ကိုပါအမေရိကပြိုင်ပွဲ၌ လက်စွမ်းပြနေသည့် ဂိုးသမား မာတီနက်ဇ်အတွက် ကမ်းလှမ်းမှုများကို စောင့်ကြည့်သွားမည်ဟု အေးဂျင့်ဖြစ်သူ ပြောကြား

ကိုပါအမေရိကပြိုင်ပွဲ၌ လက်စွမ်းပြနေသည့် ဂိုးသမား မာတီနက်ဇ်အတွက် ကမ်းလှမ်းမှုများကို စောင့်ကြည့်သွားမည်ဟု အေးဂျင့်ဖြစ်သူ ပြောကြား
Photo : Getty Images
Photo : Getty Images
Published 8 July 2024

ကိုပါအမေရိကပြိုင်ပွဲ၌ လက်စွမ်းပြနေသည့် အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်အတွက် ကမ်းလှမ်းမှုများကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူ ဂွန်ဇာလိုဂိုနီက ပြောကြားခဲ့သည်။

မာတီနက်ဇ်(၃၁ နှစ်)သည် ပြီး ခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်း ချန်ပီယံဆုရရှိရာ၌ ပယ်နယ်တီကာကွယ်မှုများဖြင့် အကောင်းဆုံးလက်စွမ်းပြခဲ့သူဖြစ်သည်။

ထို့ကြောင့် ယင်းပြိုင်ပွဲ၏ အကောင်းဆုံးဂိုးသမားဆုကိုလည်း ရရှိခဲ့သည်။ မာတီနက်ဇ်သည် ၂၀၂၄ ကိုပါ အမေရိကပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်တွင် ပယ်နယ်တီအဆုံးအဖြတ်ခံယူရာ၌လည်း လက်စွမ်းပြကာကွယ် မှုများပြုလုပ်ကာ အာဂျင်တီးနားအသင်းကို ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။

ထို့ကြောင့် ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားသည့်အသင်းအချို့ ရှိနေကြောင်းလည်း သိရသည်။ အပြောင်းအရွှေ့သတင်းနှင့် ပတ်သက်၍ ၎င်းင်း၏အေးဂျင့်က "ဘာကိုမှ မဆုံးဖြတ်ရသေးပါဘူး။ စကားပြောဆိုနေတာ၊ နားစွင့်နေတာ၊ စောင့်ကြည့်နေတာတွေတော့ ရှိပါတယ်။ သူက အက်စတွန်ဗီလာနဲ့အတူ ဥရောပပွဲ ဆင်နွှဲတာလည်း ဖြစ်နိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက မာတီနက်ဇ်သည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီ၌ မန်ယူအသင်းသို့ ရောက်ရှိရန် နီးစပ်ခဲ့ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။ "ပြီးခဲ့တဲ့နှစ်က သူ မန်ယူအသင်းကို ရောက်ဖို့ အတော်လေးနီးစပ်ခဲ့ပါတယ်။ နည်းပြက အိုနာနာကို ဦးစားပေးရွေးချယ်သွားလို့ပါ။ ဘာကြောင့်လဲဆိုတော့ နည်းပြက အိုနာနာကိုပဲ သိထားတာကြောင့်ပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ မန်ယူအသင်းက လူတွေအားလုံး မာတီနက်ဇ်ကသာ အောင်မြင်မှု ရယူပေးနိုင်မယ့်သူဆိုတာ လက်ခံခဲ့ကြပါတယ်"ဟု ပြောကြားခဲ့သည်။

မာတီနက်ဇ်သည် အက်စတွန်ဗီလာအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း ထိပ်သီးအသင်း များထံသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။

Most Read

Most Recent