■ ဂျီရိုနာနဲ့အတူ တောက်ပလာတဲ့ ယူကရိန်းကြယ်ပွင့်  (သို့မဟုတ်) ဒေါ့ဗ်ဘိခ် 

■ ဂျီရိုနာနဲ့အတူ တောက်ပလာတဲ့ ယူကရိန်းကြယ်ပွင့်  (သို့မဟုတ်) ဒေါ့ဗ်ဘိခ် 
Photo: Sky Sports
Photo: Sky Sports
Published 26 April 2024
Lin Oo Eain

ဒီရာသီ ဂျီရိုနာရဲ့ အမြင့်ပျံခရီးက စိတ်ဝင်စားဖို့ အရမ်းကောင်းတယ်။ သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အကောင်းဆုံးအနေအထားတစ်ရပ်ကို ပိုင်ဆိုင်ထားတယ်။ အထူးသဖြင့် သူတို့ရဲ့ အိမ်ကွင်းစွမ်းဆောင်ရည်က အထင်ကြီးစရာဖြစ်ပြီး လာလီဂါအိမ်ကွင်းနောက်ဆုံး (၁၀)ပွဲမှာ (၉)ပွဲအထိ အနိုင်ရခဲ့တယ်။ ဆိုချင်တာက ဂျီရိုနာ ကြယ်ပွင့်တိုက်စစ်မှူး ဒေါ့ဗ်ဘိခ်အကြောင်း။ သူ့ကို ဂျီရိုနာရဲ့ ဂိုးသွင်းစက်လို့ ညွှန်းဆိုရမယ်။ ဒေါ့ဗ်ဘိခ်က ဒီရာသီ လာလီဂါသွင်းဂိုး (၁၈)ဂိုးအထိ သွင်းထားပြီး ဂိုးသွင်းဘုရင်ဆုအတွက် ထိပ်ဆုံးက ဦးဆောင်နေတယ်။ သူ့ရဲ့ သွင်းဂိုးတွေက အသင်းနိုင်ပွဲတွေအတွက် အခရာကျခဲ့တာကိုလည်း တွေ့ရတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလကဆိုရင် တစ်လတာအကောင်းဆုံးကစားသမားဆုကိုရယူနိုင်တဲ့အထိ ဒေါ့ဗ်ဘိခ်ရဲ့ ကွင်းတွင်းခြေစွမ်းက အထင်ကြီးစရာကောင်းခဲ့တယ်။ ဒါကြောင့်လည်း ဒေါ့ဗ်ဘိခ်ဟာ အချိန်တိုအတွင်း ဂျီရိုနာပရိသတ်တွေရဲ့ အချစ်တော်ကစားသမား ဖြစ်လာခဲ့တယ်။

 

Most Read

Most Recent