■ မာ့ခ်ဂူဟီအတွက် နယူးကာဆယ်အသင်းထံမှ တတိယအကြိမ်မြောက် ကမ်းလှမ်းမှုကို ခရစ္စတယ်ပဲလေ့စ် ငြင်းဆန်ပယ်ချခဲ့ပြန်     

■ မာ့ခ်ဂူဟီအတွက် နယူးကာဆယ်အသင်းထံမှ တတိယအကြိမ်မြောက် ကမ်းလှမ်းမှုကို ခရစ္စတယ်ပဲလေ့စ် ငြင်းဆန်ပယ်ချခဲ့ပြန်     
Photo: Getty Images
Photo: Getty Images
Published 16 August 2024

ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းသည် အသင်း၏ နောက်ခံလူ မာ့ခ်ဂူဟီအတွက် နယူးကာဆယ်အသင်းထံမှ တတိယအ ကြိမ်မြောက်ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပြန်ကြောင်းသိရှိရသည်။

    

ဂူဟီသည် ချယ်လ်ဆီးအသင်း လူငယ်စီမံကိန်းထွက်ကစားသမားတစ်ဦးဖြစ်ပြီး ပဲလေ့စ်အသင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့သဖြင့် ပြီးခဲ့သည့်ရာသီကတည်းက လီဗာပူးလ်အ င်း၏ စိတ်ဝင်စားခြင်းကိုခံခဲ့ရသူဖြစ်သည်။ 

သူသည် ပြီးခဲ့သည့် ယူရို-  ၂၀၂၄  ပြိုင်ပွဲတွင် အင်္ဂလန်အသင်း၏ အဓိကနောက်ခံလူတစ်ဦးအဖြစ် ခြေစွမ်းပြကစားခဲ့သူဖြစ်ပြီး နယူးကာဆယ်အသင်းက အသင်း၏ခံစစ်ပိုင်းကို အားဖြည့်ရန်အတွက် ဂူဟီကို ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

    

ပဲလေ့စ်အသင်းသည် နယူးကာဆယ်အသင်းထံမှ ကနဦးပေးချေမှု ပေါင် (၅၅) သန်းအပြင် Add-ons အဖြစ် နောက်ထပ် ပေါင် (၅)သန်းဖြင့် ကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့ခြင်းဖြစ်သည်။ 

ပဲလေ့စ်အသင်းကမူ ကနဦးပေးချေမှု ပေါင်သန်း (၆၀) နှင့် Add-ons နောက်ထပ် ပေါင် (၅) သန်းဖြင့်ကမ်းလှမ်းမှုကို စောင့်မျှော်နေခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent