nike ကုမ္ပဏီနှင့် ၁၀ နှစ်စာချုပ်သစ် ချုပ်ဆိုရန် နီးစပ်နေပြီး စံချိန်တင်အဖြစ် တစ်နှစ်လျှင် ယူရိုသန်း ၁၂၀ အထိ ရရှိနိုင်ကြောင်း သိရသည်။ 

အဆိုပါ ပေးချေမှုနှစ်ခုမှာ ဘာစီလိုနာအသင်း၏ ဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းပေးနိုင်ဖွယ်ရှိပြီး ဟန်ဆီဖလစ်ခ် အပါအဝင် အသစ်ခေါ်ယူမည့် ကစားသမားများကိုပါ မှတ်ပုံတင်နိုင်မည်ဖြစ်သည်။

ဟန်ဆီဖလစ်ခ် အနေဖြင့် ဘာစီလိုနာအသင်းတွင် တစ်နှစ်လစာ ယူရို ၃ ဒသမ ၅ သန်းသာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent