မန်ယူအသင်းတာဝန်ရှိသူများသည် ကစားသမားသစ်များခေါ်ယူရန် စိတ်အားထက်သန်နေကြောင်း နည်းပြ တန်ဟက်ဂ် ပြောကြား

မန်ယူအသင်းတာဝန်ရှိသူများသည် ကစားသမားသစ်များခေါ်ယူရန် စိတ်အားထက်သန်နေကြောင်း နည်းပြ တန်ဟက်ဂ် ပြောကြား
Photo: X
Photo: X
Published 5 August 2024

မန်ယူအသင်းနည်းပြ တန်ဟက်ဂ်က ကလပ်၏ခေါင်းဆောင်ပိုင်းအသစ်ဖြစ်သည့် တာဝန်ရှိသူများသည် ကစားသမားသစ်များခေါ်ယူရန် စိတ်အားထက်သန်နေကြောင်း ပြောကြားခဲ့သည်။

တန်ဟက်ဂ်သည် သြဂုတ် (၃)ရက်က အမေရိကခရီးစဉ် နောက်ဆုံးခြေစမ်းပွဲအဖြစ် လီဗာပူးလ်အသင်းအား (၀-၃)ဂိုးဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့သည့် ပွဲအပြီးတွင် ယခုကဲ့သို့ ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

တန်ဟက်ဂ်က အသင်းတာဝန်ရှိသူအသစ်များဖြစ်သည့် ဘောလုံးဒါရိုက်တာ ဒန်းအက်ရှ်ဝါ့သ်၊ နည်းစနစ်ဒါရိုက်တာ ဂျေဆင်ဝဲလ်ကော့နှင့် အမှုဆောင်ချုပ် အိုမာဘယ်ရာဒါတို့သည် အသင်းပူးတွဲပိုင်ရှင်သစ်များဖြစ်သော ဆာဂျင်ရက်ကလစ်ဖ်၏ INEOS ကုမ္ပဏီနှင့်အတူ ကြိုးကြိုးစားစားလုပ်ဆောင်နေသည်ကို သိရှိထားကြောင်း မှတ်ချက်ပြုခဲ့သည်။

''ဒါက ပြောရဆိုရတာ အမြဲခက်ပါတယ်။ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ကျွန်တော် အမြဲရှာဖွေနေသလို၊ ခေါင်းဆောင်သစ်ဟာ အပြောင်းအရွှေ့တွေပြုလုပ်ဖို့ စိတ်အားထက်သန်နေပါတယ်။ သူတို့ လုပ်ဆောင်နေတာပါ။ ဒါပေမဲ့ အချိန်ကျဖို့နဲ့ အခွင့်အလမ်းတွေရလာဖို့ စောင့်ဆိုင်းရပါမယ်''ဟု တန်ဟက်ဂ်က ပြောကြားခဲ့သည်။

မန်ယူအသင်းတွင် ရာသီမစမီမှာပင် ခြေစမ်းပွဲများတွင် နောက်ခံလူသစ် ယိုဟိုနှင့် တိုက်စစ်မှူး ဟွိုင်လန်းတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ကာလကြာရှည် အနားယူရဖွယ်ရှိသည်။

သတင်းများတွင် ဖော်ပြချက်အရ ယိုဟိုသည် သုံးလခန့် နားရဖွယ်ရှိနေပြီး ဟွိုင်လန်းမှာမူ ရက်သတ္တပတ် ခြောက်ပတ်ခန့် ကစားနိုင်မည်မဟုတ်ကြောင်း သိရသည်။

Most Read

Most Recent