အသင်းအတွက် အာရုံစိုက်ရမည့်အချိန် ရောက်ရှိလာပြီဟု ကစားသမားများကို ဂွါဒီယိုလာ သတိပေး

အသင်းအတွက် အာရုံစိုက်ရမည့်အချိန် ရောက်ရှိလာပြီဟု ကစားသမားများကို ဂွါဒီယိုလာ သတိပေး
Photo : Getty Images
Photo : Getty Images
Published 5 August 2024

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ချယ်လ်ဆီးနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ရာသီကြိုခြေစမ်းပွဲအပြီးတွင် အသင်းအတွက် အပြည့်အဝအာရုံစိုက်ရမည့်အချိန် ရောက်ရှိလာပြီဟု သတိပေးပြောကြားခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် အမေရိကန်ခရီးစဉ်တွင် ခြေစမ်းပွဲ(၄)ပွဲယှဉ်ပြိုင်ကစားခဲ့ရာ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ချယ်လ်ဆီးနှင့်တစ်ပွဲသာ အနိုင်ရရှိခဲ့သည်။

သို့သော် ဂွါဒီယိုလာက ခြေစမ်းပွဲများမှာ အရေးမကြီးသောကြောင့် ရာသီသစ်အတွက် ယခုမှ အာရုံစိုက်ရန် လိုအပ်ကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် သြဂုတ်(၁၀)ရက်တွင် မန်ယူအသင်းနှင့် ကွန်မြူနတီဒိုင်းပွဲ ယှဉ်ပြိုင်ကစားရတော့မည်ဖြစ်ပြီး သြဂုတ်(၁၈)တွင် ပရီးမီးယားလိဂ်အဖွင့် ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

"အရေးကြီးတဲ့ပွဲစဉ်တွေအတွက် စစ်မှန်တဲ့ပြင်ဆင်မှုက အခုမှ စတင်မှာပါ။ တစ်ပတ်အတွင်း ရာသီသစ် စတင်တော့မှာပါ။ ဒီမှာ ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရတာ တကယ်ကျေနပ်စရာပါပဲ" ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

Most Read

Most Recent