၀ါရင့်ကွင်းလယ်လူ မိုဒရစ်အား အသင်းတွင်ဆက်ရှိစေရန် ရီးယဲလ်ပရိသတ်များ သံပြိုင်ဟစ်ကြွေးတောင်းဆိုခဲ့

၀ါရင့်ကွင်းလယ်လူ မိုဒရစ်အား အသင်းတွင်ဆက်ရှိစေရန် ရီးယဲလ်ပရိသတ်များ သံပြိုင်ဟစ်ကြွေးတောင်းဆိုခဲ့
Photo: Fabrizio
Photo: Fabrizio
Published 13 May 2024

ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်များသည် မေ (၁၁)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ် (၃၅) ဂရန်နာဒါ (၀-၄) ရီးယဲလ်မက်ဒရစ်ပွဲစဉ်တွင် အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ကစားခဲ့သည့် အသက် (၃၈)နှစ်အရွယ် ခရိုအေးရှားဝါရင့်ကွင်းလယ်လူ လူကာမိုဒရစ်အား အသင်းတွင်ဆက်ရှိစေရန်အတွက် သံပြိုင်ဟစ်ကြွေးတောင်းဆိုခဲ့ကြောင်း သိရသည်။

မိုဒရစ်နှင့် ရီးယဲလ်မက်ဒရစ်တို့၏ လက်ရှိစာချုပ်မှာ လာမည့်နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအချိန်အထိ သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုရန် အဆင်မပြေသေးသည့် အပေါ် ရီးယဲလ်ပရိသတ်များက အမြန်ဆုံးအဆုံးသတ်နိုင်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

မိုဒရစ်သည် ရီးယဲလ်အသင်းတွင် ၂၀၁၂-၁၃ ရာသီမှစတင်ကာ ကစားခဲ့သူဖြစ်ပြီး (၁၂) ရာသီအတွင်း အသင်းအတွက် ပြိုင်ပွဲစုံ (၅၃၁)ပွဲကစားရာတွင်  (၃၉) ဂိုးသွင်းယူကာ စံချိန်တင်ဆုဖလား (၂၅) လုံးအထိရရှိထားသူဖြစ်သည်။

ရီးယဲလ်အသင်းအနေဖြင့်လည်း အသင်း၏ဝါရင့်ကစားသမား မိုဒရစ်အား တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေပြီး လက်ရှိတွင် စာချုပ်သစ်အတွက် ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

Most Read

Most Recent