အသက်အရွယ်မှာ ကိန်းဂဏန်းတစ်ခုသာဖြစ်ပြီး ခန္ဓာကိုယ်အဆင်ပြေသရွှေ့ ကစားသွားမည်ဟု လက်စတာဝါရင့်တိုက်စစ်မှူး ဗာဒီ ပြောကြား

အသက်အရွယ်မှာ ကိန်းဂဏန်းတစ်ခုသာဖြစ်ပြီး ခန္ဓာကိုယ်အဆင်ပြေသရွှေ့ ကစားသွားမည်ဟု လက်စတာဝါရင့်တိုက်စစ်မှူး ဗာဒီ ပြောကြား
Photo : Getty Images
Photo : Getty Images
Published 22 August 2024

လက်စတာဝါရင့်တိုက်စစ်မှူး ဗာဒီက အသက်အရွယ်မှာ ကိန်းဂဏန်းတစ်ခုသာဖြစ်ပြီး ခန္ဓာကိုယ်အဆင်ပြေသရွှေ့ကစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၃၈)နှစ်ကျော်ပြီဖြစ်သည့် အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ဗာဒီသည် သြဂုတ် (၁၉)ရက်က ကစားခဲ့သည့် လက်စတာ (၁-၁) စပါးပွဲတွင် လက်စတာအတွက် ချေပဂိုးကို သွင်းယူပေးခဲ့သူဖြစ်သည်။

ယင်းဂိုးမှာ ဗာဒီအတွက် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲများတွင် (၈) ဂိုးမြောက်သွင်းဂိုး ဖြစ်ခဲ့ပြီး ၎င်းထက် ဂိုးပိုသွင်းနိုင်သူမှာ လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာ(၉ ဂိုး)သာ ရှိသည်။ ဗာဒီအနေဖြင့် အသက် (၄၀) အရွယ်ထိ ကစားရန် ဆန္ဒရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

ဗာဒီက "ကျွန်တော်ကတော့ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုလို့ပဲ မြင်ပါတယ်။ ကျွန်တော့်အနေနဲ့ ခန္ဓာကိုယ်အဆင်ပြေနေသေး တယ်ဆိုတဲ့အထိ ဆက်ကစားသွားမှာပါ။ အခုအချိန်မှာ ကျွန်တော်အထူး လုပ်ဆောင်တာက ကြံ့ခိုင်မှုပြန်လည် ပြည့်ဝဖို့ပါပဲ"ဟု ပြောကြားခဲ့သည်။

ဗာဒီသည် စပါးအသင်းနှင့်ကစားခဲ့သည့် ပွဲတွင် စပါးနောက်ခံလူ ရိုမဲရိုးနှင့် အချင်းများခဲ့ပြီး လူစားလဲချိန်တွင် စပါးအသင်းပရိသတ်များကို ၎င်းအနေဖြင့် ပရီးမီးယားလိဂ်တစ်ကြိမ်ရဖူးပြီး စပါးအသင်းမရဖူးသည်ကို လက်အမူအရာဖြင့် လုပ်ပြခဲ့ကြောင်းသိရသည်။

Most Read

Most Recent