သြစတြီးယားနှင့်ပွဲတွင် ပိုလန်ပရိသတ်တစ်ဦး ပွဲကြည့်စင်ပေါ်မှ ပြုတ်ကျ

သြစတြီးယားနှင့်ပွဲတွင် ပိုလန်ပရိသတ်တစ်ဦး ပွဲကြည့်စင်ပေါ်မှ ပြုတ်ကျ
Photo: Getty Images
Photo: Getty Images
Published 24 June 2024

ပိုလန် ၁-၃ သြစတြီးယားပွဲတွင် ပိုလန်ပရိသတ်တစ်ဦး ပွဲကြည့်စင်ပေါ်မှ ပြုတ်ကျခဲဲ့သည့်အတွက် ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း သိရသည်။

ယင်းပွဲကို ဘာလင်မြို့မှ အိုလံပစ်ကွင်းတွင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး သြစတြီးယားပရိသတ်များ အောင်ပွဲခံနေစဉ် ပိုလန်ပရိသတ် ပြုတ်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် (၃)မီတာအမြင့်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး သတိလစ်သွားသည့်အတွက် ကွင်းအတွင်းမှ ဆေးအဖွဲ့က အရေးပေါ်ကုသပေးခဲ့ပြီးနောက် ဆေးရုံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပရိသတ် အမှန်တကယ်ပြုတ်ကျခြင်းဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent