ပေါင် (၈၈)သန်းတန် မူဒရစ်သည် လက်ရှိတွင် (၁) ပေါင်ပင် မတန်တော့ကြောင်း ချယ်လ်ဆီးနောက်ခံလူဟောင်း လီဘော့ဖ် ဝေဖန်

ပေါင် (၈၈)သန်းတန် မူဒရစ်သည် လက်ရှိတွင် (၁) ပေါင်ပင် မတန်တော့ကြောင်း ချယ်လ်ဆီးနောက်ခံလူဟောင်း လီဘော့ဖ် ဝေဖန်
Photo: Chelsea Photos
Photo: Chelsea Photos
Published 11 July 2024

ချယ်လ်ဆီးနောက်ခံလူဟောင်း လီဘော့ဖ်က ပေါင် (၈၈)သန်းဖြင့် ဝယ်ယူခဲ့သည့် ယူကရိန်းတောင်ပံကစားသမား မူဒရစ်သည် လက်ရှိတွင် (၁) ပေါင်ပင် မတန်တော့ဘဲ ချယ်လ်ဆီးနည်းပြသစ် မာရက်စကာအနေဖြင့် ၎င်းနေရာတွင် အစားထိုးသင့်ကြောင်း ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ၂၀၂၃ ဇန်နဝါရီတွင် မူဒရစ်(၂၃ နှစ်)ကို ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်းမှ Add-ons ကြေးများအပါအဝင် ပေါင်(၈၈) သန်းဖြင့် ခေါ်ယူခဲ့သည်။

သို့သော် မူဒရစ်သည် ပြောင်းရွှေ့ကြေးနှင့် ထိုက်တန်သည့်ခြေစွမ်း ပြသနိုင်ခြင်းမရှိဘဲ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၅၈) ပွဲကစားရာတွင် (၇)ဂိုးသာ သွင်းယူထားသည်။

လီဘော့ဖ်က ''မူဒရစ်က ဘာတန်ဖိုးမှမရှိတော့ပါဘူး။ ချယ်လ်ဆီးအနေနဲ့ သူ့ကိုရောင်းထုတ်ရင် ပိုက်ဆံရမှာ မဟုတ်ပါဘူး။ မူဒရစ်က ဘယ်နည်းပြနဲ့ဖြစ်ဖြစ် တိုးတက်လာမှာလည်း မဟုတ်ပါဘူး။ မူဒရစ်ကို ဘယ်အသင်း ဝယ်မလဲ။ ကျွန်တော်ဆိုရင် မူဒရစ်ကို ပေါင် (၁၀) သန်းမပြောနဲ့ (၁) ပေါင်နဲ့ ရမယ်ဆိုရင်တောင် မဝယ်ပါဘူး။ ချယ်လ်ဆီးက သူ့နေရာမှာ အစားထိုးမယ့်သူကို ခေါ်ရမှာပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent