■ သြဂုတ်(၂၈)ရက်တွင် တိုနာလီ ပြန်ကစားနိုင်မည်ဟု နယူးကာဆယ်အသင်း အတည်ပြု     

■ သြဂုတ်(၂၈)ရက်တွင် တိုနာလီ ပြန်ကစားနိုင်မည်ဟု နယူးကာဆယ်အသင်း အတည်ပြု     
Photo: Getty Images
Photo: Getty Images
Published 16 August 2024

နယူးကာဆယ်အသင်းက အီတလီကွင်းလယ်ကစားသမား တိုနာလီသည် သြဂုတ်(၂၈)တွင် ပြန်ကစားနိုင်မည်ဟု အတည်ပြုကြေညာခဲ့သည်။ 

တိုနာလီသည် လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းတွင် ပွဲပယ်ပြစ်ဒဏ်(၁၀)လ ချမှတ်ခံခဲ့ရသူဖြစ်သည်။ 

တိုနာလီ၏ အဆိုပါပွဲပယ်ပြစ်ဒဏ်မှာ သြဂုတ်(၂၇)တွင် အဆုံးသတ်မည်ဖြစ်ပြီး ၎င်းသည် ရာသီကြိုကာလကတည်းက အသင်းနှင့်အတူ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။ 

ထို့ကြောင့် နယူးကာဆယ်အသင်းက တိုနာလီသည် သြဂုတ်(၂၈)တွင် အသင်းအတွက် ပြန်ကစားနိုင်တော့မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။

အသက် (၂၄) နှစ်အရွယ်ရှိ အီတလီကွင်းလယ်ကစားသမား တိုနာလီအနေဖြင့် နယူးကာဆယ်အသင်း၏ ပရီးမီးယားလိဂ်ရာသီအစ ပွဲစဉ် (၃) ပွဲကို လွဲချော်ဦးမည်ဖြစ်ပြီး စက်တင်ဘာ (၁) ရက်တွင် စပါးအသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်တွင်မှ ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent