ယူရိုပွဲစဉ်များမှာ ပျင်းစရာကောင်းသည်ဟု သြစတြီးယားနည်းပြ ရန်းညက် ဆို

ယူရိုပွဲစဉ်များမှာ ပျင်းစရာကောင်းသည်ဟု သြစတြီးယားနည်းပြ ရန်းညက် ဆို
Photo: ESPN
Photo: ESPN
Published 4 July 2024

သြစတြီးယားနည်းပြ ရန်းညက်က ယူရိုပွဲစဉ်များကို ကြည့်ရသည်မှာ ပျင်းစရာကောင်းပြီး အိပ်ငိုက်ကြောင်း ပြောကြားခဲ့သည်။

ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲရန်ရေပန်းစားသည့် အင်္ဂလန်၊ ပြင်သစ်နှင့် ပေါ်တူဂီအသင်းတို့မှာ ပရိသတ်များမျှော်လင့်ထားသလို ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ဝေဖန်ခံနေရသည်။

တူရကီကို(၁-၂)ဂိုးဖြင့် ရှုံးနိမ့်ပြီး ယူရိုပြိုင်ပွဲမှ ထွက်ခဲ့ရသည့် သြစတြီးယားနည်းပြ ရန်းညက်က ''တခြားအသင်းတွေ ကစားတဲ့ ယူရိုပွဲစဉ်တွေကို ကြည့်ရတာ အိပ်ငိုက်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ပွဲစဉ်တွေမှာ အဲဒီလိုအိပ်ငိုက်နေဖို့ အချိန်မရှိခဲ့ပါဘူး''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent