■ ပရီးမီးယားလိဂ်ပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 31 August 2024

အာဆင်နယ် - ဘရိုက်တန် (မြန်မာစံတော်ချိန် သြဂုတ် ၃၁ ရက် ညနေ ၆:၀၀ နာရီ)

ဘရိုက်တန်အသင်းက ဒီရာသီပရီးမီးယားလိဂ်မှာ နှစ်ပွဲကစား၊ နှစ်ပွဲစလုံးနိုင်ထားတယ်။ မန်စီးတီးပွဲမတိုင်ခင်မှာ အမှတ်ပေးဇယားထိပ်ကို ရောက်ခဲ့သေးတယ်။ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်တို့နဲ့အတူ နို်င်ပွဲဆက်နေတဲ့အသင်း။ ဟာဇယ်လာရဲ့အသင်းမှာ တကယ်ကောင်းမွန်တဲ့ တိုက်စစ်စုဖွဲ့မှုလည်း ရှိတယ်။ ကွင်းတွင်းကွင်းပြင် အရည်အသွေးမြင့်တိုက်စစ်ကစားသမား (၇) ဦးလောက်ရှိနေပြီး၊ ကွင်းလယ်နဲ့ ခံစစ်ပိုင်းမှာတော့ နည်းနည်းစိုးရိမ်စရာကောင်းတယ်။ Wide Open ဖြစ်လွန်းတဲ့ ခံစစ် Shape တည်ဆောက်ပုံကို မန်ယူနိုက်တက်က အသုံးမချနိုင်ခဲ့ပေမယ့် အာဆင်နယ်ကတော့ ကောင်းကောင်းအသုံးချနိုင်တဲ့ အနေအထားမှာ ရှိတယ်။ ကွင်းလယ်မှာ ရိုက်စ်-ပါတေးတို့က ဂီလ်မော်-မီလ်နာတို့ကို ကောင်းကောင်းလွှမ်းမိုးနိုင်ပြီး ဒီအချက်ကလည်း ပွဲအဖြေအတွက် အရေးကြီးတယ်။ အာဆင်နယ် အနိုင်သေချာတယ်။ 



ဘရန့်ဖို့ဒ် - ဆောက်သမ်တန် (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် ည ၈:၃၀ နာရီ)

ဆောက်သမ်တန်က နယူးကာဆယ်ကို ကစားပုံကောင်းပြီး ကပ်ရှုံးခဲ့တယ်။ နော်တင်ဟမ်ကို ကစားပုံကောင်းပြီး ကပ်ရှုံးခဲ့တယ်။ ခံစစ်လည်း ကောင်းတယ်။ တိုက်စစ်ကလည်း ဂိုးမရသေးပေမယ့် ကစားတာကောင်းတယ်။ ပြောရရင် ပိုကောင်းတဲ့အသင်းလို့ ဆိုနိုင်တဲ့ ဘရန့်ဖို့ဒ်ထက် ပိုပြီး ကစားပုံဆွဲဆောင်မှု ရှိပါတယ်။ အဝေးကွင်းဆိုပေမယ့် ဆောက်သမ်တန်ကို ကြိုက်တယ်။ 



အဲဗာတန် - ဘုန်းမောက် (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် ည ၈:၃၀ နာရီ)

အဲဗာတန်က နှစ်ပွဲဆက် ရှုံးထားပြီး ဘုန်းမောက်က နှစ်ပွဲဆက် သရေကျထားတယ်။  အဲဗာတန် ရှုံးခဲ့တဲ့ နှစ်ပွဲစလုံး အထင်သေးစရာပုံစံတွေနဲ့ပါ။ ဘုန်းမောက်က ဖောရက်စ်ကို ရော နယူးကာဆယ်ကိုပါ နိုင်သင့်တဲ့ အခြေအနေတွေ ရှိလျက်နဲ့ ရှုံးခဲ့ခြင်းဖြစ်တယ်။ လက်ရှိအချိန်မှာ ဘုန်းမောက်ရဲ့ တိုက်စစ်ပိုင်းက အားနည်းချက်အနည်းငယ်ရှိပေမယ့် ဒီပွဲမှာလည်း ဘုန်းမောက် သရေယူဖို့ မခက်ပါဘူး။ 



အစ်ဝစ်ချ် - ဖူလ်ဟမ် (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် ည ၈:၃၀ နာရီ)

