အင်တာမီလန်အသင်းနှင့် အမြန်ဆုံးသက်တမ်းတိုးနိုင်ရန် တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ် ဆန္ဒရှိနေ

အင်တာမီလန်အသင်းနှင့် အမြန်ဆုံးသက်တမ်းတိုးနိုင်ရန် တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ် ဆန္ဒရှိနေ
Photo: Fabrizio
Photo: Fabrizio
Published 20 May 2024

အင်တာမီလန်အသင်း၏ အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ် (၂၆ နှစ်)သည် အသင်းနှင့် အမြန်ဆုံးသက်တမ်းတိုးနိုင်ရန် ဆန္ဒရှိနေပြီး လာမည့်တစ်ပတ်အတွင်း ဆွေးနွေးသွားဖွယ်ရှိနေကြောင်း အီတလီအားကစားသတင်းစာ Football Italia ကဖော်ပြခဲ့သည်။

အင်တာမီလန်အသင်း၏ အသင်းခေါင်းဆောင်ဖြစ်သူ လော်တာရိုမာတီနက်ဇ်သည် အသင်း၏ ၂၀၂၃-၂၄ ဘောလုံးရာသီ စီးရီးအေချန်ပီယံဆုအောင်ပွဲအတွက် သွင်းဂိုးများဖြင့် ကူညီပေးနိုင်ခဲ့သလို၊ ကစားသမားဘဝ ပထမဆုံးအကြိမ် စီးရီးအေရွှေဖိနပ်ဆုရယူနိုင်ရန်လည်း အခွင့်အရေးကောင်းလျက်ရှိနေသည်။

လော်တာရိုမာတီနက်ဇ်အား ခေါ်ယူရန်အတွက် ဥရောပထိပ်တန်းအသင်းကြီးများစွာက ပစ်မှတ်ထားနေသော်လည်း ကစားသမားကိုယ်တိုင်ကမူ အင်တာမီလန်အသင်းတွင် ပျော်ရွှင်နေပြီး ချန်ပီယံလိဂ်ဆုဖလားအတွက် တိုက်ပွဲဝင်သွားရန် ပစ်မှတ်ထားနေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

လော်တာရိုမာတီနက်ဇ်သည် အင်တာမီလန်အသင်းအတွက် (၆)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၈၁)ပွဲကစားခဲ့ရာတွင် (၁၂၉)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည်။

Most Read

Most Recent