နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်အား ခေါ်ယူရန် ချယ်လ်ဆီးအသင်း ဆွေးနွေးနေပြီး ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေးချေရဖွယ်ရှိ

နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်အား ခေါ်ယူရန် ချယ်လ်ဆီးအသင်း ဆွေးနွေးနေပြီး ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေးချေရဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 29 June 2024

 

ချယ်လ်ဆီးအသင်းသည် နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်အား ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီး ၎င်းအတွက် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေးချေရဖွယ်ရှိနေကြောင်း ဗြိတိိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့် (၆)သာ ရရှိခဲ့သည့် ချယ်လ်ဆီးအသင်းသည် ရာသီသစ်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး နည်းပြအဖြစ် လက်စတာနည်းပြ မာရက်စ်ကာကို ခန့်အပ်ထားသည်။ ချယ်လ်ဆီးအသင်းသည် ကစားသမားသစ်များ ခေါ်ယူရန် စီစဉ်နေပြီး ယခုအခါ တိုက်စစ်ပိုင်းအတွက် နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို ပစ်မှတ်ထားလာခြင်းဖြစ်သည်။ 

Daily Mail ၏ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းသည် အီဆက်ခ်အား ခေါ်ယူရန်အတွက် နယူးကာဆယ်အသင်းနှင့်ဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။ အသက် (၂၅)နှစ်အရွယ်ရှိ အီဆက်ခ်၏ ပြောင်းရွှေ့ကြေးမှာ လက်ရှိ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်သည့် ချယ်လ်ဆီး ကွင်းလယ်ကစားသမား ကိုင်စီဒို(ပေါင် ၁၁၅ သန်း)ထက် ပိုများဖွယ်ရှိကြောင်း သိရသည်။ 

အသက် (၂၄) နှစ်အရွယ်ရှိ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဆက်ခ်သည် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ ပွဲ (၄၀)တွင် (၂၅)ဂိုး သွင်းယူခဲ့ပြီး ဥရောပထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်သည်။ အီဆက်ခ်သည် ၂၀၂၂ ခုနှစ်တွင် နယူးကာ ဆယ်သို့ ပေါင်(၆၃)သန်းဖြင့်ရောက်ရှိလာခဲ့ပြီး လက်ရှိ ၎င်း၏စျေးကွက်ပေါက်ကြေးမှာ အဆိုပါပြောင်းရွှေ့ကြေး၏ နှစ်ဆရှိနေကြောင်း သိရသည်။ အီဆက်ခ်သည် နယူးကာဆယ်တွင် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၃၅) ဂိုးသွင်းယူထားပြီး ပထမရာသီ၌ ရုန်းကန်ခဲ့ရသော်လည်း ပြီးခဲ့သည့်ရာသီက ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သူဖြစ်သည်။ 

ချယ်လ်ဆီးအသင်းသည် လက်ရှိတွင် ဘာစီလိုနာလူငယ်နောက်ခံကစားသမား မက်ဂူယီအား ခေါ်ယူရန် သဘောတူညီမှုရထားပြီဖြစ်ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် ရာသီသစ်အတွက် ဂိုးသမား၊ ကွင်းလယ်ကစားသမား၊ တောင်ပံကစားသမားနှင့် တိုက်စစ်ကစားသမားများ ထပ်မံခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ 

Most Read

Most Recent