အစ်ဝစ်ချ်အသင်းက ပွဲကျပ်တွေနဲ့ ဆက်တိုက်တွေ့နေတယ်။ လီဗာပူးလ်၊ မန်စီးတီးတို့လိုအသင်းတွေနဲ့ ကစားခဲ့ရတယ်။ ရှုံးတယ်ဆိုတာက ပြဿနာသိပ်တော့မရှိဘူး။ ဒါပေမဲ့ သူတို့ ဒီပွဲကိုပါ ပုံစံကောင်းမပြနိုင်ပဲ ရှုံးရင်တော့ လိုအပ်ချက် ရှိနေသေးတယ်လို့ တွေး ရမယ်။ ဖူလ်ဟမ်က မညံ့ပေမယ့် အရမ်းအကောင်းကြီးလည်း မဟုတ်ဘူး။ အိမ်ကွင်းမှာ အမှတ်ယူနိုင်သင့်တယ်။ ဒါပေမဲ့ ဖူလ်ဟမ်ကိုပဲ ပိုကြိုက်နေတယ်။ 



လက်စတာ - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် ည ၈:၃၀ နာရီ)

လက်စတာအသင်းက ပရီးမီးယားလိဂ်မှာ စပါးကို သရေကစားပြီး အဝေးကွင်းမှာ ဖူလ်ဟမ်ကို ရှုံးခဲ့တယ်။ ထရန်မဲအသင်းနဲ့ ကစားခဲ့တဲ့ EFL ပွဲစဉ်မှာတော့ ဂိုးပြတ်နိုင်ပွဲ ရခဲ့တယ်။ လက်စတာက အသင်းလိုက် ကစားပုံကောင်းပေမယ့် အားနည်းချက်တွေ အများကြီး ရှိပါတယ်။ ဗီလာက ဝက်စ်ဟမ်းကို ကစားခဲ့ပုံကောင်းသလို အာဆင်နယ်နဲ့ ပွဲမှာလည်း  ကစားပုံမဆိုးပါဘူး။ ဗီလာပဲ နိုင်ပွဲရလိမ့်မယ်။ 



နော်တင်ဟမ်ဖောရက်စ် - ဝုလ်ဗ် (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် ည ၈:၃၀ နာရီ)

နော်တင်ဟမ်ဖောရက်စ်က ဘုန်းမောက်ကို ကစားခဲ့တဲ့ ခြေစွမ်းရော ဆောက်သမ်တန်ကို ကစားခဲ့တဲ့ ခြေစွမ်းပါ တော်တော်လေး ကောင်းတယ်။ စုစည်းမှုရှိပြီး မာကျောတယ်။ ဝုလ်ဗ်က ခံစစ်ပိုင်းတော်တော် အားနည်းတယ်။ ကယ်လ်မန်း ထွက်သွားတဲ့နေရာကို ပြန်အစားမထိုးနိုင်ရင် ပိုခက်ခဲလာမယ်။ တိုက်စစ်ကလည်း ချယ်လ်ဆီးကို ဂိုးရခဲ့ပေမယ့် အရင် လောက်အားမကောင်းဘူး။ နော်တင်ဟမ်ကိုပဲ ကြိုက်တယ်။



ဝက်စ်ဟမ်း - မန်စီးတီး (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် ည ၁၁:၀၀ နာရီ)

ဝက်စ်ဟမ်းက အိမ်ကွင်းမှာ ဗီလာကိုရှုံးပြီး အဝေးကွင်းမှာတော့ ပဲလေ့စ်ကို ပြန်နိုင်ခဲ့တယ်။ လိုပယ်တယ်ဟီလက်ထက်မှာ တိုးတက်လာတာက တိုက်စစ်ကို စုဖွဲ့ကစားတဲ့ပုံစံ ဖြစ်တယ်။ ခုထိအားနည်းနေဆဲကတော့ ခံစစ်ပိုင်းဖြစ်ပြီး ဒီအချက်ကလည်း ဝက်စ်ဟမ်း ပေးနေရတဲ့ ဂိုးတွေကိုကြည့်ရင် မြင်ရပါတယ်။ အခုလို ပုံစံမျိုး တိုးတက်မှုမျိုးလောက်နဲ့ မန်စီးတီးကို ထိန်းချုပ်နိုင်မယ်မထင်ဘူး။ စီးတီးပဲ နိုင်မှာပဲ။