အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များနှင့် မော်ဝါဒီသူပုန်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး သူပုန် ၂၈ ဦး သေဆုံး

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များနှင့် မော်ဝါဒီသူပုန်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး သူပုန် ၂၈ ဦး သေဆုံး
Published 5 October 2024

အိန္ဒိယနိုင်ငံတွင် အောက်တိုဘာ ၄ ရက်က လုံခြုံရေးတပ်ဖွဲ့များနှင့် မော်ဝါဒီသူပုန်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး သူပုန် ၂၈ ဦးသေဆုံးခဲ့သည်။

သူပုန်များအနေဖြင့် လက်နက်ချရန်နှင့် သို့မဟုတ်ပါက မီးကုန်ယမ်းကုန်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရမည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှားက သတိပေးခဲ့ပြီးနောက် ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ၏ သယံဇာတပေါကြွယ်ဝသည့် လူမျိုးစုဒေသများတွင် လှုပ်ရှားနေသည့် လက်နက်ကိုင်သူပုန်များ၏ သောင်းကျန်းမှုများကြောင့် ဆယ်စုနှစ်များအတွင်း လူပေါင်း ၁၀၀၀၀ ကျော်သေဆုံးခဲ့သည်။

မကြာသေးမီနှစ်များအတွင်း လုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်နှိမ်နင်းမှုများကြောင့် သောင်းကျန်းမှုများ သိသိသာသာလျော့ကျခဲ့ကာ ယခုနှစ်အတွင်း သူပုန် ၁၉၀ ထက်မနည်းသေဆုံးခဲ့သည်ဟု အစိုးရ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ချာတစ္စကာပြည်နယ်တွင် အောက်တိုဘာ ၄ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှု မော်ဝါဒီသူပုန် ၂၈ ဦးသေဆုံးကာ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး အသေးစားဒဏ်ရာရရှိခဲ့ပြီး ထိုလုံခြုံရေးတပ်ဖွဲ့ဝင်ကို ရဟတ်ယာဉ်ဖြင့် ကယ်တင်ခဲ့ပြီး ယခုအခါတွင် ဘေးကင်းလုံခြုံသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Ref: AFP

Most Recent