လီဗာပူးလ်နည်းပြဘဝနောက်ဆုံးပွဲစဉ်မတိုင်မီ အန်ဖီးလ်ကွင်း၌ တစ်ဦးတည်းရှိနေသည့် ကလော့ပ်၏ဓာတ်ပုံကြောင့် လီဗာပူးလ်ပရိသတ်များ ကြေကွဲ

လီဗာပူးလ်နည်းပြဘဝနောက်ဆုံးပွဲစဉ်မတိုင်မီ အန်ဖီးလ်ကွင်း၌ တစ်ဦးတည်းရှိနေသည့် ကလော့ပ်၏ဓာတ်ပုံကြောင့် လီဗာပူးလ်ပရိသတ်များ ကြေကွဲ
Photo : X
Photo : X
Published 15 May 2024

လီဗာပူးလ်အသင်းပရိသတ်များသည် ယခုရာသီကုန်တွင်အသင်းနှင့်လမ်းခွဲမည့် နည်းပြ ကလော့ပ်အား ၎င်း၏နောက်ဆုံးပွဲစဉ်မတိုင်မီ အန်ဖီးလ်ကွင်းတွင် တစ်ဦးတည်းမြင်တွေ့ ခဲ့ရပြီးနောက် ကြေကွဲခဲ့ကြကြောင်း သိရှိရသည်။

လီဗာပူးလ်အသင်းကို (၉)နှစ်ကြာ ကိုင်တွယ်ခဲ့သည့် ဂျာမန်လူမျိုး နည်းပြ ကလော့ပ်သည် မေလ (၁၉) ရက်တွင် ကစားမည့် ဝုလ်ဗ်အသင်းနှင့် ပရီးမီးယားလိဂ်ရာသီပိတ် အိမ်ကွင်းပွဲစဉ်ကို နောက်ဆုံးနှုတ်ဆက်ပွဲအဖြစ် ကိုင်တွယ်မည်ဖြစ်သည်။

ကလော့ပ်သည် ၁၉၉၂ မှ စတင်အမည် ပြောင်းလဲခဲ့သည့် ပရီးမီးယားလိဂ်ခေတ်တွင် လီဗာပူးလ်အသင်း၏ အအောင်မြင်ဆုံးနည်းပြဖြစ်သည်။ ၎င်းသည် လီဗာပူးလ်အသင်းကို ၂၀၁၉ တွင် ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့သလို၊ နောက်(၁)နှစ်အကြာဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် ပရီးမီးယားလိဂ်ဖလားကို ရယူပေးနိုင်ခဲ့ပြီး ဆုဖလား (၈)လုံးရအောင် ရယူပေးခဲ့သည်။

ကလော့ပ်သည် ၎င်း၏နောက် ဆုံးနှုတ်ဆက်ပွဲမတိုင်မီ အန်ဖီးလ်ကွင်းလယ်စည်း၌ တစ်ဦးတည်း မတ်တပ်ရပ်နေသည့် ဓာတ်ပုံထွက်ပေါ်လာခဲ့သည်။

ကလော့ပ်အနေဖြင့် နှုတ်ဆက် ဗီဒီယိုရိုက်နေခြင်းဖြစ်မည်ဟု မီဒီယာများက ဖော်ပြနေကြသည်။ ကလော့ပ်၏ဓာတ်ပုံထွက်ပေါ်လာပြီးနောက် လူမှုကွန်ရက်များတွင် လီဗာပူးလ်ပရိသတ်များက "ကလေးလိုပဲ ငိုရတော့မယ်"၊ "အစားထိုးမရတဲ့ လူကြီး"၊ "နှလုံးကြေကွဲရပါတယ်။ (၉)နှစ်လုံး အသင်းရဲ့အရေးပါဆုံးအစိတ်အပိုင်းဖြစ်ခဲ့တာ"ဟု ရေးသားခဲ့ကြသည်။

Most Read

Most Recent