ရန်ကုန်တိုင်းဒေသကြီးတွင် PDF အဖွဲ့ဝင် ၁၃ ဦးကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံ

ရန်ကုန်တိုင်းဒေသကြီးတွင် PDF အဖွဲ့ဝင် ၁၃ ဦးကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံ
Published 3 October 2024

ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း ၁၃ ဦးကို  မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို အောက်တိုဘာ ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် တာဝန်ရှိသူများ က ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်း ဆင်း ၁၃ ဦးကို မိသားစုဝင်များထံ လွှဲပြောင်း အပ်နှံပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။  

လက်နက်ကိုင်လမ်းစဉ်နှင့် အကြမ်းဖက် လမ်းစဉ်တို့ကြောင့် နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့ ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍ ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင် ရန် အလို့ငှာ နိုင်ငံတော်အား ဆန့်ကျင်တိုက် ခိုက်နေသည့် တိုင်ရင်းသားလက်နက်ကိုင်အ ဖွဲ့ အစည်းများ၊ သောင်းကျန်သူ အဖွဲ့အစည်း များ၊  PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင် တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်း ဖြင့်သော်လည်း ကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှသော် လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ် ဆောင်ရွက်နိုင်ရန် ကမ်းလှမ်းဖိတ်ခေါ်အပ် ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

Most Read

Most Recent