ဆိုစီဒက်ကွင်းလယ်လူ ဇူဘီမန်ဒီအား ခေါ်ယူရန် အာဆင်နယ်အသင်း ကြိုးပမ်း

ဆိုစီဒက်ကွင်းလယ်လူ ဇူဘီမန်ဒီအား ခေါ်ယူရန် အာဆင်နယ်အသင်း ကြိုးပမ်း
Photo: Getty Images
Photo: Getty Images
Published 11 May 2024

 

အာဆင်နယ်အသင်းသည် ဆိုစီဒက်အသင်းမှ စပိန်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီအား ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။ 

အသက် ၂၅ နှစ်အရွယ်ရှိ ဇူဘီမန်ဒီသည် ဆိုစီဒက်အသင်းတွင် ခြေစွမ်းပြနေသူဖြစ်ပြီး ၎င်းကိုခေါ်ယူရန် ဘာစီလိုနာ၊ အာဆင်နယ်အပါအဝင် ဥရောပထိပ်တန်း အသင်းများစွာက စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။ 

ထို့ကြောင့် အာဆင်နယ်အသင်းသည် နွေရာသီအပြောင်းအရွှေ့စျေးကွက် မဖွင့်မီကပင် ဇူဘီမန်ဒီအား လက်ဦးမှုရယူကာ ခေါ်ယူရန် ကြိုးပမ်းဖွယ်ရှိနေကြောင်း သိရှိရသည်။ 

ဇူဘီမန်ဒီသည် ဆိုစီဒက်အသင်း နှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေ သူဖြစ်ပြီး ၎င်း၏စာချုပ်လျော်ကြေးမှာ ပေါင် ၅၁ ဒသမ ၆ သန်းသာ ရှိကြောင်း သိရသည်။ 

အာဆင်နယ်အသင်းသည် အဆိုပါစာချုပ်လျော်ကြေးကို ပေးချေရန်အသင့်ရှိနေပြီး ဇူဘီမန်ဒီကလည်း အာဆင်နယ်သို့ပြောင်းရွှေ့ဖွယ်ရှိကြောင်း Sport က ဖော်ပြခဲ့သည်။ 

Most Read

Most Recent