ဂရင်းဝုဒ်ကို ပရီးမီးယားလိဂ် (၂) သင်း စိတ်ဝင်စား

ဂရင်းဝုဒ်ကို ပရီးမီးယားလိဂ် (၂) သင်း စိတ်ဝင်စား
Photo: MUIP
Photo: MUIP
Published 9 May 2024

ပရီးမီးယားလိဂ်ကလပ်အသင်း (၂) သင်းသည် ဂီတာဖေးအသင်းတွင် အငှားသွားရောက်ကစားနေသည့် မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်အား ခေါ်ယူရန်စိတ်ဝင်စားနေကြကြောင်း The Telegraph က ဖော်ပြခဲ့သည်။

ဂရင်းဝုဒ်သည် ယခုရာသီတွင် ဂီတာဖေးအတွက် ပြိုင်ပွဲစုံ (၃၂) ပွဲတွင် (၁၀) ဂိုးသွင်းယူခဲ့သည်။

ထို့ကြောင့် ၎င်းကိုခေါ်ယူရန် လာလီဂါထိပ်သီးများဖြစ်သည့် ဘာစီလိုနာနှင့် အက်သလက်တီကိုတို့ စိတ်ဝင်စားနေကြပြီး ယခုအခါ ပရီးမီးယားလိဂ်အသင်း (၂)သင်းကပါ စိတ်ဝင်စားလာခြင်းဖြစ်သည်။

မန်ယူအသင်းသည် ဂရင်းဝုဒ်ကို ပေါင်သန်း (၄၀) မှ ပေါင် (၄၅)သန်းကြား ရရှိပါက ရောင်းထုတ်ဖွယ်ရှိကြောင်း သိရှိရသည်။ 

Most Read

Most Recent