တောင်ကိုရီးယား၏ ဒရုန်းလွှတ်တင်မှုများကို ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင်၏ညီမဖြစ်သူက သတိပေး

တောင်ကိုရီးယား၏ ဒရုန်းလွှတ်တင်မှုများကို ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင်၏ညီမဖြစ်သူက သတိပေး
Published 13 October 2024

တောင်ကိုရီးယား၏ ဒရုန်းလွှတ်တင်မှုများကို ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်၏ သြဇာကြီးမားသည့် ညီမဖြစ်သူ ကင်ယိုဂျုံက အောက်တိုဘာ ၁၂ ရက်တွင် သတိပေးခဲ့သည်။

တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ မြို့တော် ပြုံယမ်းသို့ ဒရုန်းတစ်စင်းလွှတ်တင်ခဲ့ကြောင်း မြောက်ကိုရီးယားက စွပ်စွဲခဲ့ပြီးနောက် တစ်ရက်အကြာတွင် ကင်ယိုဂျုံ၏ သတိပေးချက် ထွက်ပေါ်ခဲ့ခြင်းဖြစ် သည်။

တောင်ကိုရီးယားအနေဖြင့် နောက်ထပ်တစ်ကြိမ် ထိုကဲ့သို့ ဒရုန်းလွှတ်တင်မည်ဆိုပါက ဆိုးရွားသည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု ကင်ယိုဂျုံက ပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် အောက်တိုဘာ ၃ ရက်၊ ၈ ရက်နှင့် ၉ ရက်တွင် ၀ါဒဖြန့်စာစောင်များကို ကြဲချရန် ပြုံယမ်းမြို့တော်၏ လေပိုင်နက်အတွင်းသို့ ဒရုန်းများ စေလွှတ်ခဲ့ကြောင်း အောက်တိုဘာ ၁၁ ရက်က ပြောကြားခဲ့သည်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်ယွန်ဟွမ်ကမူ မြောက်ကိုရီးယား၏ ပြောကြားချက်များကို အစောပိုင်းက ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က မြောက်ကို ရီးယား၏ စွပ်စွဲချက်များသည် မှန်ကန်ခြင်း ရှိ၊ မရှိ အတည်မပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမဖြစ်ပြီး မြောက်ကိုရီးယားအစိုးရ၏ အဓိက ပြောရေးဆိုခွင့်ရှိသူ ကင်ယိုဂျုံကမူ တောင်ကိုရီးယား၏ ငြင်းဆိုချက်များအရ ထိုဒရုန်းများကို တောင်ကိုရီးယား စစ်တပ်က လွှတ်တင်ခဲ့သည့်အချက်ကို ပြသရာရောက်နေသည်ဟု ပြောကြားခဲ့သည်။

တောင်ကိုရီးယားစစ်တပ်၏ ဒရုန်းများကို မိမိတို့မြို့တော်၏ ကောင်းကင်ယံပေါ်တွင် နောက်တစ်ကြိမ်တွေ့ရှိခဲ့မည်ဆိုပါက ထိတ်လန့်ဖွယ်ကောင်းသည့် အန္တရာယ်တစ်ခု ကျိန်း သေ ဖြစ်ပွားလာလိမ့်မည်ဖြစ်ကြောင်း ကင်ယိုဂျုံက အောက်တိုဘာ ၁၂ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားက လွှတ်တင်ခဲ့သည့် ထိုဒရုန်းများသည် ၀ါဒဖြန့်လက်ကမ်းစာ စောင်များကို ကြဲချခဲ့ပြီး ထိုစာစောင်များထဲတွင် ကောလာဟလများ ရေးသားထားကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုဖြစ်စဉ်သည် နိုင်ငံတကာဥပဒေကို  အကြောင်းမဲ့ချိုးဖောက်ခြင်းဖြစ်ပြီး ဆိုးရွားသည့် စစ်ရေးတိုက်ခိုက်မှု ဖြစ်သည်ဟု KCNA က ဖော်ပြခဲ့သည်။

မကြာသေးမီ လများအတွင်းက မြောက်ကိုရီးယားသည် အမှိုက်အိတ်များချည်နှောင်ထားသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားဘက်သို့ လွှတ်တင်ခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးများ တင်းမာခဲ့သည်။

တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူများက မြောက်ကိုရီးယားအစိုးရဆန့်ကျင်သည့် ၀ါဒဖြန့် စာစောင်များပါသည့် မိုးပျံပူဖောင်းများကို မြောက်ကိုရီးယားဘက်သို့ လွှတ်တင်ခဲ့မှုကို တုံ့ပြန်သည့်အနေဖြင့် ထိုသို့ အမှိုက်များပါသည့် မိုးပျံပူဖောင်းများကို ပြန်လည်လွှတ်တင်ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက ပြောကြားခဲ့သည်။

တောင်ကိုရီးယားကလည်း နှစ်နိုင်ငံနယ်စပ်တွင် အသံချဲ့စက်များဖြင့် မြောက်ကိုရီးယား ဆန့်ကျင်သည့် ၀ါဒဖြန့်မှုများကို လုပ်ဆောင်ခဲ့သည်။                        

Ref:AFP

Most Read

Most Recent