ဗီလာရီးယဲလ်ပရိသတ်များကို စတီဂန် ကျေးဇူးတင်

ဗီလာရီးယဲလ်ပရိသတ်များကို စတီဂန် ကျေးဇူးတင်
Photo: X
Photo: X
Published 26 September 2024

ဘာစီလိုနာဂိုးသမား စတီဂန်က ၎င်းဒဏ်ရာရရှိချိန်တွင် လေးစားမှုကို ပြသခဲ့သည့် ဗီလာရီးယဲလ်ပရိသတ်များကို ကျေးဇူးတင်ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ဂျာမန်ဂိုးသမား စတီဂန်(၃၂ နှစ်)သည် စက်တင်ဘာ (၂၂) ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ဗီလာရီးယဲလ် (၁-၅) ဘာစီလိုနာပွဲ၌ ပထမပိုင်းပြီးခါနီးတွင် ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး ယခုရာသီကုန်အထိ အနားယူရတော့မည် ဖြစ်ကြောင်း သိရသည်။

စတီဂန်သည် ၎င်း၏ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ပြီး အောင်မြင်ခဲ့ကြောင်း သိရသည်။

ဒူးဒဏ်ရာခွဲစိတ်ပြီးနောက် စတီဂန်က ''တနင်္ဂနွေနေ့ကတည်းက ကျွန်တော့်ရဲ့ ဒဏ်ရာသတင်းကိုမေးပြီး အားပေးခဲ့ကြတဲ့ ဘာစီလိုနာပရိသတ်တွေ၊ အသင်းဖော်တွေ၊ ပြိုင်ဘက်တွေ၊ ကလပ်အသင်းနဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ ကွင်းအတွင်းမှာ လေးစားမှုကို ပြသခဲ့တဲ့ ဗီလာရီးယဲလ်ပရိသတ်တွေကိုလည်း ကျေးဇူူးတင်ပါတယ်။ ကျွန်တော် သန်မာစွာ ပြန်လာမှာပါ။ ကျေးဇူးပါပဲ''ဟု ၎င်း၏ Instagram တွင် ရေးသားခဲ့သည်။ 

Most Read

Most Recent