ရက်ကလစ်ဖ်နှင့် တူဟယ်လ် တွေ့ဆုံဆွေးနွေးခဲ့

ရက်ကလစ်ဖ်နှင့် တူဟယ်လ် တွေ့ဆုံဆွေးနွေးခဲ့
Photo : Getty Images
Photo : Getty Images
Published 10 June 2024

မန်ယူအသင်း၏ ရှယ်ယာရှင် ဆာဂျင်ရက်ကလစ်ဖ်သည် ဘိုင်ယန်မြူးနစ် နည်းပြဟောင်း သောမတ်စ်တူဟယ်လ်နှင့် မိုနာကိုတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။

ရက်ကလစ်ဖ်သည် မန်ယူအသင်းတွင် ရှယ်ယာ(၂၅%)သာ ပိုင်ဆိုင်ထားသော်လည်း ဘောလုံးရေးရာကိစ္စများကို စီမံခန့်ခွဲခွင့် ရရှိထားသူဖြစ်သည်။

၎င်းသည် လက်ရှိအချိန်၌ နည်းပြ တန်ဟက်ဂ်ကို အသင်းတွင် ဆက်လက်ထားရှိခြင်းပြု၊ မပြု ဆုံးဖြတ်ရန်အတွက် ပြီးခဲ့သည့်ရာသီ စွမ်းဆောင်ရည်များကို ပြန်လည်သုံးသပ်လျက်ရှိသည်။

တန်ဟက်ဂ်၏ အနာဂတ်နှင့်ပတ်သက်၍ သတင်းအမျိုးမျိုးထွက်ပေါ်နေပြီး အများစုကမူ ရာထူးမှ ထုတ်ပယ်ခံရတော့မည်ဟု ထင်ကြေးပေးနေကြသည်။

ယင်းအခြေအနေတွင် ရက်ကလစ်ဖ်သည် မန်ယူနည်းပြရာထူးအား စိတ်ဝင်စားသည်ဟု ဝန်ခံခဲ့ဖူးသော ဂျာမန်နည်းပြ တူဟယ်လ်နှင့် ပြီးခဲ့သည့်အင်္ဂါနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မန်ယူအသင်းသည် တန်ဟက်ဂ်၏အနာဂတ်အတွက် ဆုံးဖြတ်ချက်ကို ယခုရက်သတ္တပတ်အတွင်း ချမှတ်တော့မည်ဖြစ်ကြောင်း လည်း Daily Mail က ဖော်ပြခဲ့သည်။ တန်ဟက်ဂ်နေရာ အစားဝင်ရန် ချယ်လ်ဆီးနည်းပြဟောင်း ပိုချက်တီနိုလည်း ရေပန်းစားနေကြောင်း သိရသည်။

Most Read

Most Recent