မန်စီးတီးအသင်းသည် မိမိ၏နှလုံးသားတွင် အမြဲရှိနေမည်ဖြစ်ကြောင်း အယ်လ်ဗာရက်ဇ် ပြောကြား

မန်စီးတီးအသင်းသည် မိမိ၏နှလုံးသားတွင် အမြဲရှိနေမည်ဖြစ်ကြောင်း အယ်လ်ဗာရက်ဇ် ပြောကြား
Photo: X
Photo: X
Published 14 August 2024

 

အက်သလက်တီကိုမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် အာဂျင်တီးနားတိုက်စစ်ကစားသမား အယ်လ်ဗာရက်ဇ်က မန်စီးတီးအသင်းသည် မိမိ၏နှလုံးသားထဲတွင် အမြဲရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ဒီနေ့ အံ့အားသင့်စရာကောင်းတဲ့အသင်းကို ခံစားမှုများစွာနဲ့ နှုတ်ဆက်စကားပြောရပါပြီ။ ထူးခြားတဲ့ နှစ်နှစ်တာကာလကို ကျွန်တော် ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒီကာလအတွင်းမှာ ကျွန်တော့် အနေနဲ့ ကစားသမား တစ်ယောက်အနေနဲ့ရော လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ပါ အများကြီး သင်ယူခဲ့ရ၊ ကြီးပြင်းခဲ့ရပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ကျွန်တော့်နှလုံးသားရဲ့ အရေးပါတဲ့နေရာမှာ အမြဲရှိနေပါလိမ့်မယ်။ အနာဂတ်မှာ ပြိုင်ပွဲတိုင်းအောင်မြင်မှုပါစေလို့ ဆန္ဒပြုပြီး ဘယ်နေရာ ရောက်ရောက် အသင်းကို ဆက်လက်အားပေးသွားမှာပါ"ဟု အယ်လ်ဗာရက်ဇ်က နှုတ်ဆက်စကားဆိုခဲ့သည်။  

အက်သလက်တီကိုအသင်းသည် အယ်လ်ဗာရက်ဇ်အတွက် ကနဦးပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း  (ပေါင် ၆၄.၄ သန်း) ပေးချေရမည့်အပြင် Add-ons ကြေး ယူရို သန်း ၂၀ ပါဝင်ကြောင်း သိရသည်။ ယင်းပြောင်းရွှေ့ကြေးမှာ မန်စီးတီးအသင်း ၏ကစားသမားရောင်းချမှုတွင် တန်ဖိုးအမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

မန်စီးတီးအသင်းသည် ယခင်က အင်္ဂလန်တောင်ပံကစားသမား စတာလင်ကို ချယ်လ်ဆီးအသင်းထံ ရောင်းချရာ၌ ယူရို ၅၈ သန်းဖြင့် အမြင့်ဆုံးဖြစ်ခဲ့သည်။ အယ်လ်ဗာရက်ဇ်သည် ပရီးမီးယားလိဂ်မှ ကစားသမားရောင်းချမှုတွင် Add-ons ကြေးအပါအဝင် ကော်တင်ဟို(ဘာစီလိုနာ၊ ပေါင် ၁၄၆ သန်း)၊ ဟာဇက်(ရီးယဲလ်၊ ပေါင် သန်း ၁၃၀)၊ ဟာရီကိန်း(ဘိုင်ယန်၊ ပေါင် သန်း ၁၀၀)၊ ဘေးလ် (ရီးယဲလ်၊ ပေါင် ၈၅.၃ သန်း)ပြီးနောက် ပဥ္စမအမြင့်ဆုံးဖြစ်ခဲ့သည်။

အက်သလက်တီကို၏ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမား ၁၀ ဦး

ကစားသမား        ကလပ်        ပြောင်းရွှေ့ကြေး(ယူရို)

ဂျော်အိုဖေးလစ်        ဘင်ဖီကာ        ၁၂၇.၂ သန်း

အယ်လ်ဗာရက်ဇ်        မန်စီးတီး        ၇၅ သန်း

လူမာ            မိုနာကို        ၇၂ သန်း

ဒီယေဂိုကော်စတာ        ချယ်လ်ဆီး    ၆၀ သန်း

ဖယ်လ်ကာအို        ပေါ်တို        ၄၀ သန်း

ဗီတိုလို            ဆီဗီလာ        ၃၅.၆ သန်း

ဒီပေါလ်            အူဒီးနီးစ်        ၃၅ သန်း

မိုရာတာ            ချယ်လ်ဆီး    ၃၅ သန်း

J.မာတီနက်ဇ်        ပေါ်တို        ၃၅ သန်း

ကန်ညာ            ဟာသာဘာလင်    ၃၅ သန်း

Most Read

Most Recent