ပင်းတယမြို့နယ် ဓနုဒေသမှ ရှေးဟောင်းမြို့ ပွေးလှ

ပင်းတယမြို့နယ် ဓနုဒေသမှ ရှေးဟောင်းမြို့ ပွေးလှ
တမဲကျောင်းရှိ တမဲဘုရား၊ ဆုတောင်းပြည့် မြစေတီဘုရားကြီးကို ဖူးတွေ့ရစဉ် (ဓာတ်ပုံ - စည်သာ (တောင်ကြီး))
တမဲကျောင်းရှိ တမဲဘုရား၊ ဆုတောင်းပြည့် မြစေတီဘုရားကြီးကို ဖူးတွေ့ရစဉ် (ဓာတ်ပုံ - စည်သာ (တောင်ကြီး))
Published 30 June 2024
စည်သာ (တောင်ကြီး)

ဓနုတိုင်းရင်းသားဒေသဖြစ်သော ရွာငံ၊ ပင်းတယကို စာရေးသူအနေဖြင့် လွန်စွာနှစ်ခြိုက် သဘောကျမိသည်။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကျန်ရှိသေးခြင်း၊ စိမ့်စမ်းရေတံခွန်လိုဏ်ဂူနှင့် တောတောင်ရှုခင်းများ သဘာဝအတိုင်း တည်ရှိခြင်း ၊ မြေလပ်ဒေသ ရှုမျှော်ခင်းများ အံ့မခန်းလှပခြင်း၊ ကျေးလက်ဒေသ အငွေ့အသက်များကို အပြည့်အဝ ခံစားရခြင်းနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု များကို စုံလင်စွာ လေ့လာနိုင်ခြင်းတို့ကြောင့် နှစ်ခြိုက်မိခြင်းဖြစ်သည်။

          ထို့ကြောင့် အားလပ်ရက်တိုင်း ဓနုဒေသ ကို လေ့လာရေးခရီးထွက်ဖြစ်သည်။ တောင် ကြီး၊ ရွှေညောင်၊ တောင်လေးလုံး ၊ ဟဲဟိုး ရောက်လျှင် ဓနုဒေသခရီးစဉ် အစပြုပါတော့ သည်။ အနီးဆုံးလမ်းမှာ ဟဲဟိုးမှ ဘော်ဆိုင်း သွားသော ၁၉ မိုင်လမ်းအတွင်း ဝင်သွားလျှင် ပင်းတယသွားသော လမ်းခွဲများစွာရှိသည်။

          ထိုဘော်ဆိုင်းလမ်းအတိုင်းဝင်လျှင် တောင်မြေခြားကျေးရွာ ဖြတ်ရသည်။ ထိုလမ်း အတိုင်း ပင်းတယသွားရန် ဖြတ်လမ်း သုံးလမ်း ရှိပါသည်။ (၁) ပွေးလှလမ်းအတိုင်းသွားလျှင် ပွေးလှမှ ပင်းတယသို့ ရှစ်မိုင်လမ်းကြောင်း တစ်ခု၊ (၂) ပင်းတယ-သဲကုန်းလမ်း ခုနစ်မိုင် နှစ်ဖာလုံလမ်းကြောင်းတစ်ခု၊ (၃) ဘော်ဆိုင်းမှ ပင်းတယ ၁၂ မိုင် လမ်းကြောင်းတစ်ခုဖြစ် သည်။ ထိုလမ်းသုံးခုအနက် ပင်းတယ- သဲ ကုန်းလမ်းပိုင်းသည် အတိုဆုံးလမ်းပိုင်းဖြစ် ကာ ခုနစ်မိုင်ကျော်ဖြင့် ပင်းတယကို အမြန်ဆုံး ရောက်သောလမ်းလည်းဖြစ်သည်။

          စာရေးသူက ပွေးလှကို သွားရောက်လည် ပတ်လေ့လာမည်ဖြစ်သဖြင့် ပွေးလှလမ်းခွဲအ တိုင်း ဝင်ရောက်ခဲ့သည်။ တောင်ပေါ်လမ်း ကြောင်းအရ ပွေးလှလမ်းတွင် မြောက်မြေခြား ရွာရောက်ရှိပြီး သိကြားမင်းဆက်သသော ဖောင်တော်ဦးမြတ်စွာဘုရားကို ဦးစွာ ဖူးမြင် နိုင်သော်လည်း ယခုဆောင်းပါးတွင် ပွေးလှမြို့ အကြောင်းကိုသာ ဦးစွာဖော်ပြပါမည်။

ပွေးလှ သမိုင်း

 

          ပင်းတယရောက်လျှင် မဖြစ်မနေ အသွား သင့်ဆုံးနေရာတစ်ခုမှာ ပွေးလှပင်ဖြစ်သည်။ ပွေးလှသည် ယခင်က အိမ်ခြေထောင်ကျော် နေထိုင်ခဲ့သော ရှေးမြို့ဖြစ်ကာ ယခုအခါ ကျေး ရွာအုပ်စုအဆင့်ပင်ရှိသည်။ ရှေးက ပင်းတယ မြို့၊ ပွေးလှမြို့၊ ကျုံးမြို့များသည် စော်ဘွား အုပ်ချုပ်ခဲ့သော ဒေသများဖြစ်သည်။ ပွေးလှ နယ်သည် ပင်းတယမြို့နယ်တွင် ပါဝင်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၄၄၄ ပေ မြင့်သည်။

          ပွေးလှမြို့သည် “ဥသြဧစီ ပွေးလှတည်” ဆိုသည့်မှတ်တမ်းအရ ကောဇာသက္ကရာဇ် ၁၁၁၃ ခုနှစ်တွင် တည်ခဲ့ရာ ရှေးကျသောမြို့ ဖြစ်ပြီး ပင်းတယမြို့ထက် နှစ်ပေါင်းများစွာ စောသည်။

          “တစ်လီသုံးလုံး၊ နောက်ဆုံးခြင်္သေ့၊ ဂဏန်းတွေ့” ဟူသော လင်္ကာအရ မြန်မာသက္က ရာဇ် ၁၁၁၃ ခုနှစ်၊ ခရစ်နှစ် ၁၇၅၁ ခု၊ သာသ နာနှစ် ၂၂၈၅ ခုနှစ်တွင် ပွေးလှမြို့ကို တည်ခဲ့ ကြောင်းသိရသည်။ ကောဇာသက္ကရာဇ် ၁၁၁၃ နှစ်တွင် တည်ခဲ့သဖြင့် မြို့တည်နှစ်သက်တမ်း ၂၇၂ နှစ် ရှိကာ မန္တလေးမြို့ထက်ပင် မြို့ဝါအား ဖြင့် ၁၀၈ နှစ်ကြီးကြောင်း တွက်ချက်နိုင်ပေ သည်။

          ထို့ပြင် ကျုံးကျေးရွာသည် ၁၉၅၉ စော် ဘွားများ အာဏာစွန့်ချိန်တွင် အောင်ပန်းမြို့ နယ်အတွင်း တည်ရှိခဲ့သော်လည်း ၁၉၆၅ အောက်တိုဘာ ၁ ရက် နောက်ပိုင်း ပင်းတယ မြို့နယ်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။                  သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း အလိုအရ ဇမ္မူဒီပ ဥဆောင်းကျမ်းတွင် ပွေး လှမြို့ပါဝင်သော်လည်း ပင်းတယမပါဝင်ပေ။ ဆိုလိုသည်မှာ အင်းဝခေတ် ၊ ညောင်ရမ်းခေတ် အထိ ပင်းတယ မတွေ့ခြင်းဖြစ်သည်။ ပင်းတ ယ လိုက်ဂူအတွင်းမှ ရှေးအကျဆုံးဆင်းတု တော် ရက်စွဲ ၁၇၇၂ ဖြစ်ခြင်းကြောင့် ပင်းတယ လိုက်ဂူနှင့် မြို့သည် ၁၈ ရာစုရောက်မှ ပေါ် ပေါက်လာသည်ဟု ယူဆကြောင်း ဓနုကြေးမုံ စာအုပ်တွင် ဖော်ပြထားသည်။

