အီတလီကိုမကြောက်ဟု ဆွစ်ဇာလန်နည်းပြ ပြောကြား

အီတလီကိုမကြောက်ဟု ဆွစ်ဇာလန်နည်းပြ ပြောကြား
Photos: X
Photos: X
Published 27 June 2024

ဆွစ်ဇာလန်နည်းပြ မူရတ်ယာကင်က ရှုံးထွက် (၁၆)သင်းအဆင့်တွင် ရင်ဆိုင်ရမည့် လက်ရှိယူရိုချန်ပီယံ အီတလီအသင်းကို မကြောက်ကြောင်း ပြောကြားခဲ့သည်။

ဆွစ်ဇာလန်အသင်းသည် ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်အဖြစ် အီတလီအသင်းနှင့် ဇွန်လ (၂၉) ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အီတလီအသင်းနှင့် တွေ့ဆုံမည့်အပေါ် မူရတ်ယာကင်က ''အီတလီနဲ့ တွေ့နေတာကြောင့် ကျွန်တော်တို့က အောက်အသင်းပါ။ ဒါပေမဲ့ ဂျာမနီကို သရေကစားနိုင်ခဲ့တာက ကျွန်တော်တို့ကို ယုံကြည်မှုတိုးစေပါတယ်။ အီတလီနဲ့ပွဲမှာ သတိထားကစားမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အီတလီကို ကြောက်စရာမရှိသလို၊ စိုးရိမ်နေဖို့လည်း မလိုပါဘူး''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent