မေဂျာလိဂ်သို့ စပိန်နောက်ခံလူ ရာမို့စ် ပြောင်းရွှေ့ကစားဖွယ်ရှိ

မေဂျာလိဂ်သို့ စပိန်နောက်ခံလူ ရာမို့စ် ပြောင်းရွှေ့ကစားဖွယ်ရှိ
Photo: Transfermarkt
Photo: Transfermarkt
Published 18 May 2024

 

ဆီဗီလာအသင်းမှ စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်သည် မေဂျာလိဂ်ပြိုင်ပွဲသို့ ပြောင်းရွှေ့ကစားရန် ဆန်ဒီယေဂို FC အသင်းနှင့် ဆွေးနွေးနေကြောင်း သိရသည်။ 

အသက်(၃၈) နှစ်ရှိပြီဖြစ်သူ ရာမို့စ်သည် ဆန်ဒီယေဂိုအသင်းနှင့် အပြီးသတ်သဘောတူညီမှု မရရှိသေးကြောင်း The Athletic က ဖော်ပြခဲ့သည်။ 

The Athletic ၏သတင်းရင်းမြစ်များက ရာမို့စ်သည် ကမ္ဘာတစ်ဝန်းက အခြားကမ်းလှမ်းမှုများလည်း ရရှိထားပြီး ဆန်ဒီယေဂိုအသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ချက်မချမီ စဉ်းစားဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။ 

ရာမို့စ်အနေဖြင့် ဆီဗီလာအသင်းတွင် တစ်ကျော့ပြန်ကစားနေခြင်းဖြစ်ပြီး စာချုပ်မှာ ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ 

Most Read

Most Recent