ရပ်ရှ်ဖို့ဒ်အား ရောင်းထုတ်လျှင် မှားမည်ဟု မန်ယူအသင်းကို အသင်းဂန္ထဝင်ကစားသမား ဒွိုက်ယော့ခ် သတိပေး

ရပ်ရှ်ဖို့ဒ်အား ရောင်းထုတ်လျှင် မှားမည်ဟု မန်ယူအသင်းကို အသင်းဂန္ထဝင်ကစားသမား ဒွိုက်ယော့ခ် သတိပေး
Photo: X
Photo: X
Published 25 July 2024

မန်ယူဂန္ထဝင်ကစားသမား ဒွိုက်ယော့ခ်က အသင်းတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အား ရောင်းထုတ်လျှင် မှားမည်ဟု အသင်းဟောင်းကို သတိပေးပြောကြားခဲ့သည်။

အသက် (၂၆) နှစ်အရွယ် အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက မန်ယူအသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ (၄၃) ပွဲတွင် (၈) ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

ထို့ကြောင့် မန်ယူအသင်းသည် ယခုနွေတွင် ရပ်ရှ်ဖို့ဒ်အား ရောင်းထုတ်ရန် စီစဉ်နေပြီး သင့်တော်သည့်ကမ်းလှမ်းမှုများ ရှိလာပါက လက်ခံစဉ်းစားသွားဖွယ်ရှိကြောင်း မီဒီယာများက ဖော်ပြနေကြသည်။

သို့သော် ဒွိုက်ယော့ခ်က ရပ်ရှ်ဖို့ဒ်သည် လက်ရှိတွင် မန်ယူအသင်း၏အကောင်းဆုံးဖြစ်ပြီး ၎င်းကို ရောင်းထုတ်လျှင် မှားမည်ဟု သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

'' ပေါင်သန်း (၄၀)၊ (၅၀) က မော်ဒန်ဘောလုံးလောကမှာ ဘာမှမဟုတ်ပါဘူး။ ရပ်ရှ်ဖို့ဒ်က အဲဒီထက်မက တန်ပါတယ်။ မန်ယူအနေနဲ့ ရပ်ရှ်ဖို့ဒ်ကို ဆက်ထိန်းသင့်ပါတယ်။ ဒါပေမဲ့ ရပ်ရှ်ဖို့ဒ်ကိုဝယ်ဖို့ ပေါင်သန်း(၁၀၀) နဲ့ကမ်းလှမ်းလာမယ်ဆိုရင်တော့ အခက်တွေ့ရပါလိမ့်မယ်။ ဥပမာအနေနဲ့ PSG အသင်းက ရပ်ရှ်ဖို့ဒ်ကို ပေါင်သန်း (၁၀၀) နဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ငြင်းဖို့ခက်နိုင်ပါတယ်။ ဒါပေမဲ့ သူက မန်ယူမှာ အကောင်းဆုံးကစားသမားပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent