ဆွန်ဟောင်မင်ရဲ့ ဆုဖလားမျှော်လင့်စိတ်နဲ့ ဂန္ထဝင်ဖြစ်လိုစိတ်

ဆွန်ဟောင်မင်ရဲ့ ဆုဖလားမျှော်လင့်စိတ်နဲ့ ဂန္ထဝင်ဖြစ်လိုစိတ်
Photos: AFP
Photos: AFP
Published 28 August 2024
AK

ဆွန်ဟောင်မင်က "တစ်နေ့မှာ စပါးအသင်းကနေ ထွက်ခွာတဲ့အခါ ကျွန်တော့်ကို ဂန္ထဝင်တစ်ဦးအဖြစ် အမှတ်ရစေချင်ပါတယ်။ အသင်းတစ်သင်းတည်းမှာ ဆယ်နှစ်လောက်ကစားတယ်ဆိုတာ မလွယ်ကူပါဘူး။ အဲဒီအသင်းအတွက ်စဉ်ဆက်မပြတ်ပေးဆပ်နိုင်ရမှာပါ။ အသင်းတစ်သင်းတည်းမှာ အချိန်အကြာကြီးရှိနေတာ တကယ်ကောင်းမွန်တဲ့ အရာပါ။ ဒါပေမဲ့ ကျွန်တော့်ကို ကျွန်တော် စပါးရဲ့ဂန္ထဝင်အဖြစ် မခံယူသေးပါဘူး။ စပါးအသင်းနဲ့အတူ  ဆုဖလားအောင်မြင်မှု ရယူချင်ပါတယ်။ အဲဒီလို အောင်မြင်မှုရခဲ့ရင် ကျွန်တော့်ကို စပါးအသင်းရဲ့ ဂန္ထဝင်အဖြစ် သတ်မှတ်နိုင်ပါပြီ။ ဆုဖလားတွေရယူမယ်ဆိုတဲ့အတွေးနဲ့ စပါးအသင်းကို ကျွန်တော် ရောက်လာတာပါ။ လက်ရှိရာသီက ကျွန်တော်တို့ အသင်းအတွက် တစ်ခုခုထူးခြားပါလိမ့်မယ်" လို့ ပြောခဲ့ပါတယ်။ ဆွန်ဟောင်မင်ယုံကြည်ထားသလိုပဲ စပါးအသင်းနည်းပြ ပိုစတီကိုဂလူးကလည်း ထပ်တူယုံကြည်နေပါတယ်။ စပါးအသင်းရဲ့ ဆုဖလားငတ်မွတ်မှုဝေဒနာကို လက်ရှိရာသီမှာ အဆုံးသတ်နိုင်အောင် ပိုစတီကိုဂလူး ရည်မှန်းထားတာပါပဲ။