          ပွေးလှမြို့ကို မင်းရွှေအောင် စတင်အုပ် ချုပ်ခဲ့ပြီး ငွေခွန်မှူးအဆက်ဆက် အုပ်ချုပ်ခဲ့ သည်။ နောက်ဆုံးငွေခွန်မှူးများ ဖြစ်ကြသော မောင်စောညွန့် (၁၈၈၆-၁၉၁၄)၊ စောစံမြ (၁၉၁၄-၁၉၃၉) ၊ မစ္စတာ ပေါ်လ်တွန်အစိုးရ ကိုယ်စားလှယ် (၁၉၃၉-၁၉၄၉) ၊ စောထွန်းစိန် (၁၉၄၉-၁၉၅၉) တို့က အုပ်ချုပ်ခဲ့ကြသည်။  ဇမ္ဗူဒီပဥဆောင်းကျမ်းတွင် သက္ကရာဇ် ၁၀၂ ခုနှစ်ထက်စော၍ တည်ထောင်ခဲ့ကြောင်း တွေ့ ရသော်လည်း အခြားအထောက်အထားများ မရှိ၍ မြန်မာသက္ကရာဇ် ၁၁၁၃ ခုနှစ်တွင် တည်ထောင်ကြောင်း အတည်ပြုခဲ့သည်။ (ဆက်စပ်၍ပြောရလျှင် ကရင်ပြည်နယ်၊ ကော့ ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တံ ခွန်တိုင်ရွာကြီးသည်ဟည် ပွေးလှနှင့် မြို့တည် နှစ်တူကြောင်း သိရသည်။ တံခွန်တိုင် တည်ရာ ခုနှစ်မှာ၊ မှတ်ပါ “အင်းအိုင်အစ” တည်းဟု ဆိုရိုးရှိသလို ရွှေ့ပြောင်းလာသူများဖြင့်တည် ခဲ့ကြောင်း သိရသည်။)

          ပွေးလှမြို့ တိမ်မြုပ်သွားပုံအကြောင်းကို ဓနုကြေးမုံတွင် ဖော်ပြချက်အရ ပွေးလှမြို့ သည် အင်္ဂလိပ်မတိုင်မီခေတ်တွင် ဆက်သွယ် ရေးဗျူဟာကျသောမြို့ဖြစ်ခဲ့ပြီးကိုလိုနီခေတ် တောင်ကြီး-မိတ္ထီလာ ကားလမ်းပေါ် ပေါက် လာပြီးနောက်ပိုင်း ပွေးလှလမ်းခရီးသွားလာမှု နည်းခဲ့ရသည်။ “မုဆိုးလည်းဆုံး၊ ပွေးလည်း တုံး၏” ဟူသော တဘောင်အတိုင်း ပွေးလှမြို့ သည် အိမ်ခြေတစ်ထောင်ကျော်ရှိရာမှ သုံးရာ အထိ ဆုတ်ယုတ်သွားခဲ့ရကြောင်း သိရသည်။                   ပွေးလှနယ်နှင့် ရာကျော်ဆရာတော် အကြောင်းကိုလည်း စိတ်ဝင်စားဖွယ် လေ့လာ ခဲ့ရသည်။ ရှမ်းမြေလတ်ဒေသ၊ ပင်းတယမြို့ နယ်၊ ပွေးလှမြို့၊ ပွင့်လန်းရွာဇာတိ ဓနုတိုင်း ရင်းသား ဣစ္ဆာသယသိဒ္ဓိရှင် မဟိဒ္ဓိရှင် သဒ္ဓမ္မ ဒေဝကိတ္ထိ အညာသီဟတော ရာကျော်ဆရာ တော်ဘုရားကြီး၏ တစ်ဘဝ သာသနာမှာ လည်း ထူးခြားမှုများပြည့်နေပါသည်။

          ပွေးလှတွင် ဓနုတိုင်းရင်းသားအများစု နေထိုင်ကြကာ တချို့ကျေးရွာများတွင် တောင် ရိုးများလည်း နေထိုင်ကြသည်။ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြကာ ပွေးလှထွက် ပဲကပ် ကြော်မှာ ထင်ရှားသည်။ ဘော်ဆိုင်းလမ်းမှ ပွေးလှလမ်းအတိုင်းဝင်လာပါက ထူးခြားလှပ သော မြေလပ်ဒေသရှုခင်းများကို အံ့မခန်း မြင်တွေ့ရပါမည်။ တောင်တန်းများ၊ စိုက်ခင်း များ အစီအရီသွယ်တန်းနေပုံမှာ ပန်းချီကား တစ်ချပ်အလားပင်။

          ပွေးလှလမ်းအတိုင်းလာလျှင် မြောက်မြေ ခြားရွာကျော်သည်နှင့် ပွေးလှကိုရောက်ပါ သည်။ မြေခြား- ပွေးလှ ၁၂ မိုင် မောင်းရကာ ပွေးလှမှ ပင်းတယ ရှစ်မိုင် ဝေးပါသည်။ ပွေးလှ မှ ပင်းတယသွားလမ်းအတိုင်း တမဲကျေးရွာ သွားလမ်းရှိကာ ပွေးလှ-တမဲ-ဘော်ဆိုင်း- ပင်းတယတို့သည် ကျေးရွာချင်းဆက်လမ်းများ ချိတ်ဆက်ထားကြသည်။ ထို့ကြောင့် ပွေးလှ၊ သဲကုန်း၊ တမဲ၊ ဘော်ဆိုင်း၊ ပင်းတယရှိ ရှေး ဟောင်းစေတီတော်များ လည်ပတ်ရန်နှစ် သက်သလိုလမ်းကြောင်းရေးဆွဲပြင်ဆင်နိုင်ပါသည်။

 

ဘုရားစေတီတော်များ တည်ရှိသော ပွေးလှ

          ပွေးလှရောက်စဉ် နေ့လယ်စာစားပြီး နောက် မြို့လယ်ကောင်ရှိ မြို့အေးစေတီတော် ကို ဖူးမြော်ရသည်။ ဆိုင်းဘုတ်တွင် မြို့အေး ကျောင်းတိုက် ၊ ပွေးလှမြို့ဟု ရေးထားသည်။ ထိုစေတီတော်မှ ဆက်သွားလျှင် စတုဝိဇယ သုခသာသနာမြေ ကျောင်းဝင်းရှိ ဘုရားများကို ဖူးမြင်ရသည်။ ထိုကျောင်းဝင်း ဘယ်ဘက်ခြမ်း တွင် ရှေးဟောင်းစေတီတော်များ ချုံနွယ်ပိတ် ဖုံးနေကာ ပြိုပျက်နေသည်ကိုလည်း စိတ်မ ကောင်းဖွယ် ဖူးမြင်ရသည်။ ထိုကျောင်းတိုက်မှ ဆရာတော်ကို လျှောက်တင်၍ စကားပြောဆို ရာ ပွေးလှတွင် ရှေးဟောင်းစေတီတော်များ စွာရှိကြောင်း၊ တောင်ပေါ်ဘုရားစေတီတော် များလည်း ရှိကြောင်း၊ ရှေးဟောင်း အမွေအနှစ် လက်ရာများ ဖြစ်ကြောင်း၊ နိုင်ငံခြားသားခရီး သွားဧည့်သည်များ စိတ်ဝင်တစား လာရောက် လေ့လာကြကြောင်း မိန့်သည်။

          သစ်ပင်ချုံနွယ်များပိတ်ဖုံးနေသော စေ တီတော်၊ ညောင်ပင်ငုံ၍ ပေါက်နေသော စေ တီ၊ အုတ်ခဲများအတွင်းမှ ပြိုကျနေသော စေတီ တော်တို့ကို မြင်တွေ့ရသည်။ ထိုမှဆက်သွား လျှင် အလိုတော်ပြည့်စေတီတော်၊ ရုပ်တုများ ပါသော စေတီတော်တို့ကို ဖူးမြင်ရသည်။ ထို နေရာမှ လမ်းနှစ်သွယ်ရှိကာ ကျောက်တော ကျောင်းတိုက်နှင့် ပွင့်လန်းကျေးရွာတို့ကို သွား လမ်းရှိသည်။ (အပြန်တွင် သိရသည်မှာ ထို လမ်းများသည် ပွင့်လန်းကျေးရွာတွင် သွား ရောက်ပေါင်းဆုံခြင်းဖြစ်သည်) ညာဘက် ပွင့် လန်းကျေးရွာလမ်းအတိုင်း သွားလျှင် ပထမ ဆုံးမြင်ရသော ဘုရားမှာ ကိုးဆူတောင်စေတီ တော်မုခ်ဦးဖြစ်သည်။ အပြန်မှ ဘုရားဝင်ဖူး မည်ဟုဆိုကာ တောင်ပေါ်ကျောင်းရှိ တောင် ထိပ်ဘုရားကို ဦးစွာရှာဖွေပါသည်။

