ကိုပါအမေရိကပြိုင်ပွဲမှ လျှော့တွက်လိုမရတဲ့ အသင်းတွေ

ကိုပါအမေရိကပြိုင်ပွဲမှ လျှော့တွက်လိုမရတဲ့ အသင်းတွေ
Photo : Goal
Photo : Goal
Published 27 June 2024
Hein Thant

လက်ရှိကျင်းပနေပြီဖြစ်တဲ့ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအထိသွားရာလမ်းကြောင်းကို ရေးဆွဲထားမှုက ရိုးရှင်းတယ်။ အုပ်စု (က)နဲ့ (ခ)မှအသင်းတွေအတွက်တစ်လမ်း၊ အုပ်စု (ဂ)နဲ့ (ဃ)မှအသင်းတွေအတွက်တစ်လမ်းဆို ပြီးပုံဖော်ထားတယ်။ ဒီလိုပွဲစဉ်လမ်းကြောင်းအရ အုပ်စု (က)အာဂျင်တီးနား၊ ပီရူး၊ ချီလီ၊ ကနေဒါ၊ အုပ်စု (ခ) ဗင်နီဇွဲလား၊ မက္ကဆီကို၊ အီကွေဒေါ၊ ဂျမေကာစတဲ့အသင်း (၈)သင်းထဲကတစ်သင်း ဗိုလ်လုပွဲအထိရောက်မယ်။ ကျန်တဲ့အောက်ခြမ်း အုပ်စု (ဂ)နဲ့ (ဃ)မှ ဥရုဂွေး၊ အမေရိကန်၊ ပနားမား၊ ဘိုလစ်ဗီးယားနဲ့ ကိုလံဘီယာ၊ ဘရာဇီးလ်၊ ကော်စတာရီကာ၊ ပါရာဂွေးတို့ (၈)သင်းထဲက တစ်သင်း ဗိုလ်လုပွဲအထိရောက်နိုင်ခွင့်ရှိနေတယ်။

 

Most Read

Most Recent