​​​​​​​ကာမိုင်းနှင့် မအူပင်မြို့အနီး ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်များ ခုနစ်နာရီအတွင်း နှစ်ကြိမ်လှုပ်ခတ်

​​​​​​​ကာမိုင်းနှင့် မအူပင်မြို့အနီး ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်များ ခုနစ်နာရီအတွင်း နှစ်ကြိမ်လှုပ်ခတ်
Published 5 May 2026

ကာမိုင်းနှင့် မအူပင်မြို့အနီး ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်များ ခုနစ်နာရီအတွင်း နှစ်ကြိမ်လှုပ်ခတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၆ ခုနှစ် မေ ၅ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ မိနစ်ခန့်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်ဘက် မိုင် (၆၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကာမိုင်းမြို့၏ အနောက်ဘက်(၁၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၅ ဒသမ ၅၀ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၆ ဒသမ ၅၁ ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလမှ သိရသည်

အလားတူ မေ ၅ ရက် နံနက် ၃ နာရီခန့်တွင် ကမ္ဘာ‌အေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၂၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မအူပင်မြို့၏ အရှေ့မြောက်ဘက် (၉) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၆ ဒသမ ၇၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၇၇ ဒီဂရီ၊ အနက် (၁၆) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

Most Read

Most Recent