          ပွင့်လန်းကျေးရွာ၏ ရွာလယ်လမ်းအ တိုင်းသွားလိုက်ရာ ညာဘက်ကွေ့သော လမ်း အတိုင်း တောင်ပေါ် မြို့ကျောင်းသွားလမ်းကို တွေ့ရသဖြင့် လိုက်သွားရာ ဘုန်းကြီးကျောင်း ကို ဦးစွာရောက်သည်။ ထိုကျောင်းတိုက်တွင် လျောင်းတော်မူဘုရားနှင့် ခြင်္သေ့နှစ်ကောင် ကို မြင်ရသည်။ ရှေးခြင်္သေ့လက်ရာမှာ အင်မ တန် သပ်ရပ်သည်။ ထိုကျောင်းတိုက်မှ တောင် တက်လမ်းအတိုင်း ဆက်တက်ရာ လူတက် လမ်း စောင်းတန်း၊ လူတက်လမ်း မြေသားလှေ ကားထစ်လမ်း နှစ်လမ်းတွေ့ပြီး နောက်ထပ် တစ်နေရာတွင် ကား၊ ဆိုင်ကယ်တက်လမ်းအ တိုင်းတွေ့သဖြင့် တောင်ပေါ်အထိ တက် ရောက်ခဲ့သည်။ ထိုအခါမှ ပွေးလှမြို့၏ တောင် ထိပ်မှ ရှေးဟောင်းဘုရားစေတီတော်များကို ဖူးမြင်ရသည်။

          ထိုဘုရားများအလယ်တွင် သစ္စာမဏ္ဍိုင် ဟု စာရေးထားသော လေးထောင့်စေတီတော် ကို ဖူးမြင်ရသည်။ တက်တက်ချင်း မြင်တွေ့ရ သော စေတီတော်များတွင် ခြင်္သေ့ရုပ်တုများမှာ မျက်လုံးပြူးပြူးနှင့် ပုဂံရွှေစည်းခုံဘုရားရှိ ခြင်္သေ့ရုပ်နှင့် အနည်းငယ်ဆင်သည်။ ပွေးလှ တွင် မြင်တွေ့ရသော ခြင်္သေ့ရုပ်တုများမှာ ထို ဟန်ပန်အတိုင်းပင်ရှိသည်။ အလယ်တွင် တည် ထားသော စေတီတော်ရှိ ခြင်္သေ့ရုပ်မှာ လက် ရာမတူတော့ချေ။ ခေတ်မတူသဖြင့် ရုပ်တု ကွဲပြားခြင်းဟု ယူဆရသည်။ စေတီတော်များ မှာ ရှမ်းလက်ရာ ဟန်ပန်အတိုင်း သွယ်တန်း ရှည်လျားသည်။

          အစွန်ဆုံးစေတီတော်သည် အောက်ခြေ တွင် ထောင့်ချွန်များပါပြီး ရှမ်းရိုးရာကိန္နရီ၊ ကိန္နရာရုပ်တုကိုလည်း ထုလုပ်ထားသည်ကို တွေ့ရသည်။ ဒီဘက်ခြမ်းရှိ စေတီတော်များမှာ အောက်ခြေထုံးဖြူ ၊ စေတီတော် အထက်ပိုင်း ရွှေသင်္ကန်းကပ်လှူထားကြပြီး တစ်ဖက်ခြမ်းရှိ စေတီတော်များတွင် ထုံးဖြူသင်္ကန်းကိုသာ ပူဇော်ထားသည်။ အောက်ကျောင်းတိုက်ရှိ လူ တက်လမ်း စောင်းတန်းထိပ်တွင် ခြင်္သေ့နှစ် ကောင်ရုပ်တုကို မြင်ရပြီး ထိုလက်ရာမှာလည်း ကွဲပြားနေသဖြင့် ထိုနေရာတွင် ခေတ်မတူ သော ခြင်္သေ့ရုပ်သုံးမျိုးကို မြင်တွေ့ရမည် ဖြစ်သည်။

          ပွေးလှတောင်ပေါ်ကျောင်းဘုရား ခေါင်း လောင်းစာတွင် ရေးထားသောစာများကို ဖတ် ကြည့်ရာ သက္ကရာဇ်ကို ဂဏန်းဖြင့် ရေးထား သည်ကို မမြင်ရဘဲ “သက္ကရာဇ် ထောင်ပေါ် တရာ စွမ်ပါငါးဆယ် လေးခုဝယ်” ဟု စာသား အရ သက္ကရာဇ်  ၁၁၅၄ ခု ဟုယူဆမိပါသည်။ ထိုခုနှစ်မှ တွက်စစ်လျှင် ခေါင်းလောင်းသက် တမ်းမှာ နှစ်သက်တမ်း ၂၃၂ နှစ် ကြာမြင့်ပြီဟု (ခန့်မှန်းခြေ) ယူဆနိုင်သည်။

 

တောင်ပေါ် ပွင့်လန်းရွာ ကိုးဆူတောင် စေတီတော်

 

          တောင်ပေါ်မှ ဆင်းလာပြီး လမ်းခုလတ် တွင် ကျေးရွာ၏ ရွာနာမ်ဘုရားကို ရွာရှုခင်း နှင့်အတူမြင်ရသည်။

          ထိုမှအတက်လမ်းတွင် မြင်တွေ့ရသော မုခ်ဦးလမ်းအတိုင်း ဝင်ရောက်ခဲ့ရာ ကိုးဆူ တောင်စေတီတော်ကို ရောက်ပါသည်။ ဦးစွာ ရပ်တော်မူဘုရား ဖူးမြင်ရပြီး တောင်ပေါ်ရှုခင်း အတိုင်း ကြည့်ရှုရာ ပွေးလှကန်၊ အိမ်ခြေများ နှင့် ဘုရားကို မြင်ရသလို တောင်တန်းများ၊ စိုက်ခင်းများကို လှပစွာမြင်ရသည်။

          ကိုးဆူတောင်စေတီတော် ဆိုသည့်အ တိုင်း ဘုရားစေတီတော်များစွာ စီတန်းထား သည်ကို ဖူးမြင်ရပြီး နံဘေးတွင် ရတနာဆင် တော်ပေါ် တည်ထားသော စေတီတော်လည်း တည်ရှိသည်။ စေတီတော် ၁၀ ဆူခန့် တန်းစီ၍ တည်ထားခြင်းဖြစ်ကာ နံဘေးတွင်သုံးဆူ တည် ရှိသည်။ ထိုစေတီတော်အတွင်း တည်ထား သော ဆင်းတုတော်ပုံစံမှာ ရှေးဟောင်းလက် ရာဟုပင် ယူဆမိသည်။ ကိုးဆူတောင်စေတီ တော်သည် ဘုရားရှင်ကိုယ်စား ဓာတ်တော် များကို ထည့်သွင်းဌာပနာ၍ တည်ထားကိုး ကွယ်ခဲ့ကြပြီး သက်တော်ရှည် ကုံလုံဆရာတော် ဘုရားက ဦးစီး၍ ပြန်လည် ပြန်ဆင်ခဲ့ရကြောင်း ကျောက်စာတွင် ရေးထိုးထားသည်။ ထိုဘုရား ဝင်းအတွင်းမှ တစ်ဖက်တောင်ချွန်းပေါ်တွင် ရှိသော တောင်ပေါ်ကျောင်းမှ ဘုရားစေတီ တော် သုံးဆူကို ဖူးမြင်ရသည်။ ထိုတောင်ပေါ် ကျောင်းရှိ တောင်စွန်းဘုရားများကို နေရာ မသိသဖြင့် ကျွန်တော် မရောက်ခဲ့ရပါ။

 

တောင်ပေါ်ပွင့်လန်းကျေးရွာမှ ပေါ်တော်မူဘုရား

 

