■ ပြင်သစ်လီဂူးပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်

■ ပြင်သစ်လီဂူးပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 31 August 2024

ဘရက်စ် - စိန့်အက်တီယန် (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် ည ၉:၃၀ နာရီ)

ဘရက်စ်က ခြေစွမ်းရောယုံကြည်မှုပါကျဆင်းနေတယ်။ စိန့်အက်တီယန်ကလည်း ရှုံးပွဲဆက်နေတဲ့အသင်းပါ။ ဒီပွဲတော့ အိမ်ရှင်ဘရက်စ် နိုင်ပွဲယူပါလိမ့်မယ်။



မောင့်ပယ်လီယာ - နန့်စ် (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် ည ၁၁:၃၀ နာရီ)

ဒီပွဲကလည်း အိမ်ရှင်မောင့်ပယ်လီယာရဲ့ ရုန်းကန်အားကိုစောင့်ကြည့်ရမှာပါ။ နန့်စ်က ရာသီအစမှာ ခြေစွမ်းတည်ငြိမ်နေပြီး ရလဒ်တွေလည်းကောင်းနေတယ်။ အဝေးကွင်းပေမယ့် နန့်စ်တို့ အမှတ်ရပါလိမ့်မယ်။



တူးလူး - မာဆေးလ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁ ရက် နံနက် ၁:၃၀ နာရီ)

ဂရင်းဝုဒ်ရဲ့ခြေစွမ်းပြမှုနဲ့အတူ မာဆေးလ်ရဲ့စွမ်းဆောင်ရည် ဒီရာသီမှာ စောင့်ကြည့်ချင်စရာကောင်းနေတယ်။ တူးလူးကတော့ ဒီရာသီ (၂)ပွဲကစားပြီးချိန်မှာ (၂)ပွဲစလုံးသရေကစားပြီး သူတို့ရဲ့မာကျောမှုကိုပြသထားပါတယ်။ ဒါပေမဲ့ အခုပွဲတော့ အိမ်ကွင်းအားတစ်ခုနဲ့ မာဆေးလ်ကို အသာရဖို့ခက်ပါလိမ့်မယ်။ မာဆေးလ် နိုင်ပွဲပြန်ယူမှာပါ။