■ မန်စီးတီးအသင်းတွင် ပုံမှန်ကစားခွင့်မရသည့် အယ်လ်ဗာရက်ဇ်ကို အက်သလက်တီကိုမက်ဒရစ် ခေါ်ယူလို     

■ မန်စီးတီးအသင်းတွင် ပုံမှန်ကစားခွင့်မရသည့် အယ်လ်ဗာရက်ဇ်ကို အက်သလက်တီကိုမက်ဒရစ် ခေါ်ယူလို     
Photo: Getty Images
Photo: Getty Images
Published 7 June 2024

လာလီဂါ ထိပ်တန်းကလပ်အသင်းကြီးတစ်သင်းဖြစ်သည့် အက်သ လက်တီကိုမက်ဒရစ်အသင်းသည် မန်စီးတီးအသင်းတွင် ပုံမှန်ကစားခွင့် မရဖြစ်နေသည့် အာဂျင်တီးနားလူ ငယ်ကြယ်ပွင့်တိုက်စစ်မှူး ဟူလီယန် အယ်လ်ဗာရက်ဇ်အား ခေါ်ယူလိုနေကြောင်း သိရှိရသည်။

    

အက်သလက်တီကိုမက်ဒရစ် အသင်းတွင် အာဂျင်တီးနားလက်ရွေးစင်ကစားသမားများဖြစ်သည့် မိုလီနာ၊ ဒီပေါလ်နှင့် အန်ဟယ်လ်ကော်ရီယာတို့ ရှိနေသည်။ 

ထို့ကြောင်း အက်သလက်တီကိုမက်ဒရစ်အသင်းသည် ယင်းကစားသမားများထံမှတစ်ဆင့် အယ်လ်ဗာရက်ဇ်ကို စည်းရုံးလျက်ရှိကြောင်းလည်း သိရှိရသည်။ 

အယ်လ်ဗာရက်ဇ် သည် မန်စီးတီးအသင်း တစ်ရာသီအတွင်း ဖလား (၃) လုံး အောင်မြင်မှုကို ဆွတ်ခူးခဲ့သည့် ၂၀၂၂-၂၃ ရာသီက အသင်း၏ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့သည်။ 

သို့သော် အယ်လ်ဗာရက်ဇ်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင်မူ ပွဲ ထွက်ကစားခွင့်ရသည့် ပွဲစဉ်နည်းပါး ခဲ့ပြီး အသင်း၏ အဓိကပွဲစဉ်များတွင် လည်း အရန်ကစားသမားအဖြစ်သာ တောက်လျှောက်နေရာရခဲ့သည့်အ တွက် မပျော်မရွှင်ဖြစ်နေသည်။ 

Most Read

Most Recent