          ပွင့်လန်းတောင်ပေါ်ရွာမှ ဦးလေးတစ် ယောက်ကို နှုတ်ဆက်ရာ သူက ရွာလမ်းအ တိုင်းသွားရသော ပေါ်တော်မူဘုရားစေတီ တော်များတည်ရှိရာ နေရာကိုလိုက်ပို့သည်။ ထိုနေရာတွင် တရားစခန်းရိပ်သာဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်းကိုလည်း သိရသည်။ ပေါ် တော်မူစေတီတော် အမှတ်စဉ် (၁) မှ (၈) အထိ ရေးသားထားသည်ကို တွေ့ရသည်။ စေတီ တော်ပုံစံမှာ မုခ်ခံလေးထောင့်ပုံစံနှင့် ခေါင်း လောင်းအရှည် ပုံစံနှစ်မျိုးမြင်တွေ့ရသည်။

          ထိုတောင်ပေါ်မှ ဘေးပတ်လည်စိုက် ခင်း ရှုခင်းများကို တောင်ပေါ်မြင်ကွင်းမြင် တွေ့ရကာ ဟိုးအဝေးတောင်ထိပ်တွင် တည် ထားသော နောက်ထပ်ဘုရားစေတီတော် အစု အဝေးများကို ဖူးမြင်ရပြန်သည်။ (ရှမ်းဘုရား ဟုလည်းဆိုသည်။ နာမည်ကို သေချာ မမှတ်မိ ပါ)။ ထိုနေရာကို ကျေးရွာလမ်းအတိုင်း သွား ရောက်ရပြီး အချိန်မရတော့သဖြင့် နောက် တစ်ခေါက် သီးခြားလာရောက် လေ့လာဦးမည် ဟု ဆိုခဲ့သည်။ ထိုကျောင်းဝင်းမှ တစ်ဖက် တောင်ကြောနေရာ လမ်းခုလတ်တွင် အပန်း ဖြေစခန်းတစ်ခု စတင်တည်ဆောက်နေသည် ကို တွေ့ခဲ့ရသည်။

 

ပွေးလှဟော်

 

          ပွေးလှမှအပြန်တွင် ရွှေစလွယ်တော်ရ စဝ်စံမြ၏ ပွေးလှဟော်နန်းကြီးကိုလည်း အပြင် မှ ကြည့်ခဲ့ရသည်။ ဟော်ကို ကျောက်သားများ ဖြင့် ဆောက်ထားသည်။ ဟော်နန်းဆောက်စဉ် အိန္ဒိယလူမျိုးများက ကျောက်စရစ်များကို ထွင်းထုပေးကြောင်း သိရသည်။ ထိုကျောက် သားများဖြင့် လက်ရာမြောက်သော ဟော်ကို တရုတ်လက်သမားများက ဆောက်လုပ်ခဲ့ ကြောင်း သိရသည်။ နှစ် ၁၀၀ သက်တမ်းကျော် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံကို ဥရောပဟန်အသွင်အပြင်ကို မြန်မာမှု မြန်မာ လက်ရာများဖြင့် ထူးခြားစွာမြင်တွေ့ရခြင်း ဖြစ်သည်။

          ပွေးလှစော်ဘွား စောစံမြသည် ဖခင် စောညွန့် ကွယ်လွန်ခဲ့သဖြင့် ၁၉၁၄ ခု ဇူလိုင်လ ၃၁ ရက်တွင်ပွေးလှမြို့စားအဖြစ် ဆက်ခံခဲ့ သူဖြစ်သည်။ ၁၈၉၃ ခုနှစ်တွင် မွေးဖွားပြီး တောင်ကြီးမြို့ ရှမ်းစော်ဘွားများကျောင်းတွင် ပညာသင်ကြားခဲ့သူဖြစ်သည်။ ပွေးလှမြို့စား အပြင် သာမိုင်းခမ်းနယ် (အောင်ပန်းမြို့) ကို လည်း ၁၉၃၀ မှ ၁၉၃၇ ခုနှစ် အထိ ရင်ခွင်ပိုက် အုပ်ချုပ်ခဲ့သူ ဖြစ်သည်။ ကာယဗလသာမက Óဏ်ပညာနှင့် ပြည့်စုံသူဖြစ်သည်။ ပွေးလှ နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြော်အမြင် ကြီးစွာ ကြိုးစားအားထုတ်ခဲ့သူဖြစ်ကာ ခေါင်း ဆောင်ကောင်း ပီသသည်။ ထို့ကြောင့် ၁၉၃၁ ခုနှစ်တွင် အင်္ဂလိပ် အစိုးရ ပေးအပ်ချီးမြှင့်သော ကျက်သရေဆောင်ရွှေစလွယ်ဆု (KSM) ရရှိ ခဲ့ခြင်းဖြစ်သည်။

 

တမဲရွာရှိ ဆုတောင်းပြည့် မြစေတီဘုရားကြီးနှင့် တမဲရွာအနီး စကြာတောင်ဘုရား

 

          ပွေးလှမှ ပင်းတယလမ်းအတိုင်းထွက် လျှင် တမဲသို့ ဆိုင်းဘုတ်ကို မြင်ရပါသည်။ ထို တမဲရွာဆိုင်းဘုတ်နား မရောက်ခင် လမ်းညာ ဘက်တွင် သမိုင်းဝင်ရွှေဂူဘုရားကို ဖူးမြင်ခဲ့ ရသေးသည်။

          ထို့ပြင်ရှေးဟောင်းစေတီပုထိုးများရှိရာ ဆံတော်တောင်လမ်းခွဲကိုလည်း မြင်တွေ့ခဲ့ရ သည်။

          တမဲရွာအဝင်တွင် ထူးခြားသော ညောင် ပင်တန်းများကို လမ်းဘေးတွင် တွေ့ရသည်။ ညောင်ပင်များမှာ လေးငါးခြောက်ပင် တန်းစီ ပေါက်နေသဖြင့် နေပြောက်မထိုးဘဲ ရှုခင်း အတော်ပင် လှပသည်။ တမဲရွာအဝင်မှာပဲ လယ်ကွင်းပြင်နှင့် စကြာတောင် ဘုရားစေတီ များကို တောင်ထိပ်တွင် အဝေးမှပင် ဖူးမြင် ရသည်။ ထိုနေရာမှ ဘုရားအတက်လမ်းကို လည်း လှမ်းမြင်ရသည်။ တကယ်တမ်း စာရေး သူ တက်ခဲ့သောလမ်းမှာ တမဲ-ပင်းတယထွက် လမ်းတောင်တစ်ဘက်မှ တောင်တက်လမ်း ပင်ဖြစ်သည်။

 

စကြာတောင်

 

          ရွာလမ်းဆုံးသောအခါ တမဲကျေးရွာ၊ တမဲကျောင်းကို ရောက်ရှိကာ လမ်းခွဲမှ ညာ ဘက် ဘော်ဆိုင်းသို့၊ ဘယ်ဘက်ခြမ်း ပင်းတယ သွားလမ်းဟု လမ်းညွှန်ပြထားသည်။ ပင်းတယ သွားလမ်းအတိုင်း သွားလိုက်လျှင် ပင်းတယ - အောင်ပန်း သွားလမ်းပေါ် ရောက်ရှိသည်။ တမဲရွာမှ အောင်ပန်း-ပင်းတယလမ်းပေါ် ရောက်ဖို့ နှစ်မိုင် ကျော်သုံးမိုင် နီးပါးဝေးသည်။ တမဲ မြစေတီဘုရားကြီးနှင့် ဗြဟ္မဝိဟာရ ကျောင်းတော်သို့ မုခ်ဦးကို ရွာအဝင်တွင် ပြ ထားသည်။ ရွာအဝင်လမ်းတွင် စကြာတောင် သို့ အုတ်တိုင်ဆိုင်းဘုတ်ပြထားသည့်လမ်း အတိုင်း တောင်ပေါ်သို့တက်လျှင် ပထမ ကျောင်းတော်ရောက်ကာ နောက်ထပ် တောင် တက်လမ်းအတိုင်း ညာဘက်ကို ဆက်တက် သွားပါမှ စကြာတောင်ဘုရားကြီးကို ရောက် သည်။ ပထမရက်တွင် ဆက်တက်သွားရမှန်း မသိသဖြင့် ထိုနေရာမှ ဆင်းလာခဲ့မိသဖြင့် နောက်ထပ်တစ်ကြိမ် စကြာတောင်ကို တက် ရောက်ခဲ့ခြင်းဖြစ်သည်။ တောင်ပေါ်တွင် စကြာတောင်စေတီတော်ကြီးနှင့် အရန်စေတီ တော်များကို ကြည်ညိုဖွယ်ဖူးမြင်ရသည်။ တောင်ခြေတွင် ကျောက်ရိုးနံရံကြီးများကို မြင့် မားစွာ မြင်တွေ့ရကာ အရန်စေတီများကို တည် ဆောက်နေဆဲဖြစ်သည်။ ခြင်္သေ့ကြီးနှစ်ကောင် နှင့် လှေကားအတိုင်း တက်ရောက်လျှင် စကြာ တောင်ဘုရားကို ဖူးမြင်နိုင်ကာ သမီးရည်းစား စုံတွဲများ လုံးဝမလာရန် ဂေါပကအဖွဲ့ သတိ ပေးစာကပ်ထားသည်။

