Mascot ဘဝကနေ ယူရိုပြိုင်ပွဲဆီရောက်လာသူ အင်္ဂလန်ကြယ်ပွင့်သစ် အဒမ်ဝါတန် (Life)

Mascot ဘဝကနေ ယူရိုပြိုင်ပွဲဆီရောက်လာသူ အင်္ဂလန်ကြယ်ပွင့်သစ် အဒမ်ဝါတန် (Life)
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 15 June 2024
AK

ပရီးမီးယားလိဂ်ကို ရောက်ရောက်ချင်းပဲ ၀ါတန်က ချီးကျုးရမယ့်စွမ်းရည်ပြသနိုင်ခဲ့ပါတယ်။ ရာသီဝက်အတွင်းမှာပဲ ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် အီဇီ၊ မူနော့ဇ်တို့နဲ့ Chance Created ၂၁ ကြိမ် တူညီခဲ့ပါတယ်။ ပြီးတော့ ဂိုးဖန်တီးမှု ၃ ကြိမ်လုပ်ပြီး မူနော့ဇ် ၄ ကြိမ်ပြီးရင် ခရစ္စတယ်ပဲလေ့စ်ရဲ့ ဂိုးဖန်တီးမှုအများဆုံး ဖြစ်ခဲ့ပါတယ်။ ၀ါတန်က ဖန်တီးမှုအပိုင်းသာမကဘဲ ခံစစ်အမြင်လည်း ထက်မြက်ခဲ့တယ်။ လျှောထိုးဖျက်ထုတ်ပြီး ဘောလုံးရယူနိုင်မှု ၃၅ ကြိမ်၊ လေထဲနဲ့ မြေပေါ်ဘောလုံးယှဉ်လုနိုင်မှု ၇၉ကြိမ်ရှိခဲ့ပါတယ်။ အခုလိုမျိုး အင်္ဂလန်လက်ရွေးစင်ခပ်မြန်မြန်ဖြစ်ပြီး ယူရို၂၀၂၄ ကစားခွင့်ရမယ်လို့ ၀ါတန် မတွေးထားခဲ့ဘူး။ ၀ါတန်က "ကျွန်တော်က ကိုယ့်ကိုယ်ကို ဘယ်တုန်းကမှ စိတ်တိုင်းမကျနိုင်ပါဘူး။ ကစားပုံကောင်းခဲ့လည်း ပိုကောင်းအောင်လုပ်သင့်ခဲ့တယ်ဆိုပြီး ပြန်တွေးနေမိတယ်။ ပြီးပြည့်စုံတဲ့သူဆိုတာမရှိပါဘူး။ ကျွန်တော်က ငယ်ရွယ်သေးလို့ ပြီးပြည့်စုံအောင်အများကြီး ကြိုးစားရဦးမယ်။ အင်္ဂလန်အသင်းမှာကစားခွင့်ရတာ သိပ်ပြီးထူးခြားကောင်းမွန်ပါတယ်။ တကယ်လို့ အင်္ဂလန်အသင်းမှာ ရွေးချယ်မခံရဘူးဆိုလည်း နောက်တစ်ခါကစားခွင့်ရအောင် ကျွန်တော် ပြင်ဆင်ထားမှာပါ"လို့ ပြောခဲ့တယ်။

 

Most Read

Most Recent