လိဒ်စ်ဆယ်ကျော်သက်ကို စပါး ကြိုးပမ်းလာ

လိဒ်စ်ဆယ်ကျော်သက်ကို စပါး ကြိုးပမ်းလာ
Photo : Getty Images
Photo : Getty Images
Published 1 July 2024

စပါးအသင်းသည် လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်စ်အသင်းမှ ဘရန့်ဖို့ဒ်အသင်း၏ကမ်းလှမ်းမှုကို ငြင်းပယ်ပြီးနောက် ဆယ်ကျော်သက်ကွင်းလယ်လူ အာချီဂရေးအား ခေါ်ယူရန် ကြိုးပမ်းလာကြောင်း သိရသည်။

အသက်(၁၈)နှစ်သာရှိသေးသည့် အာချီဂရေးအတွက် ပြောင်းရွှေ့ကြေးကို Add-ons ကြေးအပါအဝင် ပေါင်သန်း(၄၀)ဖြင့် ဘရန့်ဖို့ဒ်အသင်းက ကမ်းလှမ်းခဲ့သော်လည်း စာချုပ်ပါအချက်အလက်များတွင် သဘောတူညီမှု မရရှိခဲ့ခြင်း ဖြစ်သည်။

အာချီဂရေးသည် ဘရန့်ဖို့ဒ်အသင်းနှင့် ဆေးစစ်မှုခံယူရန် ပြီးခဲ့သည့် စနေနေ့က ခရီးသွားခဲ့သော်လည်း အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရသည်။

စပါးအပြင် ပရီးမီးယားလိဂ်ထိပ်တန်းကလပ်များဖြစ်သည့် လီဗာပူးလ်၊ ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းများကလည်း အာချီဂရေးကို စိတ်ဝင်စားခဲ့ကြသည်။

အာချီဂရေးသည် လိဒ်စ်ကစားသမားဟောင်း အန်ဒီဂရေး၏ သားဖြစ်ပြီး အင်္ဂလန်သက်တမ်းလိုက်အသင်းများတွင် ပါဝင်ကစားလျက်ရှိကာ အင်္ဂလန်ယူ-၂၁ အသင်းအတွက် (၂)ပွဲကစားကာ (၁)ဂိုး သွင်းယူပေးခဲ့သည်။

အာချီဂရေးအနေဖြင့် ပြီးခဲ့သည့်ရာသီက လိဒ်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၅၂)ပွဲ ကစားပေးခဲ့ပြီး လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲ၏ အကောင်းဆုံးလူငယ်ကစားသမားဆု ဆွတ်ခူးနိုင်ခဲ့သည်။ 

Most Read

Most Recent