          တောင်ပေါ်ရှုခင်းက သာယာပြီး စေတီ တော်များနှင့် တမဲကျေးရွာအလှကို မြင်တွေ့ရ သည်။

          စကြာတောင်၏ ထူးခြားချက်မှာ ထို တောင်ထွတ်ပေါ်တွင် သာသနာစတင်ပြုခဲ့ သော ဆရာတော်ကြီး ဘဒ္ဒန္တစန္ဒာသူရိယ၏ ရုပ်ကလာပ်တော်အား အမှတ်တရ ပူဇော်ထား ခြင်းပင်ဖြစ်သည်။ ဆရာတော်ကြီးသည် ကျား ကုန်းစိန်သောက်ကျောင်းတွင် အစ်မတော်၏ ပစ္စယာနုဂ္ဂဟကိုခံယူပြီး ရဟန်းပြုတော်မူခဲ့ သည်။ ထို့နောက် နေရာများစွာတွင် နှစ်ပေါင်း များစွာ တရားအားထုတ်တော်မူခဲ့ပြီး နောက် ဆုံး စကြာတောင်ပေါ်သို့ ရောက်ရှိလာကာ တရားအားထုတ်တော်မူခဲ့ခြင်းဖြစ်သည်။

 

တမဲရွာရှိ ဆုတောင်းပြည့် မြစေတီဘုရားကြီး

 

          ထိုလမ်းမှ တမဲရွာအတိုင်း ပြန်ခဲ့ကာ တမဲကျောင်းတွင်ရှိသော ဆုတောင်းပြည့် မြ စေတီဘုရားကြီးကိုလည်း ဝင်ရောက်ဖူးမြော်ခဲ့ သည်။ တမဲဘုရားသည် အလောင်းစည်သူမင်း တည်ထားခြင်းဖြစ်ကာ ဟံသာဝတီကို စွန့်ခွာ လာကြသူများက ဘုရားကို ပြန်လည်ပြုပြင် ပေးခဲ့ကြခြင်းဖြစ်သည်။ တစ်ဖက်ချဘုရား (မှန်ကိုယ်တော်) သည် မြန်မာနိုင်ငံ၏ တစ်ဆူ တည်းသော ဘုရားအဖြစ် တမဲမြစေတီတွင် ပူဇော်ထားရှိသည်။

 

တမဲ ဘုရားသမိုင်းကြောင်းအကျဉ်း

 

          အေဒီ ၁၅၅၉ တွင် ရခိုင်မင်းထံ အမှုထမ်း ရန် ပေါ်တူဂီလူမျိုး ဖီလစ်ဒီဗရစ်တို (ငဇင်ကာ) ရောက်ရှိလာသည်။ ရခိုင်ဘုရင်၏ အခွင့်အ ရေးပေးမှုများကြောင့် မြန်မာနိုင်ငံကို သိမ်း သွင်းရန်အထိ ကြိုးစားခဲ့သူဖြစ်သည်။ ခရစ် ယာန်ဘာသာကို အားပေးပြီး ဗုဒ္ဓဘာသာကို နည်းမျိုးစုံ ဖျက်ဆီးခဲ့သည်။ အေဒီ ၁၅၀၀ တွင် ရခိုင်နှင့် တောင်ငူ ပူးပေါင်းပြီး ဟံသာဝတီ နန္ဒဘုရင်ကို တိုက်ခိုက်ရာတွင် ငဇင်ကာတပ် များက ရခိုင်ဘက်မှနေ၍ ဝင်ရောက်တိုက် ခိုက်ခဲ့သည်။ ၁၆၀၀ ပြည့်နှစ်တွင် ဟံသာဝတီ ပျက်ယွင်းခဲ့ရသည်။ ဘုရားကျောင်းကန် စေတီ ပုထိုးများ ဖျက်ဆီးရုံသာမက ဌာပနာထား သော ရွှေ၊ ငွေ၊ ကြေးပစ္စည်းများကို အရည်ကျို သယ်ဆောင်ကြသည်။ ဗုဒ္ဓဘာသာဝင်များကို ဖိနှိပ်ခဲ့လေသည်။

          ထို့ကြောင့် ဟံသာဝတီနယ်သားများနှင့် မင်းဆွေမင်းမျိုးများက ရှမ်းတောင်ခြေ ပေါင်း လောင်းမြစ်ကိုဖြတ်ကျော်ပြီး ရှမ်းမြေလပ်ဒေ သအရောက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ လမ်းတစ်လျှောက် ရေကြည်ရာ မြက်နုရာများ တွင် တချို့အခြေချကြသည်။ နေရပ်စွန့်ခွာရာ လမ်းတစ်လျှောက်ကို လေ့လာရာတွင် ဆည် ခေါင်းကျေးရွာအနီး ဘုရားစေတီပုထိုးများ၊ ပွေးလှကျေးရွာအနီး ဘုရားစေတီပုထိုးပျက် များ၊ တမဲကျေးရွာအနီး စေတီပုထိုးများစွာ တို့ကို ကြည့်ခြင်းအားဖြင့် ဟံသာဝတီဘက်မှ စွန့်ခွာလာကြသော မြန်မာတို့ ဖြစ်နိုင်ကြောင်း မစ္စတာ အက်စ်အိပ်ချိဂျိုင်းစ်က ခန့်မှန်းခဲ့ဟန် တူသည်။

          ငဇင်ကာရန်ကြောင့် ဟံသာဝတီကို စွန့်ခွာလာသူများထဲတွင် ဆရာတော်ဦးနီနှင့် ဝေါမှူးကြီးအဖွဲ့သည် တမဲကျေးရွာအထိ ရောက်ရှိခဲ့ကြပြီး ဘုရားဆင်းတုတော် ၃၀၀ နီးပါး သယ်ဆောင်လာခဲ့သည်။ ထိုအထဲတွင် သမိုင်းတန်ဖိုးမဖြတ်နိုင်သော ဆင်စွယ်ယပ် တောင်၊ သီဟိုဠ်မှ ပင့်လာသော ဘုရားများ ၊ ဖောင်တော်ဦးစေတီ ငါးဆူ၊ ဒက္ခိဏသာခါ၊ ကိုယ်စားတော်၊ ပဥ္စလောဟာဘုရားနှင့် ဓာတ် တော်မွေတော်များစွာ ပင့်ဆောင်နိုင်ခဲ့သည်။ ဆရာတော်ဦးနီနှင့်အတူ ဘုရားဒါယကာ- ဒါယိကာမ ၅၀၀ ခန့် တမဲကျေးရွာအထိ လိုက် ပါလာပြီး အခြေချခဲ့သည်ဟူ၏။ ထို့နောက် အလောင်းစည်သူ တည်ထားတော်မူခဲ့သော မြစေတီဘုရားကိုလည်း ထပ်မံပြုပြင်ကာ တမဲ ရွာ၊ တမဲဘုရားအဖြစ် သမုတ်ခဲ့သည်ဟု လေ့ လာသိရှိရသည်။

