၎င်းအား အရန်အဖြစ်သာ အသုံးပြုခဲ့သည့် အသင်းနည်းပြအား ဝေဖန်ခဲ့သည့် ဆားဘီးယားအသင်းခေါင်းဆောင် တာဒစ် ပြန်လည်တောင်းပန်ခဲ့ရ

၎င်းအား အရန်အဖြစ်သာ အသုံးပြုခဲ့သည့် အသင်းနည်းပြအား ဝေဖန်ခဲ့သည့် ဆားဘီးယားအသင်းခေါင်းဆောင် တာဒစ် ပြန်လည်တောင်းပန်ခဲ့ရ
Photo : Getty Images
Photo : Getty Images
Published 20 June 2024

ဆားဘီးယားအသင်းခေါင်းဆောင် တာဒစ်သည် အင်္ဂလန်အား ရှုံးနိမ့်သည့်ပွဲတွင် ၎င်းအား အရန်အဖြစ်သာ အသုံးပြုခဲ့သည့် အသင်းနည်းပြ စတွိုက်ချ်ကိုဗစ်ကိုဝေဖန်ခဲ့ခြင်းအတွက် ပြန်လည်တောင်းပန်ခဲ့ရကြောင်း သိရှိရသည်။

တာဒစ်(၃၅ နှစ်)သည် ဆားဘီးယား (ဝ-၁) အင်္ဂလန်ပွဲ၌ ပွဲထွက်ကစားခွင့်မရဘဲ ပွဲချိန် (၆၁) မိနစ်တွင်မှ မီထရိုဗစ်အစား လူစားဝင်ကစားခွင့်ရခဲ့သည်။ ယင်းပွဲအပြီးတွင် တာဒစ်က "ကျွန်တော်က အသင်းခေါင်းဆောင်ဖြစ်သလို ဦးဆောင်သူလည်း ဖြစ်ပါတယ်။ ပြီးတော့ အသင်းမှာအကောင်းဆုံးဖြစ်လို့ ကျွန်တော် ပွဲထွက်ခွင့်ရသင့်ပါတယ်"ဟု ပြောကြားခဲ့သည်။

ယင်းအတွက် တာဒစ်မှာ နည်းပြနှင့် အသင်းဖော်များ၏ အမြင်မကြည် ခြင်းကို ခံခဲ့ရကြောင်း သိရသည်။ ထို့နောက် ဆားဘီးယားဘောလုံးအဖွဲ့ ချုပ်သည် လက်ရွေးစင်အသင်းကို အစည်းအဝေးလုပ်ခိုင်းကာ တာဒစ်အား နည်းပြကို ပြန်လည်တောင်းပန်စေခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ 

Most Read

Most Recent