ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ရန် ရီးယဲလ်နှင့် မိမိတို့ အခွင့်အရေး (၅၀-၅၀)စီ ရှိနေသည်ဟု သောမတ်စ်တူဟယ်လ် ပြောကြား

ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ရန် ရီးယဲလ်နှင့် မိမိတို့ အခွင့်အရေး (၅၀-၅၀)စီ ရှိနေသည်ဟု သောမတ်စ်တူဟယ်လ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 7 May 2024

ဘိုင်ယန်မြူးနစ်အသင်း၏နည်းပြ သောမတ်စ်တူဟယ်လ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ရန် ရီးယဲလ်နှင့်  မိမိတို့ အခွင့်အရေး (၅၀-၅၀)စီ ရှိနေသည်ဟု သုံးသပ်ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်နှင့် ရီးယဲလ်အသင်းသည် လာမည့် ဗုဒ္ဓဟူးနေ့တွင် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

၎င်းတို့သည် ဂျာမန်မြေတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပထမအကျော့ပွဲတွင် (၂-၂)ဂိုးဖြင့် သရေကျခဲ့သည့်အတွက် စပိန်မြေ၌ အဆုံးအဖြတ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် အိမ်ကွင်းတွင် သရေသာ ကစားနိုင်ခဲ့သောကြောင့် ရီးယဲလ်အသင်းက ဗိုလ်လုပွဲသို့ တက်ရောက်ရန် ပိုမိုရေပန်းစားနေသည်။

သို့သော် သောမတ်စ်တူဟယ်လ်က နှစ်သင်းစလုံးအတွက် အခွင့်အရေးဆတူအနေအထားဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''အခြေအနေက ရှင်းရှင်းလင်းလင်းရှိပါတယ်။ ကျွန်တော်တို့ မက်ဒရစ်မှာ နိုင်ပွဲရယူပြီး ဝင်ဘလေကို ခရီးဆက်ဖို့ ကြိုးစားမှာပါ။ နှစ်သင်းစလုံးအတွက် (၅၀-၅၀)စီ အခွင့်အရေးရှိနေတဲ့ပွဲပါပဲ။ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြပါစို့''ဟု တူဟယ်လ်က ပြောကြားခဲ့သည်။

 

Most Read

Most Recent