          ဒက္ခိဏသာခါဘုရားသည် ပွေးလှစော် ဘွားကိုးကွယ်ရန် ပင့်ဆောင်သွားခဲ့ပြီး ခြေတစ် ဖက်ချဘုရား (မှန်ကိုယ်တော်) သည် မြန်မာ နိုင်ငံ၏ တစ်ဆူတည်းသော ဘုရားအဖြစ် တမဲ မြစေတီတွင် ပူဇော်ထားရှိသည်။ ထို့အတူ ဟံသာဝတီမင်း၏ ဆင်စွယ်ဖြင့် ပြုလုပ်ထား သော ယပ်တော်သည်လည်း လုံခြုံစွာ ထိန်း သိမ်းထားကြောင်း  သိရသည်။ မြန်မာသက္က ရာဇ် ၁၃၁၃ ခုနှစ်တွင် တမဲဘုရားစုများ ယို ယွင်းလာခြင်းကြောင့် တမဲရွာလူကြီး ဦးမာလာ ဦးဆောင်၍ ပြန်လည်ပြုပြင်မွမ်းမံခဲ့သည်။ ထိုသို့သာမက တမဲဘုရားပွဲကိုလည်း နှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပကာ တမဲတာ တက်ပွဲမှာ နာမည်ကြီးသည်။

          တမဲကျေးရွာသည် ဓနုတိုင်းရင်းသားများ နှင့် တောင်ရိုးတိုင်းရင်းသားများ ရောနှောနေ ထိုင်ကြသော ကျေးရွာဖြစ်ပြီး ဓနု၊ ဗမာ ၊ တောင် ရိုးလူမျိုးများနှင့် ဆက်စပ်တွေးယူနိုင်သော သမိုင်းအစအနများရှိရာ ဒေသဖြစ်ကြောင်း ဆရာ မင်းလွင်ဦး (အောင်ပန်း) ရေးသားခဲ့ သော  ဓနုကြေးမုံစာအုပ်တွင် မှတ်တမ်းတင် ဖော်ပြထားချက်အရ သိရသည်။

မြောက်မြေခြားရွာရှိ

ရှေးဟောင်း ဖောင်တော်ဦးဘုရားသမိုင်း

         

          ပွေးလှလမ်းအတိုင်း ဝင်ခဲ့ရာ တောင်ပေါ် တွင် ပအိုဝ်းတိုင်းရင်းသားများနေထိုင်သော မြောက်မြေခြားရွာရှိ ဖောင်တော်ဦး ရှေး ဟောင်းကျောင်းတော်ကြီးကို ရောက်သည်။ ထိုဖောင်တော်ဦးကျောင်း မှာ ထူးခြားသော သမိုင်းကြောင်းရှိကြောင်း ကျောင်းထိုင်ဆရာ တော်ထံမှ သိရသည်။ ထိုကျောင်းတိုက်ရှိ ဘုရားမှာ သိကြားမင်းကိုယ်တိုင် ကိုးကွယ်ပူ ဇော်ခဲ့သော နှစ်ပေါင်း ၂၃၀၀ သက်တမ်းရှိ ဖောင်တော်ဦးဘုရားဖြစ်သည်။

          ထိုကျောင်းတိုက်ရှိ ဘုရားခန်းတွင် ဖောင် တော်ဦးဘုရား၊ ရှေးဟောင်းဘုရားများစွာတို့ ကို ဘုရားခန်းတွင် အပူဇော်ခံထားရှိသည်။ ဘုရားဆင်းတုတော်သုံးဆူတွင် လွှမ်းခြုံထား သော ရတနာတဘက်တွင် ရှားပါးတန်ဖိုးကြီး ရတနာများ စီခြယ်ထားသည်။

          ဘုရားသမိုင်းမှာ ပုဂံပြည့်ရှင် အလောင်း စည်သူမင်းကြီးသည် အေဒီ ၁၁၁၂ ခု၊ ကောဇာ သက္ကရာဇ် ၄၇၄ ခု မင်းအဖြစ်ရောက်သော အခါ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာတော် မြတ်ကြီး ပြန့်ပွားရေးအတွက် နှစ်နိုင်ငံချစ် ကြည်ရေးပြုလုပ်ရန် အိမ်နီးချင်းနိုင်ငံများဖြစ် သော သီဟိုဠ်၊ မာလာယု၊ အိန္ဒိယ၊ ဘင်္ဂလား၊ ပဋိက္ကရားနယ်နှင့် တရုတ်ပြည် ယူနန် နယ်ရှိ နန်ချိုနိုင်ငံများသို့ ခရီးသွားရင်း သီဟိုဠ်အ ရောက်တွင် သိကြားမင်းက ရှေ့ဆက်မသွားဖို့ တားမြစ်တော်မူပြီး သိကြားမင်းသည် မိမိ အမြဲ တမ်းကိုးကွယ်ပူဇော်သော မိမိအမှတ်အသား ဖြစ်သည့် (၁) နဂါး၊ (၂) ကြာဖူးကြာရွက်၊ (၃) လိပ်၊ (၄) ငါး၊ (၅) ခရု၊ (၆) ကမာကောင်၊ (၇) ဖား ဤခုနစ်မျိုးသော အမှတ်အသားနှင့် ဘုရားဦးခေါင်းတော်၌ သီဟိုဠ်နိုင်ငံတွင် သာ သနာထွန်းကားစဉ် အမှတ်အသားဖြစ်သော ဗောဓိညောင်ရွက်ပုံပါ ဘုရားတစ်ဆူကို အလောင်းစည်သူမင်း ကိုးကွယ်နိုင်ရန် ဆက် သ ပေးသနားတော်မူခဲ့သည်။

          အလောင်းစည်သူမင်းကြီးသည် သိကြား မင်းပေးသနားသော ဘုရားကို မိမိခရီးစဉ် အသုံးပြုသော ဖောင်တော်၏ ဦးပေါင်းတွင် တင်လှူပူဇော်ကာ ပုဂံပြည် ပြန်လာခဲ့သည်။

ထိုသို့ သာသနာပြုခရီးစဉ်အတွင်း တင် ဆောင်ပူဇော်ခဲ့သောဘုရားကို ဖောင်ဦး ဘုရားဟုခေါ်ရာမှ နောင်အခါ ဖောင်တော်ဦး ဘုရားဟု ယနေ့တိုင် ခေါ်ဝေါ်နေကြခြင်းဖြစ် သည်။ ထိုစဉ်က ရှမ်းပြည်နယ်တွင် ဗုဒ္ဓဘာ သာ သာသနာတော် စည်ပင်ပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် ဖောင်တော်ပေါ်၌ ဘုရား ကိုတင်ဆောင်၍ သာသနာစောင့်နတ်၊ သမာ ဒေဝ နတ်ကောင်းနတ်မြတ်များ၏ အကူအညီ ကို ရယူကာ သစ္စာအဓိဋ္ဌာန်ပြု၍လွှတ်ရာ ဖောင်တော် ကြီးသည် ရှမ်းရိုးမတောင်တန်း ဟဲဟိုး မြေလပ် ဒေသသို့ ရောက်ရှိလာခဲ့သည်။ (ထိုစဉ်က ဟဲဟိုးလွင်ပြင်ချိုင့်ဝှမ်းသည် အင်း လေးကဲ့သို့ ရေပြင်တည်ရှိနေခဲ့သည်ဟု သိရ သည်) ထိုနေရာအရောက် အနောက်ဘက် တစ်မိုင်ခွဲခန့်တွင် မြင့်မားသော တောင်တန်း ပေါ်တွင် ဆက်လက်မ<ကတော့ဘဲ တည်ငြိမ် စွာ<ကရောက် သီတင်းသုံးတော်မူပြီး ယနေ့ တိုင် မြောက်မြေခြားရွာတွင် အပူဇော်ခံထား ရှိခြင်းဖြစ်ပေသည်။ ဖောင်တော်ဦးဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကိုလည်း နှစ်စဉ် တန်ခူးလ ဆန်း (၈) ရက် သီတင်းကျွတ်လဆန်း (၈) ရက်နေ့တို့တွင် ဘုရားများ ရေသပ္ပယ်ပူဇော် ကြပြီး မွန်းလွဲ ၂ နာရီအချိန်တွင် ရွှေသင်္ကန်း များဆပ်ကပ်လှူဒါန်းကြောင်း သိရသည်။

          သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ ၂ ရက်နေ့တို့တွင် ကျောင်းဝိုင်းအတွင်း လှည်း ယာဉ် ကရဝိက်ဖောင်တော်ဖြင့် ဘုရားများ ပင့်ဆောင်၍ဘုရားပွဲကို နှစ်ရက်တိုင် ပူဇော် ကျင်းပလေ့ရှိကြောင်း သိရသည်။

