မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်း ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ပစ္စည်းများ ကူညီ လှူဒါန်းလျက်ရှိ

မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်း ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ပစ္စည်းများ ကူညီ လှူဒါန်းလျက်ရှိ
Published 12 October 2024

 

မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူ နိုက်တက်အသင်းသည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံ၏ နေရာဒေသအချို့တွင် ဖြစ်ပေါ် ခဲ့သည့် ရေဘေးသင့်နေရာများသို့ လိုအပ် သည့်ပစ္စည်းများ ပံ့ပိုးလှူဒါန်းလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် ကလောမြို့နယ်နှင့် အင်း လေးဒေသတို့တွင် မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ရာ ဒေသခံပြည်သူများ၏ လိုအပ် ချက်များကို ရှမ်းယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေ ဦးဆောင်၍ အသင်းတာ ဝန်ရှိသူများ၊ ကစားသမားများ၊ Kalaw Garden Eastae တို့မှ တာဝန်ရှိသူများက စက်တင်ဘာ ၁၈ ရက်မှ စ၍ လှူဒါန်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။  ရှမ်းယူနိုက်တက် ဘောလုံးအသင်း တာဝန်ရှိသူများသည် ကလောမြို့နယ်အတွင်းရှိ ကျေးရွာများ၊ ရပ် ကွက်များနှင့် အင်းလေးဒေသရှိ ရေဘေးသင့် ပြည်သူများ၊ ကလောဘူတာရှိ မြန်မာ့မီးရထား မှ ရေဘေးသင့်ဝန်ထမ်းများသို့ အစား အသောက်များ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးများကို နေရာဒေသအရောက် သွားရောက်လှူဒါန်းပြီး သောက်ရေ၊ သုံးရေများရရှိရေး အတွက်လည်း ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ ကလောမြို့နယ်နှင့် အင်းလေးဒေသ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ရှမ်းယူနိုက် တက်အသင်း ဘောလုံးအသင်းအပါအဝင် အသင်းဥက္ကဋ္ဌ၏ ကုမ္ပဏီများ၊ စေတနာရှင် များက အောက်တိုဘာ ဒုတိယပတ်အထိ ကျပ်သိန်း ၁၂၀၀ ကျော် ပါဝင်ကူညီလှူဒါန်း ထားကြောင်း သိရသည်။

ထို့ပြင် ရှမ်းယူနိုက်တက်ဘောလုံးအသင်း သည် စက်တင်ဘာ ၂၁ ရက်ကလည်း တောင်ငူ မြို့နယ်အတွင်းမှ ရေဘေးသင့်အိမ်ထောင်စု ၁၄၀ အတွက် အစားအသောက်များ၊ အသုံး အဆောင်ပစ္စည်းများ၊ ဆေးဝါးများ သွား ရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ပြီးခဲ့ သည့်လက  မြန်မာနိုင်ငံရှိ နေရာဒေသအချို့ တွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများ ကြောင့် ရေဘေးသင့်ဒေသများတွင် အခက် အခဲများဖြစ်ပေါ်ခဲ့ရာ မြန်မာ့ဘောလုံးအသိုင်း အဝိုင်းက တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent