ပရီးမီးယားလိဂ်ခေတ် နိုင်ပွဲအများဆုံးစံချိန်ကို အာဆင်နယ်အသင်း လိုက်မီ

ပရီးမီးယားလိဂ်ခေတ် နိုင်ပွဲအများဆုံးစံချိန်ကို အာဆင်နယ်အသင်း လိုက်မီ
Photo: now.arsenal
Photo: now.arsenal
Published 6 May 2024

အာဆင်နယ်အသင်းသည် ဘုန်းမောက်အသင်းကို အနိုင်ရသည့်ပွဲတွင် ပရီးမီးယားလိဂ်ခေတ် နိုင်ပွဲအများဆုံးစံချိန်ကို လိုက်မီခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ပထမတန်းခေတ်တွင် တစ်ရာသီအတွင်း နိုင်ပွဲ(၂၉)ပွဲအထိ ရယူနိုင်ခဲ့သော်လည်း ပရီးမီးယားလိဂ်ခေတ်တွင်မူ အများဆုံးနိုင်ပွဲ (၂၆)ပွဲသာ ရယူနိုင်ခဲ့သည်။

ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိခဲ့သည့် ၂၀၀၁-၀၂၊ ၂၀၀၃-၀၄ ရာသီနှင့် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီတို့တွင် နိုင်ပွဲ(၂၆)ပွဲ ရရှိခဲ့ခြင်းဖြစ်သည်။

ယခုရာသီတွင် ပြိုင်ပွဲပြီးဆုံးရန် (၂)ပွဲအလို၌ပင် နိုင်ပွဲ(၂၆)ပွဲ ရရှိခဲ့ခြင်းဖြစ်ပြီး လက်ကျန်နှစ်ပွဲတွင် အနိုင်ရရှိခဲ့ပါက ပရီးမီးယားလိဂ်ခေတ် နိုင်ပွဲစံချိန်သစ် တင်နိုင်မည်ဖြစ်သည်။

Most Read

Most Recent