          ထိုဒေသသည် ရှေးယခင် ပွေးလှ စော် ဘွားနယ်နှင့် ညောင်ရွှေစော်ဘွား နယ်ကြား တွင်တည်ရှိသဖြင့် မြေခြားဒေသဟု ခေါ်ဝေါ် ကြောင်း သိရသည်။ ဂျပန်ခေတ်ကာလ ဗုံးကြဲ တိုက်ခိုက်ခြင်း၊ တိုက်ပွဲများကြောင့် ရွာသား များ ထွက်ပြေးတိမ်းရှောင်ကြရာ လက်ရှိ တောင်ပေါ်ဒေသ မြောက်မြေခြားကျေးရွာ နေရာ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရ သည်။ ယခင်နေခဲ့သော ကျေးရွာလေးမှာ ကင်ပွန်းချဉ်ကျေးရွာလေးဖြစ်ကာ လက်ရှိ နေထိုင်သော တောင်ပေါ် မြောက်မြေခြားရွာ လေးမှာ ဒုတိယကမ္ဘာစစ်ပြီးမှ ပြောင်းလာခြင်း ဖြစ်ကြောင်း သိရသည်။ ဟဲဟိုး-ဘော်ဆိုင်း သွားလမ်းပေါ်မှာပင် တောင်ရိုးတိုင်းရင်းသား များနေထိုင်သော တောင်မြေခြားကျေးရွာ လေးရှိပြီး ကျေးရွာနှစ်ခု ဆက်စပ်မှုမရှိ ကြောင်း ဆရာတော်က မိန့်သည်။ (ထို့ပြင် တောင်မြေခြားရွာ၊ မြောက်မြေခြားရွာ၊ ရှား ပြားအနီးတွင် မြေခြားတောင်၊ ကျုံးမြို့မ အကျော် မြင်းမူအနီး မြေခြားမြောက်ဟူ၍ မြေခြားလေးနေရာရှိကြောင်း သိရသည်)။

          အဆိုပါ မြောက်မြေခြားရွာရှိ ဖောင် တော်ဦးဘုရားကို ညောင်ရွှေတွင်ရှိသော ဖောင်တော်ဦးဘုရားနှင့်အတူ အများပြည်သူ အပူဇော်ခံထားရှိနိုင်ရန် ညောင်ရွှေစော်ဘွား ကြီးက ဖောင်တော်ဦးဘုရားကို လာရောက် ပင့် ဆောင်ရာ ဘုရားကို နေ့လယ်ဆွမ်းကပ်အပြီး ရှာမတွေ့တော့သဖြင့် ဘုရားမှာ မူလကျောင်း ဆောင်ကို ပြန်လည်ရောက်ရှိနေကြောင်း ဆရာတော်က မိန့်သည်။

          ထို့ပြင် ပွေးလှစော်ဘွားကလည်း တန်ခိုး ကြီးသောဘုရားကို အများပြည်သူ အပူဇော်ခံ ထားရှိနိုင်ရန်အတွက် လာရောက်ပင့်ဆောင် ရာ တစ်ဖက်တောင်ကြောအရောက်တွင် ထို စဉ်ကာလ နွေရာသီမှာပင် အချိန်အခါမဟုတ် မိုးအုံ့၍ တောင်ပေါ်တွင် ပျောက်ဆုံးခဲ့ရ ကြောင်း၊ ထို့ကြောင့် ပင့်ဆောင်၍ မရမှန်း သိပြီး လက်လျှော့ကာ ပြန်ခဲ့ရကြောင်း သိရ သည်။ ထို့ပြင် လူဆိုးသူခိုးများ၏ ခိုးယူမှုဒဏ် ကိုလည်းအကြိမ်ကြိမ်ကြုံရသော်လည်း ကျော် လွှားနိုင်ကာ မူလကျောင်းဆောင်မှာပင် ပြန် လည်ရောက်ရှိနေကြောင်း ကျောင်းထိုင်ဆရာ တော်ကမိန့်သည်။ (ထိုမြောက်မြေခြားကျေး ရွာလေး၏ ထူးခြားချက်များမှာ အလျဉ်းသင့် သလို ဖော်ပြသွားပါမည်။)

          ကလောမြို့နယ်၊ ဟဲဟိုးဒေသ၊ မြောက် မြေခြားကျေးရွာသည် ဓနုဒေသတွင် ပါဝင် သော ပအိုဝ်းတိုင်းရင်းသား များနေထိုင်သော ကျေးရွာလေးဖြစ်သည်။ ဖောင်တော်ဦး ကျောင်းတိုက် ဘုရားခန်းကို ဖူးမြင်သောအခါ ရှေးဟောင်းဆင်းတုတော်များစွာကို ဖူးမြင်ရ ပါသည်။ ဘုရားခန်းတွင် အမြင့်ဆုံး Óဏ် တော်တစ်ပေခွဲရှိသော ဒက္ခိဏသာခါ ဗောဓိ သားနှင့် သရက္ခန်နံ့သာနှစ်တို့ဖြင့် ထုလုပ်ထား သော ဗုဒ္ဓရုပ်ပွားတော်မြတ် သုံးဆူအနောက် တွင် ပူဇော်ထားကာ ရှေ့တွင် ဆင်းတုတော် ငယ်များစွာ ထားရှိသည်။ ထိုဘုရားဆင်းတု တော်သုံးဆူတွင် လွှမ်းခြုံထားသော ရတနာ တဘက်မှာ စော်ဘွားများ လှူဒါန်းထားသော ရတနာများဖြစ်ကာ ရှားပါး၍ တန်ဖိုးကြီးပါ သည်။ သိကြားမင်းဆက်သသော ဖောင်တော် ဦး ဘုရားကို ရွှေကြုတ်ဖြင့်ထည့်၍ ဖုံးထားကာ အုပ်ထားခြင်းဖြစ်သည်။ မင်းတုန်းမင်းလက် ထက် မြေခြားကျောင်း ဆရာတော်ဦးပုည သည် ထိုနယ်တစ်ဝိုက်တွင် သြဇာအလွန်ကြီး မားသော ဆရာတော်ဖြစ်သည်။ တိုင်းရင်း သားပေါင်းစုံ ပါဝင်ဆင်နွှဲသော ဖောင်တော်ဦး ဘုရားပွဲကိုလည်း ရှေးယခင်နှစ်များစွာကပင် စာရေးသူ ကြုံခဲ့ရဖူးပါသည်။

 

အင်္ဂလိပ် မှတ်တမ်းတင်ခဲ့သော ပွေးလှနယ်

 

          ရပ်စောက်မဂ္ဂဇင်းထဲတွင် ရှမ်းပြည်နယ် မြို့ရွာများအကြောင်း မှတ်တမ်းတင်ထားပါ သည်။ ထိုထဲတွင် ပွေးလှနယ်အကြောင်းလည်း ပါဝင်သည်။

          ပွေးလှစျေးသည် မြေလပ်နယ်တွင် အ ကောင်းဆုံးစျေးဖြစ်သည်။ ပွေးလှနယ်သည် ရှမ်းမြေလပ်နယ်တစ်နယ်ဖြစ်သည်။ ဧရိယာ ၁၀၂ စတုရန်းမိုင်ကျယ်သည်။ ငွေခွန်မှူး အုပ် ချုပ်နယ်ဖြစ်သည်။ နယ်နိမိတ်စပ်ရာမှာ မြောက်ဘက်တွင် ပင်းတယ၊ အရှေ့ဘက်တွင်  ဘော်ဆုံနှင့် ညောင်ရွှေ၊ တောင်ဘက်တွင် သာမိုင်းခမ်း၊ အနောက်ဘက်တွင် ကျုံး၊ နမ့်ခုံ၊ ကျောက်ဂူလေးရွာနယ်များဖြစ်သည်။ တစ် နှစ်လုံး စီးဆင်းသော ချောင်းမျိုးမရှိ၊ ခြောက် သွေ့သောနယ်ဖြစ်သည်။

