■ မီလန်ဒါဘီတွင် ရှုံးနိမ့်လျှင် အေစီမီလန်နည်းပြ ဖွန်ဆီကာ နည်းပြရာထူးမှထုတ်ပယ်ခံရမည်

■ မီလန်ဒါဘီတွင် ရှုံးနိမ့်လျှင် အေစီမီလန်နည်းပြ ဖွန်ဆီကာ နည်းပြရာထူးမှထုတ်ပယ်ခံရမည်
Photo: Getty Images
Photo: Getty Images
Published 20 September 2024

အေစီမီလန်နည်းပြ ဖွန်ဆီကာသည် လာမည့်မီလန်ဒါဘီပွဲတွင် ရှုံးနိမ့်လျှင် နည်းပြရာထူးမှ ထုတ်ပယ်ခံရမည်ဖြစ်ကြောင်း အီတလီမီဒီယာများက သုံးသပ်ဖော်ပြလျက်ရှိသည်။ 

ရိုးမားနည်းပြဟောင်း ဖွန်ဆီကာသည် ပြီးခဲ့သည့်နွေရာသီကမှ အသင်းနှင့်လမ်းခွဲခဲ့သည့် ပီအိုလီ၏နေရာတွင် အေစီမီလန်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။ 

သို့သော် ၎င်းလက်ထက်တွင် အေစီမီလန်အသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၅) အပြီးတွင် နိုင်ပွဲတစ်ပွဲသာ ရရှိထားပြီး ရမှတ် (၅) မှတ်ဖြင့် အဆင့် (၁၀) နေရာ ရောက်ရှိနေသည်။ 

ထို့ပြင် ချန်ပီယံလိဂ်တွင်လည်း အိမ်ကွင်း၌ လီဗာပူးလ်ကို ဂိုးပြတ်ရှုံးနိမ့်ထားသည့်အတွက် အသင်းတာဝန်ရှိသူများက နည်းပြ ဖွန်ဆီကာကို ရာထူးမှ ထုတ်ပယ်ရန် လိုလားနေခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့ကြောင့် ဖွန်ဆီကာအနေနဖြင့် လာမည့် မီလန်ဒါဘီတွင် အင်တာမီလန်အသင်းကို ရှုံးနိမ့်ခဲ့ပါက ထုတ်ပယ်ခံရတော့မည်ဟု သတင်းထွက်နေခြင်းဖြစ်သည်။ 

အေစီမီလန်အသင်း တာဝန်ရှိသူများသည် ဖွန်ဆီကာ၏နေရာတွင် အစားထိုးရန်အတွက် ဒေါ့မွန်နည်းပြဟောင်း တယ်ဇစ်အား ဆက်သွယ်နေကြောင်းလည်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။ 

Most Read

Most Recent