■ ဂိုးသမား စကော့ကာဆန်ကို မန်စီးတီးအသင်း တစ်နှစ်သက်တမ်းတိုး     

■ ဂိုးသမား စကော့ကာဆန်ကို မန်စီးတီးအသင်း တစ်နှစ်သက်တမ်းတိုး     
Photo: Getty Images
Photo: Getty Images
Published 24 May 2024

မန်စီးတီးအသင်းသည် အင်္ဂလန်ဂိုးသမား စကော့ကာဆန်(၃၈ နှစ်)ကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။ 

စကော့ကာဆန်သည် မန်စီးတီးအသင်းတွင် ပြိုင်ပွဲစုံ(၂)ပွဲသာ ကစားခွင့်ရရှိထားသူဖြစ်သော်လည်း မန်စီးတီးအသင်းက ဆက်လက်ထိန်းသိမ်းထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

"ကျွန်တော် နေ့တိုင်း ပြင်းပြင်းထန်ထန်ကြိုးပမ်းနေပြီး နည်းပြ ဂွါဒီယိုလာဆီကလည်း အသစ်အသစ်တွေ သင်ယူနေပါတယ်။ အသင်းရဲ့ ဂိုးသမားတွေကို ကူညီနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု စကော့ကာဆန်က ပြောကြားခဲ့သည်။