          သောက်ရေ လုံလောက်သည်။ ၁၈၉၇ ခုနှစ်တွင် လူဦးရေ ၆၃၃၆ ဦး နေသည်။ ဓနု ၂၀၂၀ ဦး၊ တောင်ရိုး ၂၁၇၃ ဦး၊ ပအိုဝ်း ၈၆၂ ဦး၊ ဓရဲ ၃၃၀ ဦး၊ ရှမ်း ၃၇ ဦး၊ မြန်မာ ၁၀၊ ပုဏ္ဏား လေးဦး၊ စုစုပေါင်း ၆၃၃၆ ဦး ဖြစ်သည်။

          ပွေးလှနယ်ကို တိုက်နယ်လေးခု ခွဲထား သည်။ ဦးတိုက်၊ တပ်ပေါက်၊ ကျောက်ကျက်၊ မြင်းမှူး တိုက်နယ်များဖြစ်သည်။ ရွာ ၆၃၊ အိမ် ခြေ ၁၃၂၉ အိမ် ရှိသည်။ အခွန်တော် ၇၆၂၉ ကျပ် ဆောင်သည်။ နယ်ရှင်ဖြစ်ခဲ့သူများမှာ (၁) ဘိတ်နယဗိုလ် ၁၇၅၁ ခုနှစ် အုပ်စိုး၊ (၂) မောင်ရွဲ (၁ ၏သား)၊ (၃) မောင်ဦး (၂  ၏သား)၊ (၄) မောင်ဝန် (၃ ၏ ဘထွေး)၊ (၅) မောင် ကောင်း (၄ ၏သား)၊ (၆) မောင်ကျောက်- ၁၈၃၉ ခုနှစ် အုပ်စိုးသည် (၃ ၏ညီ)၊ (၇) မောင် လောမ ၁၈၃၅ (၆ ၏သား)၊ (၈) မောင်ဖိုးသိန်း (၁၈၅၅) ၇ ၏ညီ၊ (၉) မောင်ရွဲ ၁၈၇၅ (၈ ၏ဘထွေး)၊ (၁၀) မောင်စောညွန့်၊ အေ၊ တီ၊ အမ် ဘွဲ့ရ ၁၈၈၆ (၉ ၏သမက်) ဖြစ်သည်။

          ပွေးလှရွာသည် ငွေခွန်းမှူးရုံးစိုက်ရာ နေရာဖြစ်သည်။ ၁၈၉၇ ခု တွင် ပွေးလှ၌ အိမ် ၂၂၆၊ လူဦးရေ ၁၁၀၃ ဦး နေသည်။ အခွန် တော်ဆောင်ရသော အိမ် ၉၄ အိမ်သာရှိ သည်။ တစ်နှစ်အခွန်တော် ၉၆၃ ကျပ် ၈ ပဲ ဆောင်သည်။

 

ကျုံးနယ်

 

          မြေလပ်ဒေသမှ နယ်ငယ်တစ်ခုဖြစ် သည်။ စတုရန်းမိုင် ၂၄ ဒဿမ ၃၈ ကျယ် သည်။ တစ်နယ်လုံးမြက်လွှမ်းတောင်ကုန်း ပေါများသည်။ အလွန်ခြောက်သွေ့သည်။ ချောင်းမတွေ့ရသလောက်ဖြစ်သည်။ တွင်း နှင့် ကန်နှင့်သာ ရေသုံးသည်။ ၁၈၉၇ ခုနှစ် တွင် အိမ်ခြေ ၅၀၃ အိမ်၊ လူဦးရေ ၂၁၄၂ ရှိ သည်။ ကျုံးရွာတွင် ၁၈၉၇ ခုနှစ်၌ ၅၈ အိမ်၊ လူ ၂၄၃ ဦးနေထိုင်သည်။

 

၁၈၉၅ ခုနှစ် ရှမ်းပြည်နယ်

 

          ၁၈၉၅ ခု ဇူလိုင်လတွင် ရှမ်းပြည်နယ်ကို ဗြိတိသျှအစိုးရက အုပ်ချုပ်ရေး နယ်မြေအပိုင်း သတ်မှတ်ချက်မှာ မြောက်ပိုင်း နှင့် တောင်ပိုင်း ခွဲခြားထားကြောင်း ရပ်စောက်မဂ္ဂဇင်း ဖော်ပြ ချက်အရသိရသည်။

          မြေလပ်နယ်ကို ရှမ်းပြည်နယ်တောင် ပိုင်း အရေးပိုင်နှင့် နိုင်ငံရေးအရာရှိက အုပ် ချုပ်သည်။

          မြေလပ်မြို့စားနယ်မှာ (၁) ဘော်နင်း ဖြစ်သည်။ မြေလပ် ငွေခွန်မှူးနယ်များမှာ (၁) ရွာငံ၊ (၂) ပွေးလှ၊ (၃) ဘော်ဆိုင်း၊ (၄) နမ့်ခုံ၊ (၅) ပင်မှီ၊ (၆) လွယ်မော၊ (၇) နမ့်တုတ်၊ (၈) ကျောက်ဂူလေးရွာ၊ (၉) ပင်းတယ၊ (၁၀) ကျုံး၊ (၁၁) သာမိုင်းခမ်း (မကွေနယ်၊ လွယ်အံနယ်၊ တောင်လားနယ်၊ မင်ဘိနယ် ပါဝင်)၊ (၁၂) လွယ်အဲ ၊ (၁၃) နမ့်ခဲ ၊ (၁၄) ဘော်တို့ဖြစ် သည်။

          မိုးမိတ်နယ်နှင့် ထိုနယ်အတွင်း ပါဝင် သော မိုးလှိုင်းနယ်၊ ခမ်းတီးလုံနယ်များကို ရှမ်းပြည်မြောက်ပိုင်းအရေးပိုင်က အုပ်ချုပ် သည်။

          ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ၁၈၉၅ ခုတွင် ရွာငံ၊ ပင်းတယ၊ ကျုံး၊ ပွေးလှသည် မြေ လပ်မြို့စားနယ်များဖြစ်ကြောင်း သိနိုင်သည်။ မြန်မာအခေါ် မြို့စား ၊ ရှမ်းအခေါ် ငွေခွန်မှူး ဟု ခေါ်ကြောင်း ဆရာကြီး သိန်းသန်းထွန်းက ပြောသည်။ ဆက်လက်ရှင်းပြသည်မှာ ဘော် ဆိုင်းမြို့၊ ရွာဟောင်းရှိ ရှေးဟောင်း ရပ်တော်မူ ဘုရားမှာ ညောင်ရမ်းခေတ်လက်ရာ၊ ပွေးလှ ဘုရားများမှာ ကုန်းဘောင်ခေတ်လက်ရာဖြစ် ကြောင်း ဆရာကြီးသိန်းသန်းထွန်းက ပြော သည်။ ပွေးလှဘုရားများကို တဖြည်းဖြည်းတစ် ဆူချင်းတည်ခဲ့ရာ တစ်စစများပြားလာခြင်း ဖြစ်ကြောင်းပြောသည်။ မြေလပ်ဒေသရှိ ကျန် စစ်သားနှင့် သူရဲကောင်းလေးဦးတို့၏ ဇာတ် လမ်းများမှာ ဒဏ္ဍာရီများသာဖြစ်ကြောင်းဆို သည်။ ကျန်စစ်သားသည် ရှမ်းပြည်ဘက် ထွက်ပြေးလာစဉ် သခွားသီးခင်းအတွင်း ခူး စားစဉ် ခြံပိုင်ရှင်အမျိုးသမီးနှင့် ငြင်းကြ ခုံကြရင်း လင်မယားဖြစ်ခဲ့ကြောင်း ပါးစပ်ရာ ဇဝင်ရှိကြောင်း ဆိုသည်။

          ပွေးလှနယ်၏ သမိုင်းကြောင်းများမှာ စိတ်ဝင်စားဖွယ်ကောင်းသလို လေ့လာမကုန် အောင် များပြားလှပါသည်။ ဆက်လက်၍ လည်း ထိုနယ်တစ်ဝိုက် သမိုင်းကြောင်းများကို လေ့လာတင်ပြသွားမည်ဖြစ်ကာ ပင်းတယ ရောက်ခဲ့လျှင် ပွေးလှကိုလည်း လည်ပတ်နိုင် မည်ဖြစ်ပါကြောင်း ယခုခရီးသွားဆောင်းပါး လေးဖြင့် ပွေးလှအကြောင်း မှတ်တမ်းတင် ဖော်ပြလိုက်ရပါသည်။